မှတ်ချက်။ ။ ယခုဇာတ်လမ်းတွင် ပါဝင်သောအကြောင်းအရာများသည်စိတ်ကူးယှဉ်ရေးသားထားပြီး စာသားများတူညီနေပါက တိုက်ဆိုင်မှုတခုသာဖြစ်သည်။
"အားးးးးးးးးးးးးးးးးးးးးး!!!"
"ဟအလကား ဘာ သရဲမှ လည်း မရှိဘူး"
"ဟား ငါ့နှယ့်ကွာ လန့်တာမှ ဥတောင် တုန်တယ်"
ထိုချိန် သစ်ကိုင်းတချောင်းကို တနင်းမိ့သည့် ဒူးရင်းတယောက် ကြောက်အား လန့်အားဖြင့် သရဲမှတ်ပြီး
"အားးးးးးးးစဖုတ်ကြီး လေပေါ်မှာဝဲ... ချပ်ကြီးအဖေ ငါ့လင်ဖြစ်!!ဝှက်သဖျစ်"
အားပြဲကြီးဖြင့် မျက်လုံး မှိတ်ကာ ဖင်နှစ်ခြမ်း ပြဲမတတ်ပါးစပ်ထဲရှိရာ ရှောက်ပြောနေသော သူငယ်ချင်းဖြစ်သူ ဒူးရင်းကို အသံအကျယ်ကြီးဖြင့် ရယ်ကြ ပြီး ဝိုင်းဟား ကျကာ ကျီစယ်ကျတော့သည်။
"အိုးဟိုး ဒူးရင်း မင်း ချပ်ကြီး အဖေကို ခနခန တမ်းတနေတာပဲနော်"
"အေးဆို မင်း ငါ့ အဖေရဲ့ လင်ဖြစ်နေတာလားကွ။ငါတော့ သဘောတူတယ် ယူတာ ယူ"
အတင်းတေ ယူဟု ပြောနေသော သူ့အား လှမ်းမေးရသေး
"ချပ်ကြီး အာ့ဆို မင်းမေကိုရော် ဘယ်လိုလုပ်မတုန်း"
"အမေ့ကို ခေါက်ထားလို့ရပါတယ်ကွ။"
နားမလည်သောကြောင့် ထပ်မံမေးယူရပြန်သည်
"ဟမ် ဘယ်လိုတုန်း"
"ဒီလိုကွ ဒူးရင်းနဲ့ ငါ့အဖေသာ ယူပြီးသွားရင် အမေ့ကို ဂတုံး တုံးပြီး သီလရှင် ရာသက်ပန် ဝတ်ခိုင်းပစ်လိုက်ရင် ရပြီမလားကွ"
"ဝါး ဟျောင့် မင်း ဉာဏ်သိပ်ကောင်းတာပဲကွ...သူငယ်ချင်းကောင်းဆိုတာ ဒါမျိုးကွ"
ဒူးရင်းခမျာ ဘာမှ ဝင်မပြောနိုင်တော့တဲ့အထိပင်။
"အဲ့ချိန်ကျ ငါက သူ့ကို ဖေဖေ လို့ ခေါ်မလား ပါးပါးလို့ ခေါ်မလားကွ"
"ငါ့ထင်တော့ ဒူးဒူးပါးပါး လို့ ခေါ်မှာပဲ ဟား ဟားဟားး"
"ဘာကွ"
"ဟက်ဟက်..."
ခက်ဆစ်သည် ရီနေရင်းဖြင့် အလောင်းရှိရာကို ဖြတ်ခနဲ လှမ်းကြည့်မိ့ချိန်တွင် မထင်မှတ်ထားပဲ ကြောင်နက်ကြီး တကောင်သည် သူတို့အား ဝါထိန်သော မျက်ဝန်းတို့ဖြင့် စူးစိုက်ကာ ငြိမ်၍ ထိုင်ကြည့် နေသည်။ရှေးအခါက ဆိုးရိုးတခုရှိဖူးသည်။အလောင်းရှိရာ နားတို့ ၊အသုဘ အိမ်တို့မှာ ကြောင်နက်ကို ပေးမဝင်နဲ့၊ အလောင်းနားကို ပေးမဖြတ်နဲ့ မကောင်းတဲ့ အရာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး။ဘာကြောင့်လဲဆိုတော့ ကြောင်နက်သည် မကောင်းဝါးဆိုးများဖြစ်ကြတဲ့ နာနာဘာဝ၊ဖုတ်၊သရဲ၊ဘီးလူး အစရှိတဲ့ သတ္တဝါတွေရဲ့ အခိုင်းစေများဖြစ်ကြကာ ကြောင်နက် တကောင်က အလောင်းရှိရာ နားကို ဖြတ်သွားခဲ့မယ်ဆိုလျှင် ထိုအလောင်း၏ ခန္ဓာကိုယ်ထဲကို အနီးနားရှိ နာနာဘာဝ တကောင်ကောင်က ဝင်ရောက်ပူးကပ်ပြီး နိုးထ လာပြီး ကြောက်စရာကောင်းသော အမူအယားတွေဖြင့် လူတွေအား ခြောက်ခြားအောင် ခြောက်လန့်နိုင်သောကြောင့် ဖြစ်သည်။ခက်ဆစ်သည် ပညာတတ်တယောက်ဖြစ်သလို အယူအဆတွေကိုအယုံကြည် မရှိသော်လည်း ငယ်လေးကတည်း သရဲကြောက်သောကြောင့် ဒီကြောင်နက်ကို မောင်းမှ ဖြစ်မည်။
"ရှူး ရှူး ရှူး သွားစမ်း ရှူး ရှူး"
