part-4

75 12 0
                                    

ထာ်ယောင်းသတိရလာတော့ နှာခေါင်းထဲတိုးဝင်လာတဲ့ ဆေးရနံကြောင့်ဆေးရုံရောက်နေမှန်းသိလိုက်ရသည် ။ဘေးကိုကြည့်လိုက်တော့ စာအုပ်ထိုင်ဖတ်နေတဲ့ဟိုဆော့။

"အဟမ်း!"

"သတိရလာပြီးလား ဘယ်နေရာအဆင်မပြေဖြစ်နေတာလဲ"

သူကိုစိတ်ပူနေတဲ့ဟိုဆော့ပုံစံက ညှိုယူနိုင်လွန်းလှသည်။

"အဆင်ပြေပါတယ်"

"တစ်ကယ်ရော အဆင်ပြေရဲ့လား"

"တစ်ကယ်အဆင်ပြေပါတယ် ဒါနဲ့ကျွန်တော်ကိုဆေးရုံပို့ပေးလို့ကျေးဇူတင်ပါတယ်"

"ရပါတယ်"

"ကျွန်တော် ဆေးရုံကဆင်းချင်တယ် "

"သတိရလာပြီး ဆိုတော့ဆင်းလို့ရပါပြီး ဆရာဝန်ကဘာရောဂါမှမရှိဘူးပြောတယ် ဒါပေမယ့် ကျွန်တော်အရှေ့မှာခင်ဗျာ သွေးတောင်အန်တာလေ"

"အဲ့တာက အပူများလို့သွေးလျှံတာပါ"

"သွေးလျှံရင်နှာခေါင်းကထွက်"

"ဟိုဆော့"
ဟိုဆော့စကားမဆုံးမီ နာမည်ဖြတ်ခေါ်လိုက်တဲ့ ထယ်ယောင်း။

"ဗျာ"

"ကျွန်တော် ဗိုက်ဆာတယ်"

တစ်ကယ်တော့ ထယ်ယောင်းဗိုက်မဆာပါ။ဟို‌ဆော့ လျှောက်တွေးနေမည်ဆို၍ခေါ်လိုက်ခြင်းဖြစ်သည်။သွေးအန်တာက ကျိန်စာကြောင့်ဆိုတာ မသိစေခြင်း၊သိရင်လည်းယုံမည်ဟုမထင်ပေ။

"ဒါဆို ဘာစားချင်လဲ"

"ဘာဖြစ်ဖြစ်ရတယ် ဒါမှမဟုတ် ကျွန်တော်ဆေးရုံးကဆင်းလို့ရပြီးဆို့တော့ အတူတူတစ်ခုခုသွားစားရအောင်"

"သွားကြတာပေါ့"

___________________

"ခင်ဗျာ ကျွန်တော်ကိုလွှတ်စမ်း"

"သွေးစာချုပ်ချုပ်ထားတာ မမေ့နဲ့ကြောင်ပေါက်"

နမ်ဂျွန်းစကားကြောင့် ယွန်ဂီနှုတ်ခမ်းဆူကာ

"အဲ့တာနဲ့ လူကိုအသားယူစရာလား"

"အသားယူတာ မဟုတ်ပါဘူး ကြောင်ပေါက်ကကိုယ်အပိုင်ဘဲလေ "

"ခင်ဗျာ"

"လာခဲ့ ကြောင်ပေါက်မင်းအပြင်လောကကိုမတွေ့ဖူးတာကြာပြီးမလား ကိုယ်မင်းကိုလူလောကလိုက်ပြမယ်"

ဤရင်ခွင်ထဲ မနွမ်းခဲ့သောအချစ်ပန်းWhere stories live. Discover now