ရှောင်းကျန့် shoe ဖိနပ်အဖြူရောင်လေးကို သေသေချာချာ စီးပြီးတာနဲ့ မက်တပ်ထရပ်လိုက်သည်
" မား ကော ကျန့်ကျန့် သွားပြီနော် "
အိမ်ပေါက်ကနေ လှမ်းနှုတ်ဆက်လိုက်ပြီးတာနဲ့ ထွက်လာခဲ့လိုက်သည်
လွယ်အိပ်ရဲ့ ကြိုးစနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်းထားရင်း မြောက်ကြွမြောက်ကြွ လမ်းလျှောက်နေတဲ့ ရှောင်းကျန့်က တက္ကသိုလ်ကျောင်းသားနှင့် မတူပဲ အထက်တန်းကျောင်းသားလေးနဲ့ဆင်တူနေသည်
ဂျင်းပန်လေးနှင့် အတွင်းက စပို့ရှပ်အဖြူရောင်လေးခံကာ မိုးပြာရောင်ရှပ်လက်ကလေး ထပ်ဝတ်ထားတာမို့ နံနက်ခင်းရဲ့ကြည်စင်နေတဲ့ ကောင်းကင်နဲ့အပြိုင် နှစ်လိုဖွယ်ကောင်းလှ၏
ရှောင်းကျန့် bus stop ရောက်တာနဲ့
သူစီးနေကျ ဘတ်စ်ကားထက်ကြိုရောက်နှင့်နေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရတာမို့ ရိပေါ်အနားရောက်အောင် ခပ်သွပ်သွပ်ကလေး ပြေးသွားမိ၏" ဖြေးဖြေးလာပါ ကိုယ့် အသည်းရဲ့ ချော်လဲနေပါ့မယ် "
မိုးရွာထားတာမို့ လမ်းကအနည်းငယ်ချောနေတာကြောင့် ဝမ်ရိပေါ်က သတိပေးစကားဆိုတော့ ရှောင်းကျန့်က မျက်လုံးလေးတွေ ကွေးကွေးလေးဖြစ်သွားတဲ့ထိ ရယ်ပြလာသည်
" ရောက်နေတာကြာပြီလား "
" သိပ်မကြာသေးပါဘူး
ကိုယ်စကားနားထောင်တယ်နော်
အိမ်ရှေ့ထိလာမကြိုဘူး "မနေ့က အိမ်ပြန်လိုက်ပို့တဲ့အချိန်က
ဝမ်ရိပေါ်က မနက်လာကြိုမယ်ပြောတော့
ရှောင်းကျန့်က မားနဲ့ကောသိမှာဆိုးလို့ အိမ်ကိုတော့ လာမကြိုဖို့ မှာထားတာကြောင့် ပြောလာခြင်းဖြစ်သည်" အင်းပါ လိမ္မာတယ် "
ရှောင်းကျန့်က ထပ်မံပြုံးရယ်လိုက်ပြန်ရင်း ပြောလာခဲ့သည်
" အဲ့ဒါဆို ဆုချ "
" ဟင် ဘာကို "
ရှောင်းကျန့်က နားမလည်သလို အူကြောင်ကြောင်လေး ကြည့်လာတော့ ဝမ်ရိပေါ်က သူ့ပါးတစ်ဖက်ပေါ် လက်ညိုးလေးနဲ့ တို့ပြလိုက်ရင်
KAMU SEDANG MEMBACA
Finding the present in the past
Fiksi Penggemarရှောင်းကျန့် ငါတို့ဒီကနေ ထွက်ပြေးကြမလား