အခုဟာက ကြောင်နက်က ဖြတ်လား မဖြတ်သေးဘူးလားတော့ မသိပေမဲ့ လောလောဆယ် တက်ထိုင်နေ၏။မကောင်းတာ တခုခုဖြစ်တော့မှာ ကျိန်းသေးသည်။ပြီးတော့ တည်နေရာက လူသူကင်းမဲ့တဲ့ ရွာအပြင်ကြီးမှာ။ချွေးစေးများဖြင့် မောင်းနေရင်း ဘုရား ဘုရား တခုခုဆို သူတို့ထက် တပည့်တော် အရင်ဆုံးပြေးနိုင်ပါစေ ဘုရား။ကျန်တဲ့ သူတွေကတော့ သူတို့ရဲ့ ကံပေါ့။
"ဘာလုပ်နေတာလဲ"
မေးရဲလိုက်တာအေ။ငါမှ့ အန္တာရယ်ကင်းအောင် လုပ်နေပါတယ်ဆို အချောင်းက ရှည်ကို ရှည်တယ်။အယ်လဲမဟုတ်ဘူး ငါတွေးလိုက်တာက သူရဲ့ လျှာ ကိုပဲပြောတာ ကျန်တာမဟုတ်ပါဘူး။ဟုတ်တယ်။ကျန်တာမပါဘူး။
"ဟေ့ ဘာလုပ်နေတာလဲလို့ ..ကြောင်တောင်တောင်နဲ့ "
"အမ်.မဟုတ်.ဘာ.ဘာလုပ်ရမှာလဲ .. ဒီလို အလောင်းနားကို ကြောင်နက်တွေ မလာသင့်ဘူးလေ။မတော်လို့ မကောင်းတဲ့ အရာတွေ ဝင်ပူးလာရင် ငါတို့တွက် အန္တာရယ်များတယ်။အဲ့တာမလို့ မောင်းထုတ်နေတာ"
ထူးဆန်းသား ဒီက မြို့ကလာတဲ့ ကိုယ်တော် ပညာတတ်တာက အယူအဆတွေ နဲ့ပါလား။
"ခများက အဲ့လိုတွေ ယုံတယ်ပေါ့"
"ဒီလို ဖြစ်မလာနိုင်တဲ့ အရာတွေကို အယုံကြည်မရှိပေမဲ့ လောလောဆယ် ငါတို့ တွက် လုံခြုံအောင်တော့ လုပ်ရမှာပဲမလား"
ဒီအသေးလေးက အားလုံးတွက် လုံခြုံအောင် လုပ်မယ်ဆိုပဲ။အင်း...ပြောမဲ့တာပြောတာ ချစ်တော့ချစ်စရာလေးပါ စိတ်ဓာတ်လေးကလည်း မဆိုးပါဘူး။(ဝါကျစိတ်ထဲတွင်ပြောသော စကား)
"ခများက အဓိပ္ပာယ်မရှိတာတွေကို တအားလုပ်တာပဲ"(ဝါကျလက်တွေ့ ပြောလိုက်သော စကား)
ဘာ ဘာ ဘာ ငါက သူတို့ကောင်းဖို့အတွက် ကူညီပေးနေတာကို။မသိတာလား ပိန်းတာလား ဟ။ငါ့လခွမ်း။
"ဘာဖြစ်လဲ . ဟွန့် (မကူညီချင်ရင်နေ လာပြီး အချောင်း မရှည်နဲ့- လေသံတိုးဖြင့်)"
"ဘာပြောလိုက်တယ်"
"ဘာကြားလိုက်လို့လဲ"
"တခုခုတော့ပြောလိုက်တယ်။ပြောစမ်းပါ "
"ငါ ကြောင်မောင်းနေတာပါ.ဘာမှ မပြောပါဘူး။နော့် ကြောင်လေး ရှူး ရှူး သွားစမ်း...အော် မင်းက မဖယ်ဘူးပေါ့ ..ဟုတ်ပြီလေ"
ခက်ဆစ် မောင်းသလောက် ကြောင်နက်သည် ထိုင်နေရာကနေ လုံးဝဆိုသလို မထသွားပေ။ခက်ဆစ်လည်း မထချင်အုံးဆိုပြီး အနီးနားရှိ သစ်ကိုင်တခုကို ကောက်ကိုင်ကာ အားနည်းနည်းထည့်၍ ကြောက်နက်အား ရိုက်ချပစ်လိုက်သည်။ထိုချိန်မှ သာ တ ညောင်ညောင် အော်ပြီး ခြုံပုတ်ထဲကို ပြေးဝင်သွားတော့သည်။ထိုမှ အလောင်းပေါ်မှာ ကျသွားတဲ့ သစ်ကိုင်းအမှုန့်တွေကို အဝတ်တခုဖြင့် ခါချကာ လက်တွေမှ ကပ်နေသော ဖုန် မှုန့်တွေကိုလည်း ပုဆိုးတွင် သုပ်ချလိုက်သည်။ပြီးနောက် ဝတ်ထားသော လက်ရှည်အင်္ကျီအား တံထောင်ဆစ်ထိ ခေါက်တင်နေချိန် မျက်လုံး ထောင့်စွန်းကနေ သူ့အား လိုက်ကြည့်နေသည့် ဝါကျကို သတိ့ထားမိ့သွားကာ မျက်နှာကြီး တခုလုံး နီရဲသွားကာ တဖက်သို့ လှည့်၍ လည်ပင်းအား ပွတ်လိုက် ခေါင်းအား ကုတ်လိုက်ဖြင့် နေရခက်နေသည်။ခက်ဆစ် လုပ်ပုံတွေကို အနောက်ကနေ မျက်လုံး အဝိုင်းလေးဖြင့် တသွင်တသွေး လိုက်ကြည့်နေသည့် ဝါကျကို ချပ်ကြီးနဲ့ ဒူးရင်းတို့က ပြုံးစိ့စိ့ဖြင့်။ဒီလိုပါပဲ ဖူဒချီဘဝက သူများကို ရှိတ်နေရရင်ကို ကိုယ်က ပျော်နေတာမျိုး။ဒီလိုပဲ သူတို့နှစ်ယောက်သာ ညားဖို့ဆိုရင် ကိုယ်တွေက ရေလာမြှောင်းပေးရုံတင်မကပဲ အဲ့မြှောင်းကို တခါတည်း ဖောက်ပြီးသားဖြစ်အောင် ဗုံတောင်ကျဲပေးနိုင်သည်။
