"အင့်.....ခေါင်းကိုက်တယ်!!!
"နိုးလာပြီလား...ဘယ်လိုနေသေးလဲ....ဘယ်နားအဆင်မပြေတာရှိလဲမီးငယ်...."
"သမီးခေါင်းကိုက်တယ်ကိုကို...ဗိုက်လည်းဆာနေပြီ...."
"ဟမ်!!!
ဒီမှာ ခုနက လောလောလတ်လတ်ချက်ထားတဲ့ဆန်ပြုတ်...""ကိုကိုခွံ...."
"အင်း....အင်းပါ...."
တကယ်ပါဘဲ ကလေးမက သူကိုကပ်လွန်းတာမို့ ဂုဏ်မျက်နှာနီရဲသွားတော့သည်...ဂုဏ်လည်း သူမစားနိူင်သလောက် ခွံကျွေးပြီးကာ....
"ကိုဒီနေ့က company သွားရမယ် မီးငယ်...မာမီနဲ့လိမ်လိမ်မာမာနေခဲ့နော်..."
"ဟုတ်...ကိုကိုမြန်မြန်ပြန်လာနော်...."
ဂုဏ်လည်းပြုံးရုံသာပြုံးကာ အလုပ်နှစ်ရက်ေလာက်မလုပ််တာနဲ့ စာရင်းတွေပုံကာများလွန်းတာမို့ company ကို စောစောထွက်လာခဲ့လိုက်သည်
ဒါတောင်မှ ကလေးမက မျက်စိကလည်ကလည်နဲ့ သူနဲ့လိုက်ချင်လို့ကြည့်နေသည် ။ဂုဏ်မရှိတဲ့ခါမှာ သူမပျင်းလို့ထင်ပါရဲ့ ဒေါ်နှင်းဆီလုပ်သမျှကို ...အဲတာဘာလဲဟင်!!!! ဆိုပြီး လိုက်မေးနေသည်.....ဒေါ်နှင်းဆီ ပန်းထိုးတာကြည့်လိုက် လိုက်လုပ်လိုက်နဲ့ လုပ်သမျှလိုက်လုပ်တာမို့ သူမမှာမအားလပ်ပါ....
ညနေခင်း ဂုဏ်ပြန်လာတော့လည်း ဂုဏ်ဆီပြေးဖက်ကာ.....
"ကိုကို ...ကိုကိုအတွက် သမီးပန်းတွေထိုးထားတယ် ချိုချဉ်လည်း လုပ်ထားတယ်...မာမီကပြောတယ်....
ကိုကို့ကိုကျွေးရမယ်တဲ့...သမီးလုပ်တာစားမယ်မလားဟင်....""စားမယ်နော်....သမီးလုပ်တာကိုကိုစားရမယ်နော်...."
ဂုဏ်လည်း သူမဆွဲခေါ်ရာ လိုက်ကာ လုပ်ထားသမျှတွေ လိုက်မြည်းပေးရသည် ...
ဂုဏ်မြည်းပြီးတာနဲ့ သူမဆီလှည့်ကာ...."မီးငယ်အတွက်အသုံးဆောင်ပစ္စည်းဝယ်ပေးလာတယ်
မိန်းကလေးတွေလိုအပ်တာအကုန်ပါလာတယ်
မီးငယ်သွားကြည့်လိုက်ပါဘာများလိုသေးလဲလို့....""တကယ်လားကိုကိုအရုပ်တွေရောပါလာဟင် မီးငယ်မနေ့ကမာမီနဲ့ကြည့်ထားတာဝက်ဝံေလးကိုအရမ်းကြိုက်တယ်ပါလာလားဟင်...."