PART 2

2.2K 202 22
                                    

[Unicode]

_______________

အစည်းအဝေးအပြီး အိမ်တော်သို့ပြန်လာချိန်၌ ခြံဝင်းထဲကားဝင်ဝင်ချင်း မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။

အဖြူရောင်ရေပန်းရှိသည့်ကန်ဘေး၌ မတ်တပ်ရပ်ကာ ကန်ဘောင်ဘေးမှပန်းတို့အားကြည့်နေသည့် Zander...။

အိမ်တော်အရှေ့ထိကားကိုမမောင်းခိုင်းတော့ဘဲ ထိုနေရာ၌ရပ်စေလိုက်သည်။ကားပေါ်မှဆင်းကာ Shin Hwa ရှိနေသည့်အိမ်တော်အရှေ့နှင့်ဆန့်ကျင်ဘက် Greenhouse ဘက်သို့ လျှောက်လာလိုက်၏။

"Hey... Emmanuel... မင်း ငါ့ကိုမမြင်ချင်ယောင်ဆောင်သွားတာလား..."

အနောက်မှအော်ခေါ်သံနဲ့အတူ ပြေးလိုက်လာသည့်ခြေသံကိုကြားလိုက်ရတယ်။

"ကျစ်!"

စိတ်ညစ်ညစ်နဲ့ကျစ်တစ်ချက်သပ်လိုက်ကာ Greenhouse ဘက်သို့သာ ခပ်မြန်မြန်သွားနေမိတော့...

"မင်းရပ်နော် Emmanuel...အခုရပ်"

ကရောသောပါးအော်ခေါ်နေသည်မို့ Jungkook ခြေလှမ်းတွေကိုရပ်လိုက်ရတော့သည်။သက်ပြင်းတစ်ချက်ချကာ လှည့်လိုက်တော့ Zander က ပြေးလာနေရင်းမှပြုံး၏။

"အမေ့...အာ့..."

သူ့အနားရောက်ခါနီး မြက်ခင်းပေါ်ခြေခေါက်ပြီးလှဲသည့် Zander က တစ်ကယ်ကို လုပ်လိုက်ရင်အမြဲတမ်း တလွဲတချော်။ Jungkook မထူဘဲဒီတိုင်းသာ လက်အနောက်ပစ်ပြီးရပ်ကြည့်နေလိုက်တယ်။

ဒူးပွတ် တံတောင်ပွတ်ဖြင့်ထလာကာ သူ့ကိုလက်ညှိုးထိုးလျက်...

"မင်း...မင်း...ငါ့ကို ဟန်ဆောင်ပြီးတောင်လာမထူနိုင်ဘူးလား..."

နှုတ်ခမ်းတစ်တောင်လောက်စူထွက်လာကာ အပြစ်တင်စကားဆို၏။

"ကိုယ့်ဘာသာ‌အသွားအလာမတတ်လို့ ခြေခေါက်လှဲတာ...ထူပေးစရာလား...အမြဲတမ်းကပျက်ကချော်နဲ့"

"မင်းနဲ့စေ့စပ်ထားတဲ့သူကို အဲလိုပဲပြောနေတော့မှာလား...အကြင်နာတရားခေါင်းပါးလိုက်တဲ့ Crown prince..."

Emmanuel က နှုတ်ခမ်းတစ်ချက်တွန့်ကာပြုံးရင်း သူ့အရှေ့တစ်လှမ်းတိုးသည်။သူ့လက်ညှိုးတစ်ချောင်းဖြင့် နဖူးအားတွန်းလျက်...

𝐂𝐎𝐑𝐀𝐋𝐈𝐍𝐄 : 𝑇ℎ𝑒 𝑁𝑎𝑚𝑒 𝑂𝑓 𝑇ℎ𝑒 𝑅𝑜𝑦𝑎𝑙 𝐶𝑜𝑠𝑜𝑟𝑡 [Complete]Where stories live. Discover now