"အဟမ်း ဝါကျ မင်း ခက်ဆစ်ကို ဘာလို့အရမ်းကြည့်နေတာလဲကွ"
ဝါကျ ဆက်ခနဲ တန့်သွားကာ ချက်ချင်းအကြည့်လွဲလိုက်ပြီး သူမဟုတ်သလိုနဲ့ ဘယ်နားကြည့်လို့လဲ ဆိုဒ်ဖြင့် မျက်နှာဘေးလုပ်ပြနေလိုက်တာများ ပန်းနုသွေးချက်ပင်။
"ဘာတွေ လာပြောနေတာလဲ"
"အမယ်...မင်းပဲ ခုနကတည်းက ဆက်တိုက်ကြီးတွေ ခက်ဆစ်ကို အလုံး နှစ်လုံးတောင် ထွက်ကျမတတ်ကြီး ကြည့်နေတာလေ"
"တော်စမ်းပါ ငါက ဟိုးနားက ဝါးပင်ကိုကြည့်နေတာပါ"
"အော်................."
ခက်ဆစ်သည် အနောက်က ပြောနေသမျှကို ကြားရတာဟာ သူ့တွက် နေရခက်သထက် ခက်စေသည်။ကိုယ်နဲ့ မတည့်တဲ့ သူနဲ့မှ ပေးစားခံရတဲ့ ခံစားချက်က သိပ်ကို ဆိုးရွားသည်။ပြီးတော့ ဒီချိန်ကြီးမှ သေးကပေါက်ချင်လာသည်။ပေါက်ချင်သော်လည်း တယောက်တည်းကျ မသွားရဲ အဖော်ခေါ်မယ်ဆိုလျှင်လည်း ဝါကျဆိုတဲ့ အကောင်က လှောင်ပြုံး ပြုံးပြီးကြည့်လာမှာကိုလည်း မခံချင်။ထိုကြောင့် ပေါက်ချင်နေတဲ့ ကိုယ့်ရဲ့ ဥလေးကို လက်ကလေးနဲ့ ဖိ့ကာ သေးမထွက်အောင် ထိန်းထားရသည်။ဒီလောက် သေးပေါက်ချင်စိတ်ကို ထိန်းနေတဲ့ကြားထဲ ကြက်သီးမွှေးများက သူငယ်နာ မကင်းသလိုမျိုးကြီး ထိုးထွက်လာသေးသည်။တဖြည်းဖြည်းဖြင့် ပဲဟင်းစားခဲ့သော အနိသင်ကြောင့် သေးပေါက်ချင်စိတ်ကနေ ချီးပါချင်စိတ်က တဟုန်ထိုး ဖြစ်လာချိန်တွင် ခြေထောက်နှစ်ဖောက်အား ကျပ်ခြေခပ်ပုံစံ လုပ်ပစ်တော့ ဥ လေး ညှပ်သွားတော့သည်။
"အ!!"
"ဘာဖြစ်တာလဲ ခက်ဆစ်"
ချွေးတွေ ထွက်နေတဲ့ ခက်ဆစ်ကို ကြည့်ပြီး တခုခုများဖြစ်နေမလားဟု ဝါကျတယောက် တွေးမိ့ကာ အနားကို တိုးကြည့်တော့ လက်ကကြက်သီးမွှေးများကို မြင်ပြီး ဘာလဲဆိုတာ ဝါကျ သဘောပေါက်သွားကာ နှုတ်ခမ်းကို ကော့နေအောင် ပြုံးလိုက်ပြီး ခက်ဆစ်ရဲ့ မျက်လုံးကို ကြည့်လိုက်ကာ ဒီလိုပြောလိုက်သည်။"အိုး အိုး လေး .. ချီးပါချင်နေတာလား"
"......"(စိတ်ထဲတွင် _ ဟိုက်ရား ဒင်းဘယ်လိုသိတာလဲ)
"ဟားမဟုတ်လောက်ပါဘူးကွ"
"....."
အမေးကို ပြန်မဖြေပဲ ပေါင်ကြားထဲကို လက်ကြီး ညှပ်ထည့်ထားပြီး ငြိမ်နေတဲ့ သူကို ဝါကျ မျက်လုံးနဲ့ ဝှေ့ကြည့်ပြီး လေပူတချက် မှုတ်ထုတ်ကာ ပေါင်ကြားထဲရှိ လက်အား ဆွဲထုတ်လိုက်တော့ ဘူ့ကြည့် ကြည့်လာတဲ့ မျက်လုံးလေးတစ်စုံ။ပြန်စိုက်ကြည့်လိုက်ပြီး လက်ကို ဆုတ်ကိုင်လိုက်ပြီး အနောက်က နှစ်ယောက်အား မလိုက်လာဖို့၊မသာအလောင်းကို သေချာ စောင့်ကြည့်ဖို့ မှာကြားလိုက်သည်။ ပြီးနောက် ရေသန့်ဘူး တဘူးနဲ့ ဓာတ်မီးတစ်လက် နဲ့ ချီးကျွင်းတူးဖို့ ပေါက်ချွန်တလက်ပါ ကိုလည်း ယူလိုက်ပြီး ရွာအပြင်နှင့် အနည်းငယ်ဝေးသော ခြုံပုတ်ထဲသို့ ခေါ်သွားသည်။
"ဘာလုပ်တာလဲ လွှတ်လို့ "
"..."
