(2)Unicode

969 110 9
                                    

ညနေရဲ့လေပြည်က သွဲ့သွဲ့ညှင်းညှင်း။အိပ်တန်းပြန်ငှက်တွေဟာတော့ ခွိုက်ကျန်းအိမ်တော်ခေါင်မိုးထက်မှာ အုံဖွဲ့ကျင်းလို့ရယ်။

ရိပေါ် လက်သီးကိုဆုပ်လိုက်ဖြန့်လိုက်လုပ်နေတယ်။ စိတ်လှုပ်ရှားစွာနဲ့ ရပ်စောင့်နေတုန်း သမားတော်ကျိုက အခန်းထဲကနေ ပျာယီးပျာယာထွက်လာတော့တာပဲ။ ရိပေါ် လည်း အသင့်အနေအထားဖြစ်သွားရပြီး ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ရုံပဲရှိသေး သမားတော်ကျိုက ရိပေါ်အနားထိ စွေ့ခနဲတိုးကပ်လာပြီပဲဖြစ်ပါတယ်။

"အိမ်တော်သခင်"

သမားတော်ကျိုက လေသံကိုနှိမ့်ပြီး​ခေါ်လာတာမို့ ရိပေါ် မျက်ခုံးတန်းတွေ ပင့်တက်သွားရတယ်။
သမားတော်ကျိုကတော့ မလုံမလဲဟန်နဲ့ ဟိုဒီဝေ့ဝဲကြည့်ပြီးတဲ့နောက် ရိပေါ်ကြားသာရုံခပ်တိုးတိုးပြောလာပါတော့တယ်။

"အိမ်တော်သခင်...ရှောင်ဝမ်ရယ်က ခေါင်းဒဏ်ရာကြောင့် လောလောဆယ် မှတ်ဉာဏ်ပျောက်ဆုံးသွားကြောင်းပါ..."

"ဟမ်..."

"ဟုတ်ပါတယ် အိမ်တော်သခင်"

"ဒါက ဘယ်လိုအခြေအနေမျိုးလဲ... စိုးရိမ်ရတယ်မဟုတ်လား"

"ကျွန်တော်လည်း ဒီလိုအခြေအနေမျိုးမကြုံဖူးသေးပေမဲ့ စိုးရိမ်စရာကြီးကြီးမားမားတော့ မရှိလောက်ပါဘူး...မှတ်ဉာဏ်ပျောက်ဆုံးတာက ယာယီလောက်ပါပဲ"

သမားတော်ကျိုက စိတ်အေးစေဖို့ပြောနေပေမဲ့ ရိပေါ်ကတော့ မျက်မှောင်ကိုသာကြုတ်ထားမိတော့တာပါပဲ။ သက်ပြင်းကိုလည်း အခါခါချနေမိပါတယ်။ရှောင်ဝမ်ရယ်တစ်ပါးလုံးကို ခင်ပွန်းဖြစ်သူက ဘယ်လောက်ထိ ဂရုမစိုက်မှန်း လူတွေပြောစရာဖြစ်ကုန်ရင်အခက်ပဲ။

ရှောင်ဝမ်ရယ်ကိုယ်တိုင်ကလည်း နဂိုကတည်းက အေးအေးချမ်းချမ်းဆိုပေမဲ့ ရိပေါ်ကိုဆို သိသိသာသာကို ခပ်တန်းတန်းဆက်ဆံလေ့ရှိတာမို့ သူတို့ကြားကဆက်ဆံရေးဟာ သို့လောသို့လော​ဝေဖန်ခံနေရတာကြာပေါ့။အခု ဒီသတင်းသာပေါက်ကြားသွားရင် သူ ကွမ်ရှီးဝမ်ရယ်အပေါ်အများကြီး အပြစ်ကြွေးတင်သွားတော့မှာ။နောက်ပြီး သူ့အမျိုးသားလေး ရှောင်ဝမ်ရယ်အပေါ်ရောပဲ။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now