Chapter - 2.1

140 32 0
                                    

“အကို ကျင်းရန် ကျွန်မတို့ ဘာလုပ်ကြမလဲ။ အကို့သူငယ်ချင်းက အိမ်မှာမရှိဘူးလားမသိဘူး။"

စုရှင်းအာရဲ့ နူးညံ့တဲ့လက်လေးတွေက ဝူကျင်းရန်ရဲ့အကျီထောင့်ကို တင်းကျပ်စွာဆုပ်ကိုင်လို့ထားကာ သူမ၏အမူအရာမှာ ထိတ်လန့်လို့နေပြီး ငိုတော့မည့်ပုံဖြင့် သူမရဲ့နူးညံ့တဲ့အသံက တုန်ရီလို့နေသည်။ ဒါကိုကြားတော့ ဝူကျင်းရန် က အလှလေးအား သူ့ရင်ခွင်ထဲထည့်ကာ သူမအားနှစ်သိမ့်ပေးလိုက်ချင်တော့တယ်။

အခုအခြေအနေ အချိန်အခါက မမှန်တာ‌ကတော့ စိတ်မကောင်းစရာပေ။ ဝူကျင်းရန်မှာ တကယ်လုပ်ချင်သည့် အရာအား ဖိနှိပ်ထားဖို့တတ်နိုင်ပြီး တံခါးဘဲလ်အား ဆက်လက်တီးနေသော စုရှင်းအာ အားကြည့်ရင်း ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

"ရှင်းအာ မကြောက်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် ကိုယ်မင်းကို ကာကွယ်ပေးပါ့မယ်!"

စုရှင်းအာ၏ စိတ်လှုပ်ရှားနေသော မျက်လုံးများနှင့် ကျေးဇူးတင်သော မျက်လုံးများကို လက်ခံရရှိလိုက်သဖြင့် ဝူကျင်းရန် သည် သူ၏ နှလုံးသားထဲတွင် အပူများ တဟုန်ထိုး တက်လာပြီး ဇွန်ဘီများ သွေးသံရဲရဲမြင်ကွင်းကြောင့် ရခဲ့သည့်ရှော့ခ်သည်လည်း တည်ငြိမ်သွားခဲ့ကာ သတ္တိများလျှံထွက်ကျလာသလို ခံစားလိုက်ရသည်။ ထိုသို့လနိ့သွားခဲ့သည်ကလည်း သူတို့အားလုံးက သူ့မျက်စိရှေ့တည့်တည့်ကြီးမှာတင် လူတွေကို ကိုက်ဖြတ်ခဲ့တာကြောင့်ပါ။

ဖုတ်ကောင်များအကြောင်းတွေးမိရင်း ဝူကျင်းရန် သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ မျက်လုံးဖြင့် ဟိုကြည့်သည်ကြည့်လုပ်ရင်း တစ်ချိန်တည်းမှာပင် တံခါးကို ပြင်းပြင်းထန်ထန်ခေါက်လိုက်သည်။

ယာမုဗီလာခရိုင်ထဲသို့ သူတို့ခိုးဝင်လာခဲ့တုန်းက အပေါက်ဝဂိတ်မှာရှိတဲ့ ကင်းအခန်းအဆောက်အဦးအတွင်းမှ လုံခြုံရေးအစောင့်များသည် အပြင်တွင်ရှိသော သူတို့အား သူတို့အခန်းထဲဝင်ကြရန် အကြံပေးခဲ့ခြင်း မရှိသည်ကို သတိရမိသွားသည်။ ဒါ့ကြောင့်ပဲ ယခုတွင်တော့ သူတို့တွေမှာ သူတို့အား လုံခြုံမှုရှိစေရန် ခိုင်ခံ့တယ်လို့ ခံစားရတဲ့ အဆောက်အအုံကိုသာ ရှာပြီးပုန်းခိုနိုင်တော့သည်။

ကမ္ဘာပျက်ကပ်‌၌ မြို့တော်သခင်လေး ဖြစ်လာခြင်းWhere stories live. Discover now