"မင်း ငါ့ကို ဘာလို့ ခြုံပုတ်ထဲ ခေါ်လာတာလဲ"
"...."
"ဝါကျ မင်း..မင်း မဟုတ်မှ ငါ့ကို...ကျား.ကျားဒိန်း ကျင့်တော့ မလို့လား ဟင်"
"ဟမ်...?"
အစကတည်းက ဝါကျသည် ခက်ဆစ် ချီးပါဖို့အတွက် ဆွဲခေါ်လာခဲ့ပေမဲ့ ခက်ဆစ်အပြောကြောင့် ခနကြောင်အ သွားရသည်။မဟုတ်က ဟုတ်ကတွေ တွေးပြီး ပြောချင်ရာပြောနေတဲ့ သူကလည်း သူ့အပြင် နှစ်ယောက်မရှိ။ဟော်ပြီးတော့ လိုရာဆွဲတွေး ကျန်းမာရေးတွေ လုပ်နေပြီး ရှက်နေတာလဲ သူ့အပြင် နှစ်ယောက်မရှိဘူး။တကယ်တည်း ဘယ်လိုလေးလဲကွာ။ဒါမဲ့လည်း ချစ်စရာလေးဖြစ်နေတော့လည်း ဝါကျတို့က မနေနိုင် စချင်ပြန်ရော။ဒီလိုဖြင့် ဝါကျတယောက် မြန်မာကားထဲက မဒိန်းကောင်တွေ ပြုံးနေကျ အပြုံးပန်းကြီးကို ခက်ဆစ်အား ပြုံးပြလိုက်သည်။
"ဟင်းဟင်း"
"မင်း..မင်း ဘာလို့အဲ့လိုကြီး ပြုံးပြတာလဲလို့ ..မပြုံးနဲ့လို့ ။..ဘာလို့ကပ်လာတာလဲ ဖယ်စမ်း..မင်းစောက်ခွက်ကြီးကို ဘေးဖယ်စမ်းလို့"
မျက်နှာနားကို ကပ်သွားချိန် ရှိသမျှ အားဖြင့် ပုခုံးအား လက်ကြီးနဲ့ တွန်းထုတ်သော်လဲ ဝါကျလို ကျွဲအားကြီးနဲ့ကောင်က ဖြုံတောင် မဖြုံပေ။လက်ကောက်ဝတ်ကို ပို၍တင်းကပ်နေအောင် ဆုတ်ကိုင်လိုက်တော့ အင့် ခနဲ အသံတိုးတိုးလေးကိုကြားကြားချင်းပင် လက်ကောက်ဝတ်ကို မကိုင်တော့ပဲ ခါးလေးအား ဆွဲဖက်ပစ်လိုက်သည်။
"ဖယ်လို့ ပြောနေတယ်လေ"
"မဖယ်နိုင်ဘူး"
"ငါ..ငါအော်လိုက်မှာနော်"
"အော်လေ..အော်စမ်းပါ။ဒီမှာ ကျုပ်နဲ့ ခများနှစ်ယောက်တည်းပဲရှိတယ်"
"လာကြပါအုံးဗျို့။ဒီမှာ ကျတော့်ကို ဝါကျက ကျားဒိန်းကျင့်မလို့တဲ့ဗျ ...ဟင့်..."
"ဟား ရှောက်အော် မနေနဲ့လေ ပိတ်ထား ပါးစပ်ကို..ပိတ်"
စွာတေးလန်ရဲ့ ပါးစပ်ကို လက်နဲ့ လိုက်ပိတ်တော့လဲ မရ လက်ကို ဆွဲ ဆွဲဖယ်ကာ အော်မြဲ အော်စဲ ဖြစ်နေတာကြောင့် နောက်ဆုံးလက်နက်ကို ထုတ်သုံးရတော့သည်။မတတ်နိုင်ဘူး ခများကပဲ ကျူပ်ကို ဒီလို ဖြစ်အောင်လုပ်တာမလို့ ခများ အပြစ်ပဲ။
"တိတ်စမ်း!!ဆက်အော်နေမယ်ဆိုရင် ကျုပ်ဒီနားတင် ခများကို ဆွဲ ချပြီး အုပ်ပစ်(လိုးပစ်)မှနော်"
"ဘာ!!မင်း.အရိုင်းစိုင်းကောင်..ဖယ်စမ်း..ဖယ်စမ်းလို့..ဟင့် လာကြပါအုံး ကျတော့်ကို အနိုင်ကျင့်နေလို့ဗျ!!!"
"တိတ်လို့ ပြောထားတယ်မလား။ဆက်အော်နေမယ်ဆိုရင် ကျုပ် ခုနက ပြောတဲ့ဟာ မလုပ်မိ့ဘူးလို့ အာမ မခံဘူးနော် မင်းခက်ဆစ်!!!"
