(5)Unicode

616 91 7
                                    


မနက်ခင်းနေခြည်အလင်းတန်းလေးတွေက အိပ်ခန်းကျယ်ထဲ တတိတိတိုးလျှိုဝင်ရောက်လို့နေတယ်။ညက အုန်းအုန်းခြိမ့်ခြိမ့်သည်းခဲ့တဲ့မိုးဟာ အခုကျ သူမဟုတ်တဲ့အတိုင်း လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ။ ဒါပေမဲ့လည်း သစ်ရွက်ဖျားတွေပေါ်တင်ကျန်ရစ်တဲ့ ရေသီးရေပွင့်တွေကို လက်စဖျောက်ဖို့ မေ့လျော့နေခဲ့တာတော့ အသေအချာပါပဲ။

သူနိုးလာတော့ နွေးထွေးတဲ့တစ်စုံတစ်ရာဆီ တိုးလျှိုခိုဝင်မိလျက်သားအနေအထားနဲ့။လူက အိပ်ချင်မူးတူးဖြစ်နေတုန်းမို့ အဲ့ဒီနွေးထွေးမှုဆီ နှာသီးဖျားလေးနဲ့ ပွတ်သပ်ပစ်လိုက်မိတာ အခါခါရယ်။

"အွန်းး"

အီအီကလေးဆွဲပစ်လိုက်တဲ့ သံရှည်က အိပ်မှုန်စုံမွှားအခြေအနေမို့ တိုးတိုးလေးပဲထွက်လာတယ်။အတော်ကြာတော့မှ စင်းကျနေတဲ့မျက်တောင်ရှည်တွေကို တဖျတ်ဖျတ် ပုတ်ခတ်လိုက်ပါတယ်။မြင်ကွင်းဟာ ဝေဝေဝါးဝါးကနေ ပြတ်သားတဲ့အထိ ရုပ်လုံးပေါ်တယ်။ သေချာတာက ဒီနူးညံ့နွေးထွေးတဲ့အရာဟာ ပိုးပျော့ဝတ်ရုံလျော့တိလျော့ရဲလွှမ်းထားတဲ့ ရင်အုပ်ကျယ်ကျယ်ဖြစ်လို့နေတာပဲ။

"ဟင်"

ဖွေးလွပြီး ကြံ့ခိုင်သန်မာတဲ့ ရင်အုပ်ကြွက်သားတွေက သူ့မြင်ကွင်းထဲ ထင်ထင်ရှားရှားဝင်ရောက်လာတယ်။ ယောကျ်ားဆန်တဲ့ရနံ့သင်းသင်းဟာလည်း နှာသီးဖျားဆီ ဝေ့ဝဲလာပါရဲ့။ဒါနဲ့ ဒါက ဘယ်သူ့ရင်ဘတ်ကြီးလဲ။သူကရော ဘာလို့ ချိုချိုဆာတဲ့ကလေးပေါက်စလို ဒီရင်ဘတ်ကြီးထဲ မျက်နှာအပ်နေရတာလဲ။

အတွေးနဲ့အတူ ခပ်သွက်သွက်ထဖို့ပြင်တော့ သူ့ဒူးခေါင်းက တစ်စုံတစ်ရာနဲ့ပွတ်သီမိသွားတယ်။အတွင်းဝတ်အလွှာတွေခြားနေပေမဲ့ ပုံစံအနေအထားအရ ကျစ်လျစ်မာကြောတဲ့အချောင်းသဏ္ဌာန်မျိုးပဲ။ မဟုတ်မှ.....

"မလှုပ်နဲ့"

သူဆန်းစစ်လို့တောင်မဆုံးသေး သူ့ခေါင်း​ေပါ်ကနေ အက်ရှတဲ့အသံဩဩက
ရုတ်ချည်းထွက်ပေါ်လာတာမို့ တုံ့ခနဲဖြစ်သွားရတယ်။တစ်လက်စတည်း ခေါင်းထဲမှာလည်း ကျဉ္ခနဲဖြစ်သွားပြီပဲဖြစ်ပါတယ်။မာကြောတဲ့ အရာနဲ့ထောက်ပြီး မလှုပ်ဖို့တားမြစ်သံ။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now