မှတ်ချက် ။ ။ ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယှဉ် ရေးသားထားပြီး စာသားများတူညီနေပါက တိုက်ဆိုင်မှု တခုသာဖြစ်သည်။
ဟယ်ရီပေါ်တာ ကားထဲက ပရော်ဖက်ဆာကာချုပ်ကြီး အတိုင်း သူကြီးကို ပညာပေးနိုင်သောကြောင့် ကိုယ့်ဟာကိုယ် ချီးကျွေး အယ်လဲ..ချီးကျူးနေသော ဝါကျတယောက်။ဟွင့်..ဒါအရင်နေ့က ကျုပ်ကိုအပြစ်မရှိပဲထိပ်တုံးခတ်လိုက်လို့ ပြန်လုပ်တာ..ဝါကျကိုလာမကြောနဲ့ လာကြောလို့ကတော့ အချိုးပြေရင်ပြေ မပြေရင်သူကြီးလည်း အရိုးကျေသွားအောင် ကွီးနေထူးနိုင် အတိုင်း မီးလက်ဖဝါးနဲ့ ရိုက်ချပစ်မှာ ဘာမှတ်..။
ဒါသူကြီးမလို့ ပါးပါးလေးပဲလုပ်ရသေးတာနော်။စိတ်ထဲတွင် စကားအများကြီးပြောကာ အပြင်မှာကျ ညာလက်ဖြင့် နှာချီးနှိုက်လိုက်သေး။နှာခေါင်းအတွင်းမှ ပါလာသော အဖက်စိမ်းစိမ်းရည်တွေ နဲ့ အမွှေးမဲမဲလေးတို့အား ပုဆိုးစလေးမှာ သုတ်ပစ်လိုက်သည်။တောရွာမှာ မလို့ ဒါဟာရှက်စရာမဟုတ်ပေ။သို့သော် မြို့မှာဆိုလျှင် သေချာပေါက် လိုင်းပေါ်မှာ "နော်ကပ်ကြီးချော်ကိုက်(နှာချီးနှိုက်ကာ) ထော်လာဂျီမောင်းသည့်သူ"ဆိုပြီး နာမည်ကြီး မလားပင်။
ထော်လာဂျီကြီး စက်သံ တဖုတ်ဘုတ် နဲ့ အိမ်ရှေ့ခြံဝန်းထဲကို ရောက်လို့သွားသည်။မာသားမိခင်ကြီးက အိမ်ရှေ့တွင်ထိုင်ကာ ကျုပ်ကိုစောင့်နေတယ်ထင်ပေါ့။မျက်နှာထပ်မှာ စောင့်ရလို့စိတ်မရှည်မှုအပေါင်းသောင်းရှစ်ရာကျော်အပြည့်ဖြင့်။
" ဘယ်တွေ တဝေ ကော ရရစ်ကော ထိုးနေလို့အခုမှပြန်လာရတာလဲ...ငါအကုန်အဆင့်သင့်ဖြင့်အောင်လုပ်ထားတာဖြင့် ကြာ............လှပြီ။ပေးးး။ဘယ်မလဲ..ငါမှာတဲ့ဟာ"
မားသားမိခင် စိတ်မရှည်တော့ဘူးဆိုတာ သူသိတာကြောင့် နောက်မှာဖွက်ထားတဲ့သူကြီးအိမ်က ခရမ်းသီးတုတ်ပြောင်ချောကြီးတွေကို မားသားကြီး မျက်နှာရှေ့ထိုးပြလိုက်တော့သည်။သေချာသည်။ မားသားမိခင်ကြီးက ခရမ်းသီးဆို သိပ်သိပ်ကြိုက်တာဗျ။မားသားကြီး ချီးကျူးတော့မယ်ဆိုတာကို ဝါကျဗေဒင်ဟောစရာမလို အတတ်သိသည်မို့ ဆယ်တန်းကျောင်းသား စာမကျက်ပဲ ဘာသာစုံအောင်သည့် မျက်နှာဘေးဖြင့် မားသားမိခင်ကို ကြည့် ပြီ
"ဘယ်နှယ့်လဲဗျ... မားသားကြီး အကြိုက်မဟုတ်လား"
YOU ARE READING
တောသားလည်း ချစ်တတ်ပါ၏ "
Short Storyဝါကျ - ဒီမှာ တခါတည်းပြောထားမယ် ကျုပ်ဆိုတဲ့အကောင်က ဗလ လည်းရှိတယ်၊ဇလည်းရှိတယ် မရှိသေး ယောက်ျားပဲ မှတ်ထား။ ခက်ဆစ် - ဝါကျဆိုတဲ့ အကောင်ကို ယူမဲ့အစား မြန်မာပြည်သိန်းတန်ကိုပဲ လင်တော်ပစ်လိုက်မယ်ဟေ့" 💕ဝါကျ & ခက်ဆစ်💕 ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ချင်သူများသာ ဖတ်စေလ...