အအော် ခံရသလို တင်းကျပ်စွာဖက်ခံထားရပြီး ရုန်းမရတဲ့ အဖြစ်ကို တွေးလိုက် ကိုယ့်အား ရိုင်းစိုင်းတဲ့ အသုံးနှုန်းတွေဖြင့် လာစော်ကားနေတဲ့ အကောင်ရဲ့မျက်ခွက်ကိုကြည့်လိုက်ဖြင့် ကိုယ့်ဟာကိုယ် စိတ်တိုမိ့သည်။ခန္ဓာကိုယ်ခြင်း အရွယ်အစားတူတာတောင် ဘာလို့ သူ့ကို မခုခံနိုင်ရတာလဲ။အားခြင်းမမျှရင်တောင် ခက်ဆစ်ဆိုတဲ့ အကောင်က မပျော့ညံ့ သည့်သူတော့ မဟုတ်ဘူး။ယောက်ျားတို့ရဲ့ ရှိသင့် ရှိထိုက်သည့် ကိုယ်ခံအားများ ရှိသော်လည်း ဝါကျနဲ့ ယှဉ်လျှင် အမြဲလိုလို ပျော့ခွေသွားတတ်သည့် သူ့၏ ခန္ဓာကိုယ်အား စိတ်တိုင်းမကျကာ စိတ်တိုတိုဖြင့် ရှိုက်ကြီး တငယ်ငိုချလိုက်သည်။
"အူဝါး..ဟင့်.အီး .အူဝါး..အူဝါးး"
"ဟ!ဘာလို့ငိုနေတာလဲ..ဟားဒုက္ခပဲ မငိုနဲ့လေကွာ.ယောက်ျား မဟုတ်ဘူးလား"
"အီး ဟင့် ယောက်ျားပဲ ဟာကို။နာရင်တော့ ငိုမှာပဲလေ အူဝါးးး"
အဆက်မပျက် အော်အော်ငိုနေတဲ့ သူကို ဘာလုပ်လို့ လုပ်ရမလဲ မသိတော့ပေ။မငိုနဲ့လို့ ပြောရင် ပို ပိုပြီး ငိုနေတဲ့ သူကိုလည်း နရင်း တွေကြီး ပိတ်ပိတ် ရိုက်ချင်မိ့သည်။ဒီနေရာမှာ တခြားတယောက်ဆိုမှသာ။ငိုနေရင်တောင် ချစ်ဖို့ကောင်းအောင် ငိုတတ်တဲ့ သူကို အံ့သြလွန်းလို့ အစ မဆုံးပေ။ဘယ်လိုများချစ်ဖို့ကောင်းအောင်ငိုနေတာလဲ လို့ တွေးနေရင်းနဲ့ ဟစိ့ ဟစိ့ ဖြစ်နေတဲ့ သူ၏ နှုတ်ခမ်း ပန်းပန်းလေး တစ်စုံစီ အကြည့်ရောက်သွားပြီး ငုံထွေးချင် စိတ်တွေ တဖွဖွ ဖြစ်လာတာကြောင့် ယောက်ျားချင်းကြီးမလို့ မဖြစ်သင့်ပါဘူးဆိုပြီး တားထားတဲ့ ကိုယ့်ဘက်က စည်းကို ဖြတ်သင့်သလား မဖြတ်သင့်သလားဆိုပြီး စဉ်းစားနေရင်း...။
"ပြွတ်စ်..အင့်.ပြွတ်စ်..ပြွတ်စ်...ဟင့်..ပြွတ်စ်..ဘာ.ပြွတ်စ် ..ပြွတ်စ် ..ဟင့်.ဖယ်..ပြွတ်စ်..ပြွတ်စ်"
ဘာမှ မစဉ်းစားနိုင်တော့ပဲ နမ်းပြီးရင် နမ်းချင်လာတာကြောင့် အဆက်မပြတ် နှုတ်ခမ်းတွေအား စုတ်ယူနမ်းရှိုက်နေကာ အနောက်ဘက်ရှိ သစ်ပင်နားသို့ တဖြေးဖြေး တွန်းခေါ်သွားရင်း အနားလည်းရောက်ရော် ခါးလေးကို ဖက်တွယ်ထားသည့်လက်အား ဖြုတ်ချပြီး ခက်ဆစ်၏ လက်ချောင်းများဆီသို့ တချောင်းနဲ့တချောင်း (လက်ချောင်း) ထိ့ကပ်နေအောင် ဖိ့ကိုင်ထားလိုက်သည်။ဒါတောင် တဖက်ကသူက လက်ကို ရုန်းပြီး ရင်ဘတ်အား တဘုန်းဘုန်းဖြင့် ထုနေသေးသည်။၂၅မိနစ်လောက်ထိ နမ်းနေရင်းနဲ့ အသက်ရှုကျပ်မှာဆိုးလို့ ချက်ချင်းရပ်ပစ်လိုက်တော့ ဟောဟဲ ဆိုပြီး အငမ်းမရ ပါးစပ်ကြီး ဟပြီး အသက်ရှုနေပုံလေးကစ ဆွဲလုပ်ချင်စရာလေး။ကျုပ် စိတ်မထိန်းနိုင်တဲ့ တနေ့ ခများ စုတ်ပြတ်သတ်ဖို့သာ ပြင်ထားတော့။
"မင်း...ဘာလို့ ငါ့ကို နမ်းတာလဲ"
"အူးယားလာလို့"
"ဘာကိစ္စ အူးယားရတာလဲ"
"ခများဖြစ်နေလို့"
"မင်း..မင်းလုပ်ချင်ရာ လုပ်နေတာ ဒါနဲ့ဆို နှစ်ခါ ရှိပြီနော် ဝါကျ"
"သုံးခါဖြစ်သွားအောင် ထပ်လုပ်ပေးရမလားဗျာ"
"ဝါကျ မင်းကို ငါ့ အဘနဲ့ တိုင်ပြောမှာ"
"တိုင်လေ ကြိုက်သလောက်တိုင်။အေး ခများတခါတိုင်မယ်ပြောတိုင်း ကျုပ်သုံးခါ နမ်း မှာ"
"မင်း!!!.."
