PART 3

2.6K 214 21
                                    

[Unicode]
________________

"Crown prince...ကျေးဇူးပြု၍ ကျွန်တော့်ကိုအောက်ချပေးပါ...တောင်းပန်ပါတယ်"

Alpha Jungkook ရဲ့ပွေ့ချီမှုနောက် အလိုမတူဘဲပါသွားရသည့် သနားစရာ Omega Taehyungလေး။

မတူညီတဲ့လူတန်းစားလွှာနှစ်ရပ်တွေ့ဆုံတဲ့အခါ Taehyung က အဆင့်နိမ့်သူမို့ ရိုင်းရိုင်းပြပြငြင်းဆန်ခြင်းကိုမလုပ်နိုင်ဘဲ တောင်းပန်စကားကိုသာဆိုနိုင်သည်။သို့ပေမယ့် Crown prince က Taehyung စကားကိုအလေးမထားဘဲ မျက်နှာတည်တည်ဖြင့် Taehyung အားအရုပ်လေးတစ်ရုပ်လိုပွေ့ချီလာခဲ့သည်။

ထို့နောက် တံခါးအသင့်ဖွင့်ထားသည့် အနက်ရောင်မှန်လုံကား၏နောက်ခန်းဆီ Taehyung အားသွင်း၏။ကားအနီး၌ တော်ဝင် သက်တော်စောင့်တို့ရှိနေပြီး ကားရှေ့ခန်း၌လည်း Driver တစ်ယောက်ရှိနေသည်။ကားတံခါးမှ ကားထဲသို့ကိုယ်တစ်ပိုင်းဝင်ထားကာ သူ့အပေါ်အုပ်မိုးထားသလိုဖြစ်နေသည့် Jeon က သူ့အား အဓိပ္ပာယ်ဖော်မရသည့်အပြုံးတစ်ခုဖြင့်ပြုံးပြချိန် ကြောက်စိတ်တို့က သူ့ရင်ထဲအလုံးအရင်းဝင်ရောက်လာသည်။

ပက်လက်အနေအထားဖြင့် Sofa ခုံအားတံတောင်ထောက်လျက်ရှိနေသည့် omega အလှလေးက သူ့အရှေ့မှ Alpha အား ကြောက်လန့်တကြားကြည့်နေရှာတော့...

"စကားပြောရုံလေးပဲ..."

ထိုသို့ပြောပြီးသူ့ကိုယ်ပေါ်မှဖယ်ခွာသွားတဲ့ Jeon...။ Taehyung လဲ အားယူကာ ထလိုက်ပြီး ဆိုဖာခုံရဲ့အစွန်းဆုံးဆီတိုးကပ်လိုက်သည်။ Jungkook ကားနောက်ခန်းသို့ဝင်ပြီးသည်နှင့် ကားတံခါးကပိတ်သွား၏။

"ကျွန်တော်တို့ကြားထဲမှာ ဘာပြောစရာစကားမှမရှိလောက်ပါဘူး..."

Taehyung ဘက်ကစကားအရင်စလိုက်တော့ Jungkook က ခပ်လှောင်လှောင်ပြုံးသည်။ အနည်းငယ်ပူအိုက်နေဟန် necktie အား အနည်းငယ်ဆွဲချရင်း...

"ဘာလို့အရှေ့မှာထပ်ပေါ်လာရတာလဲ Coraline...လူကို မစွန့်လွှတ်နိုင်အောင်..."

အနှောင့်အသွားမလွှတ်သည့်စကားကိုရိသဲ့သဲ့ပြောတော့ ထယ်ယောင်းလက်သီးလေးတင်းတင်းဆုပ်လိုက်သည်။

"Crown prince အတွက်စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်...ကျွန်တော်အခုပဲဒီကနေပြန်တော့မှာပါ..."

𝐂𝐎𝐑𝐀𝐋𝐈𝐍𝐄 : 𝑇ℎ𝑒 𝑁𝑎𝑚𝑒 𝑂𝑓 𝑇ℎ𝑒 𝑅𝑜𝑦𝑎𝑙 𝐶𝑜𝑠𝑜𝑟𝑡 [Complete]Where stories live. Discover now