PART 1

3K 225 21
                                    

[Unicode]

"လူတိုင်းတပ်မက်လိုချင်နေတဲ့ Coraline...ဟက်!..အသေကောင်အတိုင်းပဲ"

Necktieကိုစည်းနေရင်း ခပ်လှောင်လှောင်ပြောတဲ့စကားသံကိုကြားတယ်။သူ့လက်ချောင်ရှည်ရှည်တွေက အိပ်ယာခင်းကိုဆွဲဆုတ်လိုက်မိတယ်ထင်ပါရဲ့။

ဘေးဘက်လှည့်ထားတဲ့သူ့မျက်နှာ။မျက်ရည်တွေက နှာရိုးကိုဖြတ်ပြီးစီးဆင်းသွားတယ်။ဒီမျက်ရည်တွေက ဝမ်းနည်းဒေါသကြောင့်ကျတာ။

လှုပ်မရအောင်နာကျင်ကိုက်ခဲနေတဲ့သူ့ခန္ဓာကိုယ်က အခုချိန်ထိအဝတ်တွေကင်းမဲ့နေတုန်းပဲ။တစ်ကိုယ်လုံးဟာ ရစရာမရှိအောင်ညစ်ပတ်စုတ်ပြတ်နေဆဲပဲ။

"လုံလုံလောက်လောက်ထည့်ပေးထားတယ်...နောက်ထပ်လာမနွယ်နဲ့"

အိပ်ယာဘေးတင်ပေးသွားတဲ့ချက်လက်မှတ်တစ်စောင်။ဒီညအတွက်တန်ကြေးဖြတ်ပေးသွားတာလား။

ကျောခိုင်းပြီးအခန်းထဲကနေထွက်သွားတဲ့သူက သူ့ကိုနဲနဲလေးတောင်ငှဲ့မကြည့်သွားခဲ့ဘူး။ အခန်းထဲမှာသာ black coffee နံ့ pheromone တွေတစ်စွန်းတစ်စကျန်ရှိမနေရင် ထွက်မသွားဖို့တားမိလိမ့်မယ်။အခုတော့ ရှိပါစေ။

သုညအရေအတွက်တွေအများကြီးပါတဲ့ချက်လက်မှတ်ကိုယူပြီး တစ်စစီဆုတ်ဖြဲပစ်လိုက်တယ်။

မယူဘူး Jeon...။
ငါ့ကို လူတိုင်းသုံးနေကျ One Night Standတွေလိုလာမဆက်ဆံနဲ့။ ငါကသူတို့နဲ့မတူဘူး။

တစ်ခါသုံးပြီး စွန့်ပစ်လို့ရတဲ့ အပေါစားအမှိုက်သာသာလိုဟာတွေနဲ့ ငါ့ကိုတစ်တန်းတည်းမထားစမ်းနဲ့။

မင်းအနားကိုရောက်ဖို့တိုးဝှေ့နေကြတဲ့သူတွေထက်  ငါဟာ အရင်ကတည်းက မင်းကိုအဝေးကနေငေးကြည့်ပြီးကျေနပ်နေခဲ့တဲ့သူပါ။ စိတ်ချပါ Jeon... ငါက ဒီညကို လျှို့ဝှက်ချက်အဖြစ်နဲ့ ငါ့နှလုံးသားမှာပဲ တစ်သက်လုံးထည့်သိမ်းထားမှာ။

မင်းနဲ့နွယ်ဖို့ဆိုတာ ဒီဘဝမှာ ငါဘယ်တော့မှကြိုးစားမှာမဟုတ်တဲ့အရာပဲ Jeon။

___________________

နှင်းဖြူဖြူတွေကျဆင်းနေတဲ့ Moroniမြို့တော်ရဲ့မနက်ခင်း။

𝐂𝐎𝐑𝐀𝐋𝐈𝐍𝐄 : 𝑇ℎ𝑒 𝑁𝑎𝑚𝑒 𝑂𝑓 𝑇ℎ𝑒 𝑅𝑜𝑦𝑎𝑙 𝐶𝑜𝑠𝑜𝑟𝑡 [Complete]Where stories live. Discover now