ဆဲလ်ဖုန်းသည် ရုတ်တရက် ထမြည်လာခဲ့ပြီး အခန်းထဲရှိ ငြိမ်သက်မှုအား ချိုးဖျက်ကာ ကုတင်ကြီးကြီးအလယ်တွင် ဟိုလှည့်သည်လှည့်ဖြင့် အိပ်နေသော စုန်ရှင်းချောင်ကို စိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့သည်။ သူမသိစိတ်အရ မျက်မှောင်ကြုတ်လိုက်၏။
နောက်တစ်စက္ကန့်ရောက်တဲ့အခါ သူသည် ရုတ်တရက် မျက်လုံးပွင့်သွားခဲ့ပြီး ကုတင်ပေါ်မှထထိုင်လိုက်မိရင်း လန့်ဖြန့်ကာ အနက်ရောင်တောက်တောက် မျက်လုံးများနှင့် ရင်းနှီးလို့နေသော အိပ်ခန်းတစ်ခွင်ကို တစ်ချက်ဝှေ့ကြည့်လိုက်မိသည်။ သူ့အမူအရာဟာ ဘာဖြစ်နေမှန်း မသိသဖြင့် တွေဝေနစ်မောသကဲ့သို့ပင်။
မနိုးလာခင်မှာ စုန်ရှင်းချောင်သည် ပုံမှန်မဟုတ်ဘဲ လက်တွေ့ဆန်လွန်းတဲ့ အိပ်မက်တစ်ခုမက်ခဲ့ပြီး အခုချိန်ထိကို သူ့နှလုံးသားထဲ စွဲမြဲနေဆဲဖြစ်သည်။
သူ့အိမ်မက်ထဲမှာ သူဟာဝတ္ထုတစ်ပုဒ်ကိုတွေ့ခဲ့တယ်။ အဲဒီဝတ္ထုထဲမှာ သူနဲ့ နာမည်တူတဲ့ ဇာတ်ကောင်တစ်ယောက်ပါနေခဲ့တယ်။ ပထမတော့ သူက ထိုဇာတ်ကောင်ကို ဇာတ်လိုက်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒါဟာ အမြောက်စာအရံဇာတ်ကောင်လေးမှန်း သိလိုက်ရပါတယ်။ ဖုန်းသံမြည်လာပြီး အသိမဝင်ခင်အထိ သူအူကြောင်ကြောင်ဖြစ်နေခဲ့သည်။
အသိပြန်ဝင်လာပြီးနောက်တော့ သူ့ဆင်ခြင်ဥာဏ်အားလုံး ပြန်လည်ထွက်ပေါ်လာပြီး အိပ်မက်ထဲတွင် လျစ်လျူရှုထားသော အသေးစိတ်အချက်များကို တွေ့ရှိလာခဲ့သည်။ စုန်ရှင်းချောင် သည် သူ၏စိတ်ဒုက္ခရောက်ရသည့် ပြဿနာအကြောင်းအရင်းကို သဘောပေါက်လိုက်သည်။ အမြောက်စာဇာတ်ကောင်သည် သူနှင့်အမည်တူရုံသာမက တူညီသောဘဝဇာတ်ကြောင်းနောက်ခံနှင့် အတွေ့အကြုံများလည်းရှိသည်။ သူ့ကိုယ်တိုင်နဲ့ ထပ်တူညီလို့နီးပါးဖြစ်...
စုန်ရှင်းချောင် ကြောင်တက်တက်ဖြစ်နေသည့် အချိန်ကတည်းက မြည်နေခဲ့သောဖုန်းသံသည် စိတ်အနှောက်အယှက်ဖြစ်စွာပင် ယခုအချိန်ထိ အဆက်မပြတ် မြည်နေဆဲဖြစ်သည်။ သူ့နဖူးက ချွေးအေးများကို ပေါ့ပေါ့ပါးပါး သုတ်လိုက်ပြီး အသံထွက်ရာအတိုင်း လက်ကိုင်ဖုန်းကိုရှိရာ ကုတင်ဘေးက စားပွဲပေါ်ဆီသို့ လှမ်းကာယူလိုက်တယ်။

VOUS LISEZ
ကမ္ဘာပျက်ကပ်၌ မြို့တော်သခင်လေး ဖြစ်လာခြင်း
AventureTitle - I'm The City Lord Of The Last Days Author - Yu Qiongbao Rimu Myanmar translator - Dora_lucy Start date - 11.1.2024 End date - You can read English version at Novel Bin. I don't own this novel just fan translation.