မိုး....နင်မလားဟင်...နင်မိုးခါးမလား...
ထိုကောင်မလေးဟာ အရူးမတစ်ယောက်လိုမျိုးပင်
မိုးခါးလန့်ကာ သူမအရှေ့ကလူကိုကြည့်တော့ဘယ်...ဘယ်သူလဲ...
မိုးရယ်...နင်ငါ့ကိုကယ်ပါ...ငါလေ...
ဟင်...
မိုး အရှေ့က သူတောင်းစားသဖွယ်ငိုသည်းကာ
ကယ်ဖို့သာ တောင်းဆိုနေတဲ့ကောင်မလေးကိုနားမလည်ပါ....မိုးရယ် ငါပါ...အီးဟီး ဖြူစင်ပါ...ငါ့ကိုကယ်ပါနော်
ငါအရမ်းကြောက်နေပြီ....ဟင်...ဖြူ...ဖြူစင်...ဘယ်လိုဖစ်တာလဲ....
လောလောဆယ် ဒီကနေ အရင်သွားကြမယ်...
အင်းအင်း....
မိုးခါးလည်း ဖြူစင်ဆွဲခေါ်ရာကို ခပ်မြန်မြန်လိုက်သွားလိုက်သည်....သူမနားမလည်ပါ....ဖြူစင်ကို ဒီလိုဖစ်စေတဲ့ထိ ဘာကခြောက်လန့်နေတာလဲဆိုတာပင်...
ရရဲ့လား ဖြူစင်...ဘယ်လိုဖစ်တာလဲ သူငယ်ချင်းရယ်
ဟင့်...မိုးငါအရမ်းကြောက်တာဘဲ သူငယ်ချင်း...
အမေနဲ့အဖေက ငါ့ကို ချုပ်နှောင်ထားတယ်
ဘယ်မှမသွားရအောင် အခန်းထဲပိတ်ထားတာ
ရွာမှာနေတာ ငါထွက်ပြေးဖို့ လူတစ်ယောက်က ကူညီတော့ အမေတို့က သူတို့ကိုသတ်ပစ်လိုက်တယ်ဘယ်လို
အီးဟီး ငါကြောက်တယ် ...ငါမရမကထွက်ပြေးရခဲ့တာ နောက်ဆုံး နင့်ကို အဲနေရာမှာရှာတွေ့တာဘဲ ...ငါ့ကိုကယ်ပါနော်...မိုးခါးရယ် နော်....
အင်းပါ...စိတ်အေးအေးထား...
ငါနဲ့အတူလိုက်ခဲ့နော်....ခနတစ်ဖြုတ်ငါ့အိမ်မှာနေပေါ့ကျေးဇူးပါ သူငယ်ချင်းရယ်...
မိုးခါးလည်း ဖြူစင်ကိုနှစ်သိမ့်ကာ ဘုတ်သိုက်နေတဲ့ဆံပင်တွေကို ကောင်းကောင်းဖီးပေးပြီး ရေချိုးစေကာ သူမအဝတ်စားတွေကိုဘဲ ဝတ်စေသည်
ဖြူစင်အကုန်သန့်ရှင်းစွာဝတ်ဆင်ပြီးထွက်လာတော့ဟာ လှလိုက်တာ အခုမှဘဲ လှသွားတယ်
ကျေးဇူးပါ သူငယ်ချင်းရယ်
မလိုပါဘူး ...တော်သေးလို့ ဒီနေ့အလုပ်ပိတ်တာ
မဟုတ်ရင် နင်နဲ့ဆုံရမှာမဟုတ်ဘူး....
အမေက ဆိုင်သွားစောင့်တာလေ....
ညကျရင် အမေနဲ့မိတ်ဆက်ပေးမယ်...