"ရွတ် ရွတ် ရွတ် (ခြေသံ)"
ဝါကျတို့နဲ့ မလှမ်းမကမ်းနားက လူခြေသံလိုလို အကောင်တကောင်ရဲ့ ခြေသံလိုလို မကျယ်တကျယ်လေးကို နှစ်ယောက်သားကြားလိုက်ရသည်။စိတ်မသက်မသာ ဖြစ်တာကြောင့် သေချာအတည်ပြုလို့ရအောင် ဝါကျတယောက် ပုဆိုး နဲ့ ခါးကြားထဲ ထည့်ထားသော ဓာတ်မီးကို မီးဖွင့်ပြီး အသံ လာရာအရှေ့ဘက်သို့ ထိုးကြည့်လိုက်တော့ ဘာမှ မရှိနေပေ။ဒီလိုဖြင့် စိတ်အေးသွားပြီး အနောက်ဘက်ကို ဓာတ်မီးဖွင့်ရက်ဖြင့် လှည့်ကြည့်လိုက်ချိန် ခက်ဆစ်၏ မျက်နှာနဲ့တည့်တိုးသွားကာ သရဲမှတ်ပြီး ခြေထောက်ဖြင့် ပစ်ကန်ချလိုက်တာများ ခက်ဆစ် ဘုန့်ခနဲ မြေကြီးပေါ်သို့ ပလက်အနေထားဖြင့် ပြုတ်ကျသွားကာ ဖင်အောင့်သွားရသည်။
"အာ့ !! ဘာလို့ ငါ့ကို ကန်တာလဲ"
"အမ် တောင်းပန်ပါတယ် ကျုပ် သရဲမှတ်သွားလို့။တောင်းပန်ပါတယ်။အရမ်းနာသွားလားဟင်"
ကန်ချပြီးမှ နာသလားလို့မေးတော့ ငါက မင်းကို သွားတွေ ဖြီးပြီး ဂင်ချားနာ ဂင်ချားနာ ရော ဆိုပြီး ပြုံးပြုံးကြီးနဲ့ ပြန်ဖြေနေရမလား သူတောင်းစားရဲ့။
"မင်းခံကြည့်ပါလား နာလား မနာလား သိချင်ရင်"
ခံကြည့်ပါလားလို့လည်း ပြောရော် မျက်နှာကြီးကို မဲ့ရွဲ့နေလိုက်တာများ လွန်ရော်။ငါက ပြုတ်ကျတဲ့ သူနော် ထူ ပေးဖို့ အစီစဉ်မရှိဘူးလားဟ။ဒီလူ လူမှုရေးတွေ ဘာတွေ မသင်ခဲ့ရဘူးလား။
"ဒီတိုင်းရပ်ကြည့်နေအုံးမှာလား"
"ဟမ်?"
"ထူ ပေးအုံးလေ..တညလုံး ဒီတိုင်းထားထားမလို့လားဟမ်"
"အော်အေး ဖြေးဖြေးထ။အရမ်းနာသွားလား ခများ"
"နာပါတယ်ဆိုမှ..ခနခနမေးနေတော့တာပဲ"
"ဘယ်နား နာသွားတာလဲ ကျုပ်ကိုပြ"
"ဒီနားလေး"
"တင်ပါးပဲ လမ်းလျှောက်နိုင်ရဲ့လား"
"အွန်း လျှောက်နိုင်တယ်"
"ဒါဆိုလည်း ကျူပ်ကို တွဲမနေနဲ့တော့လေ။ကျုပ်လက်မောင်းတွေ နာတယ်ဗျ"
"အော် အေအေ ဆောတီးနော်"
သူ့အား သက်သာရင် မတွဲနဲ့တော့လို့လဲ ပြောရော အသေးလေးက ချက်ချင်းကိုပြန် ရွဲ့တာ တော်ချက်ဗျာ။"ဟားဟား ကျုပ်က စတာပါဗျ"
"...."
မျက်စောင်းလှလှလေး တချက်ကြောင့် ရင်တွေ ခုန်ပေါက်သွားမယ်လို့မထင်ထားခဲ့ပေ။အနောက်ဘက် အမဲရောင် အရိပ်ကြီးတခုသည် ဝါကျတို့နှစ်ယောက်အား သစ်ပင်အကွယ်ကနေ ကြောက်စရာကောင်းသော မျက်လုံးများဖြင့် ချောင်း၍ကြည့်နေကာအနောက်ကနေ တောက်ရှောက်လိုက်လာခဲ့သည်။
"ခများ ချီးမပါချင်တာ သေချာရဲ့လား"
"သေချာပါတယ်ဆို။မင်းခနခနပဲ မေးနေတာနော်!!"
