PART 4

2.9K 200 23
                                    

[Unicode]__________________

"Coraline ကို ကျွန်တော်ခိုးသွားတာ"

"ဘာကွ!"

အဖေ့ဆီမှ ထိတ်လန့်တကြားထွက်လာသည့်အာမေဋိတ်သံ။ Crown prince က မျက်နှာကိုတည်ထားပြီး အေးဆေးစွာပင် Taehyung ရဲ့လက်ကိုဆွဲ၍ ဧည့်ခန်းဆီလျှောက်သွားသည်။

"Tae...Taehyung"

"Shin Hwa..."

မမအနားမှာရပ်နေတဲ့ Shin Hwa ကိုမြင်တော့ Taehyung မျက်စိမျက်နှာပျက်ဖြစ်သွားရတယ်။ အားလုံးဟာလဲ မျက်လုံးအဝိုင်းသားနဲ့ သူတို့နှစ်ယောက်ကိုကြည့်နေသူShin Hwa ကိုတစ်လှည့် လက်တွဲထားသည့် သူတို့နှစ်ယောက်ကိုတစ်လှည့်ကြည့်ပြီး ဝေခွဲရခက်နေကြတယ်။

Zander ရဲ့ Fianceတစ်ယောက်ဖြစ်တဲ့ Crown prince Emmanuel Jeon ဆီက Coralineကိုခိုးသွားတယ်ဆိုတဲ့စကားဟာ အားလုံးအပေါ်ပြင်းထန်တဲ့သက်ရောက်မှုတစ်ခုဖြစ်သွားပုံပါပဲ။

"ဖေဖေ..."

"Coral....မင်းက...မင်းက မိဘမျက်နှာပျက်အောင်လုပ်တဲ့သားပဲ..."

ဖေဖေ့ဆီမှ ပထမဆုံး တုံ့ပြန်သောမျက်နှာအမူအရာနဲ့ စကားလုံးဟာ စိတ်ပျက်ခြင်းကိုသာ ထင်ပေါ်စေတယ်။

သူ့လက်အားဆွဲကိုင်ထားသည့် Jeon ရဲ့ လက်ကိုဖြုတ်ကာ မတ်တပ်ရပ်နေသည့် ဖေဖေ့အနားပြေးကပ်လိုက်တယ်။ ထို့နောက် ကြမ်းပြင်၌ ဒူးတုပ်ထိုင်ချပြီး...

"Coral တောင်းပန်ပါတယ်ဖေဖေ...မရည်ရွယ်ပါဘူး..."

ဖေဖေ့လက်ကိုဆွဲကိုင်ပေမယ့် ချက်ချင်းရုန်းလွတ်သည်။ဖေဖေဟာ သူ့တောင်းပန်မှုကိုလက်မခံသည့်သဘောဖြင့် မျက်နှာလွှဲပစ်ခဲ့သည်။သူ့ကိုအမြဲတစေ ကြင်နာယုယပေးခဲ့သည့် ဖေဖေ့ထံမှ ထိုသို့သောလျစ်လျူရှုမှုမျိုးကိုရတော့ ဝမ်းနည်းစိတ်တို့ကိန်းအောင်းလာရကာ မျက်ရည်တို့ဝဲလာမိ၏။

"Coral ကိုခွင့်လွှတ်ပေးပါ..."

တောင်းပန်တိုးလျှိုးသံကို ဖေဖေကနောက်ထပ် တစ်ပြန်လျစ်လျူရှုတယ်။

"ဖေဖေသဘောမတူဘူး...ဒါကိုလက်မခံဘူး... Coraline ကိုထားခဲ့ပြီး Crown prince ပြန်လိုက်ပါ"

"ကျွန်တော်သူ့ကို mate အဖြစ် mark လိုက်ပြီးပြီ..."

ဖေဖေ့ရဲ့ငြင်းဆိုသံအပြီး ထွက်ပေါ်လာသည့် Jeon ရဲ့စကားမှာ ဖေဖေ့မျက်နှာတစ်ပြင်လုံးရဲတက်သွားခဲ့သည်။ သူ့ကိုကြည့်လာတော့ ထယ်ယောင်း ကြောက်ရွံ့စွာ ခေါင်းကိုငုံ့ချမိ၏။ ဆေးပလာစတာကပ်ထားသည့် Gland နေရာကို ဖေဖေအပါအဝင် အားလုံးမြင်လောက်မည်။

𝐂𝐎𝐑𝐀𝐋𝐈𝐍𝐄 : 𝑇ℎ𝑒 𝑁𝑎𝑚𝑒 𝑂𝑓 𝑇ℎ𝑒 𝑅𝑜𝑦𝑎𝑙 𝐶𝑜𝑠𝑜𝑟𝑡 [Complete]Where stories live. Discover now