အချစ်ကပေးတဲ့အပြစ်ဒဏ်
(Part 16 ဇာတ်သိမ်းပိုင်း)
မိုးခါး သက်သာလာတော့ ဆေးရုံကဆင်းရတော့မှာမို့ မားသားက အထုတ်တွေပြင်နေသည် ကိုကိုကလည်း company မှာ အလုပ်ရှူပ်နေမှာ အသေချာပင် မိုးခါးတွေးရင်း သက်ပြင်းသာအကြိမ်ကြိမ်ချမိသည်
မီးငယ်...
အမ် ကိုကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ
အလုပ်ကရော !!!အလုပ်က မီးငယ်ရောက်အရေးမကြီးပါဘူး
ကိုကိုလာကြိုတာ ပစ္စည်းတွေက နောက်မှ ကိုကိုလာယူခိုင်းလိုက်မယ် မီးငယ်ကိုကိုနဲ့လိုက်ခဲ့အမ်...အမေ....အမေကရော
ငါ့ကိုစိတ်ထဲမထားနဲ့ သွားစရာရှိတာသွား
ခိ!!!
မတော်ရသေးတဲ့ယောက္ခမကြီးက အလိုက်သိတော့ ဂုဏ်ပြုံးကာ မိုးခါးအမေကိုကြည့်ကာ ရီမိတော့သည်
ဂုဏ်လည်း သူရဲ့မီးငယ်လေးကိုခေါ်ကာ ဆေးရုံကနေ ထွက်လာပြီ အဆင်သင့်ရပ်ထားတဲ့ကားပေါ်ကိုတက်ကာ မောင်းထွက်သွားတော့သည်ကိုကို !!!
ဗျာ့!!!
မီးငယ်ကိုဘယ်ခေါ်သွားမှာလဲဟင်
ဒါမှမဟုတ်သွားရောင်းစားမလို့လားဒီကလေးတော့!!!
နှဖူးကိုဖွဖွလေးအတောက်ခံရပေမယ့် မိုးခါးမျက်နှာတော့ ဆူပုတ်ထားကာ ဂုဏ်ပြုံးရင်း
ကိုးရီးယားကားလျော့ကြည့် !!
ဟာ..ကိုကိုနော် မီးငယ်က ကိုးရီးယားကားမကြိုက်ပါဘူး !!
အဆိုဘာကားကြိုက်တာလဲ
တရုတ်ကား!!
ဟားဟား..ဟုတ်ပါပြီကွာ ဆူပုတ်မထားပါနဲ့
ကိုကိုမှားတာပါနော်နှခမ်းဆူကာ ဟိုဘက်လှည့်ရင်း မီးငယ်ရဲ့ဆူအောင့်အောင့်ဖြေသံကြောင့် ကားထဲမှာ ဂုဏ်ရဲ့ဩရှရှရီသံက ကားထဲ လွှမ်းခြုံသွားတော့သည် !!
ယောက်ျားလေးရီသံက ဒီလောက်နားထောင်လို့ကောင်းသည်လား!!
မိုးခါး တစ်ကိုယ်လုံး မွေးညှင်းတွေထလာကာ ကိုကိုဘက်ပြန်လှည့်ပြီး လက်ဖဝါးသေးသေးလေးနဲ့ ဂုဏ်ရဲ့နှခမ်းကို လှမ်းပိတ်ရင်း