ဆက်တိုက်ကြီးတွေ မေးလာတော့ စိတ်တိုလာမိ့သည်။ခုနကတည်းက သူ့လုပ်ချင်ရာလုပ်ထားလို့ စိတ်တိုနေပါတယ်ဆို စကားတွေ ဆက်တိုက်ကြီးတွေ လာလာပြောနေတော့ ပေါက်ပြီပေါ့။အော်လိုက်မိ့ပေမဲ့လည်း စိတ်မကောင်းတော့ ဖြစ်သွားရတယ်။တသက်နဲ့ တကိုယ် လူတယောက်ကို လက်လွှတ်စပယ် မအော်ဖူးပေ။ဒီဝါကျဆိုတဲ့ အကောင်နဲ့မှ သာ ဒီဒီ လိုမျိုး အဆဲစုံလာရော(ထိခိုက်လိုစိတ်လုံးဝမရှိ)။
"ကျုပ်က ခများကို စိတ်ပူလို့ပါ"
ဟော်လူကို ပန်းနုသွေးလာလုပ်ပြနေတယ်။သနားအောင်လည်း လုပ်တတ်ပါ့နော် ဝါကျ။တကယ် အကယ်ဒီမီ ဆုပေးရလောက်တယ်။
"ဟုတ်ပါပြီ ငါအဆင်ပြေပါတယ်"
"အွန်း"
အသံကို တိုးတိုးလေးဖြင့် တလုံးတည်းသာ ပြန်ပြောပြီး အသံတိတ်သွားသည်ကား ခက်ဆစ်ကို စိုးရိမ်စိတ်များလာစေသည်။သို့သော် ခက်ဆစ်သည် တလုံးတလေမှ မဟ သလို ဝါကျသည်လည်း တလုံးတလေမှ မဟပဲ တလမ်းလုံး တိတ်ဆိတ်စွာ လမ်းလျှောက်နေသည်။ခက်ဆစ်သည်လည်း ဝါကျရဲ့ အနောက်ကနေ ထပ်ကျပ်မကွာ လိုက်လျှောက်နေပြီး ဒီလေထုကြီး က နေရခက်လွန်းလို့ အလောင်းရှိရာနားကို အမြန်ပင်ရောက်ချင်လာတော့သည်။
______________________
တဖက်တွင် ချပ်ကြီး နဲ့ ဒူးရင်းတို့ ယူလာခဲ့တဲ့ ထန်းရည်အိုးတွေအား ချဖို့ မသာအလောင်းအောက်တွင် ခံထားသော အဝတ်စလေးအား ဆွဲယူပြီး အောက်တွင် ခင်းလိုက်ပြီး အမြည်းဖြစ်သော ဘဲကင်၊ပဲကြီးလှော်၊နေကြာစေ့နဲ့ ထန်းရည်ငှဲ့ဖို့ ခွက်အား ချလိုက်သည်။ပြီးနောက် မသာအလောင်းကြီးကိုလည်း စောင့်ကျပ်ရင်း ဝါကျတို့ အလာကိုလည်း စောင့်နေရင်းနဲ့ သောက်ပြီးရင်း သောက်နေကြသည်။ထန်းရည်လေး သောက်လိုက် အမြည်းလေးစားလိုက်လုပ်နေရင်းနဲ့ မူးစပြုလာကြပြီး ချပ်ကြီးတယောက် စကားဆိုလာသည်။
"ဟျောင့် ဝါကျတို့က မလာသေးဘူးနော်"
"အေးကွ။တော်တော်ကြာနေပြီ"
"တခုခုများ ဖြစ်နေလို့လားမသိဘူးနော်"
"ဖပ်ဖပ် ..ဘာတွေရှောက်ပြောနေတာလဲ"
"ငါဒီတိုင်းပြောလိုက်တာပါ။မင်းတံထွေးတွေ ငါ့ခွက်ထဲ ဝင်ကုန်ပြီကွ..ကြည့်အုံး"
"ဆောတီးဆောတီး ဟီးဟီး"
"ဟွန့်..ငါ သေးပေါက်ချင်လာသလိုပဲ"
"အေ သောက်လေ ရော့ ခွက်"
"ဟား ငါ သေးပေါက်ချင်တာကွ မင်းကလည်း"
"အော် အေ ပေါက်လေကွ ရော့ ဓာတ်မီး ယူသွားပေါက်"
ဓာတ်မီးဆိုပြီး ပါးစပ်က ပြောနေပေမဲ့ထန်းရည်ထည့်ထားသော ခွက်ကြီးကိုသာ အတင်းထိုးပေးနေသည့်သူငယ်ချင်းဖြစ်သူကို ဖြတ်ကြည့်ရိုင်ချင်လာသည်။
"ဓာတ်မီးတောင်းနေတာလေကွာ"
"ဒီမှာလေ ဓာတ်မီး မင်းကန်းနေလား ရော့ပါဆို မြန်မြန် ယူသွားပေါက်ပြီး လာခဲ့"
သူအတပ်ပြောနေလို့ မျက်လုံးကို နှစ်ခေါက်လောက်ပွတ်သပ်ပြီး ကြည့်လိုက်တော့ အမှန်တကယ် ဓာတ်မီးပင်ဖြစ်နေသည်။ငါပဲ မူးနေတာလား။သူပဲ ငါ့ကို နောက်နေတာလားမသိတော့။စိတ်ရှုပ်စွာနဲ့ ခေါင်းကို ကုတ်ပွတ်လိုက်ပြီး ဓာတ်မီးကိုယူကာ အလောင်းနဲ့မဝေးသော ခြုံပုတ် ကိုသွား၍ ပုဆိုးမပြီး သေးပန်းလိုက်တော့သည်။ထိုချိန် ဓာတ်မီးကို အောက်တွင် ချထားပြီး ခြုံပုတ်ဘက်ကို မီးလှည့်ထားတာကြောင့် ချပ်ကြီးရဲ့ ပုဆိုးမထားသော အောက်ပိုင်း ခန္ဓာကိုယ်က အမှောင်ထဲတွင်ရှိသောကြောင့် မမြင်ရပေ။ထိုချိန်တွင် ချပ်ကြီးအနောက်သို့ ခြေသံတချို့ လျှောက်လှမ်းလာပြီး ချပ်ကြီး အနီးနားမရောက်ခင် ရပ်တန့်သွားခဲ့သည်။ချပ်ကြီးသည် ထန်းရည် အရှိန်ကြောင့် ခြေသံတွေကို သဲသဲကွဲကွဲ မကြားရတော့ပဲ ဒူးရင်းဟုသာ ထင်ပြီး စကားလှမ်းပြောလိုက်သည်။
"မင်းလည်း သေးလာ ပေါက်တာလား"
"...အေး..."
