ဟိုဆော့တစ်ယောက်အိပ်ရာနိုးတာနဲ့ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်မိသည်။
"ဒီနေ့တော့ ရာသီဉတုသာယာတာဘဲ"
မျက်နှာသစ်ပြီးတာ အိမ်ဘေးဘက်ကိုထွက်လာခဲ့သည်။အစကဟိုတယ်မှာတည်းမလို့စီစဉ်ထားသောလည်း တစ်ဝမ်းကွဲအစ်မ ဆယ်နာက ပြင်သစ်မှာအခြေချနေထိုင်သူမို့ သူစီစဉ်ပေးသော အိမ်တွင်သာနေထိုင်စေသည်မို့ ဟိုဆော့လဲမငြင်းလိုတော့ပေ။
အိမ်ရဲ့ဘေးဘတ်ပန်းပင်များစိုက်ပျိုးထားသည်။အိမ်အနောင်ဘက်တွင် ကျူးလစ်ပန်းခင်းများစိုက်ထားသော ခြံများကိုတွေ့မြင်ရသည်။သို့သော်ဟိုဆော့ကနေကြာပန်းသာကြိုက်သည်။လေပြည်လေးများတိုက်ခတ်သောအခါနှာခေါင်းထဲတိုးဝင်လာသော လာဗင်ဒါး ပန်းရနံ။ဒီနားမှာ လာဗင်ဒါစိုက်ခင်းမရှိဘဲ အဘယ်ကြောင့် လာဗင်ဒါပန်းရနံရနေသည်ကိုတော့ ဟိုဆော့မတွေးတက်တော့ပေ။
ဟို့ဆော့အိမ်ထဲပြန်ဝင်ခါနီး ခြံတခါးဝမှာတွေ့လိုက်ရတဲ့ လူရိပ်ကြောင့်
"ခင်ဗျာ ဟိုလူမလား
ထီးရောင်းဆိုတဲ့သူမလား"ဟိုဆော့စကားကြောင့်ထယ်ယောင်းမျက်ခုံးများတွန့်ချိုးကာ
"ထယ်ယောင်း ငါနာမည်ထယ်ယောင်း"
"ဟုတ်သားဘဲ sorry မေ့သွားလို့ ထီးလာယူတာလား။ကျွန်တော်သွားယူပေးမယ်"
အိမ်ထဲပြေးဝင်သွားတဲ ဟိုဆော့ကိုထယ်ယောင်းလိုက်ငေးကြည့်မိသည်။ Hoodieအစိမ်းရောင်ခပ်ပွပွဝတ်ဆင်ထားသော ထိုကောင်လေးကနတ်သူငယ်တစ်ယောက်လိုပင်။ခဏနေတော့ ထီးဖြင့်ပြန်ထွက်လာသည်။သို့သော်ထီးပေါ်မှာတွေ့လိုက်ရတဲ့အရာတစ်ခု
"အဲ့တာကျွန်တော်လက်ကမျဉ်းထားတာ ခင်ဗျားမကြိုက်ရင်ကျွန်တော်ထီးအသစ်ဝယ်ပေးမယ်"
ထီးပေါ်မှာ နေကြာပန်းပုံစံထိုးထားပြီးအောက်နားမှာhopeဟုရေးထားသည်။
"သဘောကျတယ်"
"ခင်ဗျာ သဘောကျလို့တော်သေးတာပေါ့"
သွားဖြူဖြူလေးများပေါ်နေအောင်ရယ်ပြနေတဲ့ကောင်လေး။
"လှတယ်"
YOU ARE READING
ဤရင်ခွင်ထဲ မနွမ်းခဲ့သောအချစ်ပန်း
Romance(Vhope) ကျိန်စာသင့်နေတဲ့မှင်စာလေးTaehyung၊ ပြင်သစ်နိုင်ငံပဲရစ်မြို့ကိုလေ့လာရေးထွက်လာတဲ့hoseok taehyungကျိန်စာကပြန်ပြေပါမလား။