" မား ကျွန်တော် ပြန်ရောက်ပြီ "
ရှောင်းကျန့်က အိမ်ပြန်ရောက်တဲ့အခါတိုင်း
ပြန်ရောက်ကြောင်း သတိပေးတတ်တဲ့အကျင့်လေးရှိ၏" တစ်ယောက်ထဲ ပြန်လာတာလား အားကျန်းရော "
ရှောင်းကျန့် ဖိနပ်ကုန်းချွတ်နေတုန်း ထမင်းစားခန်းထဲက ထွက်လာဟန်ရှိတဲ့ မားက အမေးရှိလာသည်
" ဟုတ်မား ကောက နောက်ကျမယ် ပြောတယ် ရုတ်တရက် မီတင်(meeting)ရှိလို့တဲ့ "
" အော် ... ဟုတ်ပါပြီ သား သွားနားလေ မားပန်းပင်လေးတွေဘက် သွားကြည့်ဦးမယ် "
" ဟုတ်မား "
" မား ဒါနဲ့ "
ရှောင်းကျန့်က မားကသူ့ကိုကျော်လို့ အိမ်အပြင်ရောက်သွားမှ ခေါ်လာတာကြောင့် ရှောင်းမားက လှည့်ကြည့်လို့လာသည်
" ကျူးလစ်တွေက ပွင့်ပြီလား "
သူ့အမေးရှိလာတဲ့အခါ မားက ပြုံးလို့ အသာခေါင်းယမ်းပြသည်
" ပွင့်ဖို့ အချိန်လိုသေးတယ်လေ နောက်လထဲ လောက်မှ ပွင့်မယ် ထင်တယ် ဘာလို့လဲ သားငယ်"
" ဟင့်အင် ဒီတိုင်းမေးကြည့်တာပါ "
" ဟုတ်ပါပြီ သွားနားတော့ "
ရှောင်းကျန့်က ပြုံးလို့ခေါင်းငြိမ့်ပြတဲ့အခါ ရှောင်းမားက ပန်းခြံလေးဘက်သို့ ထွက်သွား၏
.......
" ကောက ဘယ်အချိန်အထိ ဒီမှာနေရမှာလဲ "
ထမင်းစားနေရင်း ရှောင်းကျန့်က အမေးရှိလာတဲ့အခါ ကျန်းဟန်က ထမင်းစားလက်စကို ရပ်လို့ တူကို ဘေးချကာ ရေသောက်ပြီးမှာ ရှောင်းကျန့်ကို ကြည့်လာသည်
ကောက အဲ့သည်လိုပဲ စည်းစနစ်ရှိလွန်းသည်
" ကောရဲ့ဒီကအလုပ်တွေ မပြီးပြတ်မချင်း နေရမယ် ထင်တယ် ဘာလို့လဲ ကျန့်ကျန့်က ကောရှိနေတာ အဆင်မပြေဖြစ်လို့လား "
ကျန်းဟန်ရဲ့ စကားကြောင့် ရှောင်းကျန့်မှာ ခြေတစ်ခါခါ လက်ခါခါနဲ့ ငြင်းလာ၏
" အာ ကောကလည်း မဟုတ်ပါဘူး ကျန့်ကျန့်က ဒီတိုင်းသိလျင် လို့ မေးကြည့်တာပါ ဒါကလည်း ကောရဲ့အိမ်ပဲကို ကောနေချင်သလောက် နေ လို့ရပါတယ် "