အသံသည် ကျောချမ်းစရာကောင်းလောက်အောင် နက်ရှိုန်းလှပြီး တိုတိုနဲ့ ပြတ်သားလွန်းသည်ကာ ကြောက်စရာ လေထုကို ပေးစွမ်းနိုင်ပေမဲ့ မူးနေသူ ချပ်ကြီးအတွက်ကတော့ သေးပေါက်တောင် မရပ်ပေ။တိတ်ဆိတ်သွားတာကြောင့် နောက်ထပ်စကားဆိုလိုက်သည်။
"ဝါကျတို့ ပြန်ရောက်ပြီလား"
"...အေး..."
ထပ်ပြီး ကြောက်စရာကောင်းအောင် ထပ်ပြောလာပေမဲ့ ချပ်ကြီးတယောက် သတိကိုမထားမိ့သေး။သေးပေါက်ချင်း အမှုပြီးဆုံးတော့ အောက်တွင်ချထားသော ဓာတ်မီးကို လှမ်းယူချိန်တွင် ဓာတ်မီးသည် ထိုနေရာတွင် မရှိတော့ပေ။ဟိုနားဒီနား စမ်းကြည့်သော်လည်း မတွေ့သောကြောင့် အနောက်ဘက်တွင်ရှိသော သူအား လှမ်းပြီး ကြည့်လိုက်ချိန် မှောင်နေသောကြောင့် မမြင်ရပေ။ချပ်ကြီးလည်း လက်နှစ်ဖက်ကို လေထဲတွင် မြှောက်ကာ တဖက်ကသူ၏ မျက်နှာအား စမ်းလိုက်၊ခန္ဓာကိုယ်အား စမ်းလိုက်ဖြင့် လုပ်နေချိန်တွင် ထူးဆန်းစွာ ရင်ဘတ်နားတွင် ဖောင်းကားနေသော အိ့ကျိ့ကျိ့ အလုံးကြီး နှစ်လုံးအား ဆုတ်ကိုင်မိ့သွားသည်။ချပ်ကြီးလည်း သူငယ်ချင်းဖြစ်သူတွင် ဒီလိုအလုံးကြီး နှစ်လုံး ရှိမရှိကို ပြန်စဉ်းစားယူလိုက် ထိုအလုံးကြီး နှစ်လုံးအား ညစ်လိုက်ဖြင့် လုပ်နေ၏။ထိုချိန် သတိထားမိ့သည်ကား တဖက်ကသူသည် ယခုချိန်ထိ အသံတစက်မျှ မထွက်လာသေးပေ။ထိုကြောင့် အနားကို ကပ်ပြီး သေချာ စမ်းလိုက်ချိန် ဆတ်ခနဲ့ လုပ်သွားသော ခန္ဓာကိုယ်ကြောင့် ချပ်ကြီးလက်ကို ပြန်သိမ်းလိုက်သည်။ပြီးနောက် အမှောင်ထဲက မဲသဲနေသော သူသည် ချပ်ကြီးအား ကြည့်နေရင်း သူ၏ခေါင်းသည် တဖြေးဖြေး အောက်သို့ရောက်သွားကာ တခုခုတွေ့လိုက်သည်ထင် ပြန်၍ အပေါ်သို့ ထောင်လာပြီး အောက်ကိုတလှည့် အပေါ်ကို တလှည့်ဖြင့် ခေါင်းအားအပေါ်အောက် လှုပ်ရမ်းနေပြီး နောက်ဆုံး...။
"အမယ်လေး လေး။ဂွေးကျိ ကြီးဗျို့"
ဒီတခေါက်အတော်လေး Up ကြာသွားခဲ့တဲ့ အတွက် စောင့်ဖတ်ပေးနေကြတဲ့ သူလေးတွေကို ကျတော်ကနေပြီး အနူးညွှတ်တောင်းပန်ပါတယ်ဗျာ🥺🥀။တကယ့်ကို အရင်လက ခက်ခဲ တဲ့အချိန်လေးတွေ အတော့်ကို များခဲ့ရလို့ပါ😭😞။အပိုင်းတွေပေါင်းလိုက်တော့ View တွေတောင် လျော့ကုန်ပြီဗျာ!ဟဟ..။ဒါပေမဲ့ စာဖတ်သူတွေအတွက် ပိုကောင်းအောင် ရေးနိုင်ဖို့ကသာ ပထမ မလို့ အတတ်နိုင်ဆုံး မြန်မြန် နဲ့ စာလုံးပေါင်းမှန်မှန်နဲ့ ရေးပြီးတင်ပေးပါ့မယ်ဗျာ။❤️ကျေးဇူးပါ ~~~❤️
YOU ARE READING
တောသားလည်း ချစ်တတ်ပါ၏ "
Short Storyဝါကျ - ဒီမှာ တခါတည်းပြောထားမယ် ကျုပ်ဆိုတဲ့အကောင်က ဗလ လည်းရှိတယ်၊ဇလည်းရှိတယ် မရှိသေး ယောက်ျားပဲ မှတ်ထား။ ခက်ဆစ် - ဝါကျဆိုတဲ့ အကောင်ကို ယူမဲ့အစား မြန်မာပြည်သိန်းတန်ကိုပဲ လင်တော်ပစ်လိုက်မယ်ဟေ့" 💕ဝါကျ & ခက်ဆစ်💕 ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ချင်သူများသာ ဖတ်စေလ...