ခွန်းလည်း မိုးခါးကို ဆေးရုံတင်ပြီး မာမီနဲ့ အန်တီတို့ကို
ဖုန်းခေါ်တော့ မာမီတို့ကလည်း ပြေးလာသည်အမလေး မြတ်စွာဘုရား ....
သမီးလေး အဆင်ပြေမှာပါနော်.....
ဟင့်....မေမေ့သမီးလေး......စိတ်လျော့ ....စိတ်လျော့ပါ နေခါးရယ်
သမီးလေးဘာမှမဖြစ်ပါဘူးကွယ်နော်နေခါး သမီးလေးကိုစိတ်ပူသည် ပျောက်သွားတာ နှစ်လနီးနီးရှိပြီမို့ ထိုင်ရမလို ထရမလိုနဲ့ နာရီဝက်အကြာမှာ ဆရာဝန်က ထွက်လာကာ....
စိတ်ပူစရာမလိုတော့ပါဘူးခင်ဗျာ့ လူနာကကံကောင်းတယ် အပြင်ဒဏ်ရာ ဘာကြီးကြီးမှားမှားသိပ်မရဘူး ခေါင်းက ဒဏ်ရာဟောင်းေကြာင့်ေမ့လဲသွားတာပါ မကြာခင်ပျောက်သွားပါလိမ့်မယ်
ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်
မိုးခါးကို ရိုးရိုးအခန်းထဲပြောင်းရွှေ့တော့ အန်တီနဲ့မာမီတို့လည်း သူမအခန်းဆီသွားကာ....
ကြည့်ပါအုံး မိုးခါးလေးက မတွေ့ရတဲ့နှစ်လအတွင်း လှလာလိုက်တာ....ကံကြီးပေလို့ပေါ့ သမီးရယ်....
ခွန်းလည်း ရှိန်းမဟော်ကို ကျေးဇူးတွေတင်နေမိသည်
အခုမှ အိမ်နှစ်အိမ်ရဲ့ အပြုံးက ပြန်ဝေဆာသွားသလိုပင်....အန်တီနေခါးလည်း သမီးမနိုးမချင်း အိမ်မပြန်ဘူးဆိုလို့ မနည်းပြန်ခိုင်းထားရသည် ....
အခုဆို လူနာစောင့်က ရှိန်းမဟော်နဲ့သူရယ်ဘဲရှိတာမို့
ခွန်းလည်း ဆိုဖာပေါ်မှာအခန့်သားထိုင်ကာ မုန့်စားနေတဲ့ ရှိန်းဘက်လှည့်ကာ မေးချင်တာတွေများနေပေမယ့်
ဘယ်ကစမေးရမှန်းမသိ....ရှိန်းကတော်ရုံတန်ရုံနဲ့ သူကအဖက်တောင် သိပ်လုပ်တာမဟုတ်.....ရှိန်း....ငါမေးချင်တာလေ....
ငါသိတယ်....
ဟမ် ငါမေးတောင်မမေးရသေးဘူး
နင်ကဘာသိတာလဲနင်ဘာမေးမှာလဲ ငါခန့်မှန်းမိတာလေ....
ငါက သူဌေးသားလို့ နင်မှတ်ယူထားရင်
ငါဘာလိုချင်လဲ လွယ်လွယ်လေးရနိူင်တယ်ဆိုတာ
နင်သိတယ်မလား.....