Part - 3

320 18 0
                                    

မှတ်ချက် ။ ။ယခုဇာတ်လမ်းတွင် ပါဝင်သောအကြောင်းအရာများသည် စိတ်ကူးယှဉ် ရေးသားထားပြီး စာသားများတူညီနေပါက တိုက်ဆိုင်မှု တခုသာဖြစ်သည်။

"ခွမ်! ဂလုန်း! ဂလန်း! ခွမ် !ဂွက် !ဂွမ်း ဂွတ်းးးဂွက်!!"

ဒီနေ့ ဝါကျတစ်‌ကောင်   မီးဖိုချောင် ထဲသို့ မနက် ၃ နာရီကတည်းက ဝင်ပြီး ဘာတေလုပ်နေမှန်းမသိ ‌အသံ
မျိုးစုံနဲ့ ဗြောင်းကို ဆန်နေတာပင်။သူကြောင့် တစ်အိမ်လုံးတင် မက တစ်ရွာလုံးပါ နိုးလာတော့မည်။

"ဟားဗျာ ..ကိုကြီး အစောကြီးထပြီး ဘာတွေလုပ်နေတာလဲဗျာ.နားကိုငြီးနေတာပဲ ကောင်းကောင်းကိုမအိပ်ရဘူး"

ဝါကျမှ ဖြေသံမလာပေ။

"ဝါကျရယ်  မိုး မလင်းသေးဘူး နင်ဘာတွေ မွှေ နေတာလဲ"


ဝါကျ တိတ်ဆိတ်မြဲ တိတ်ဆိတ် ဆဲပင်။မိခင်မှ စိုးရိမ်လာတာကြောင့်

"ဟဲ့..ဝါကျ!နင် .နင် တခုခုဖြစ်နေတာလား"

"အ.‌အမေ ကို.ကိုကြီး 'အ.အ.အဖုတ်'ဝင်နေတာပဲနေမယ်!"


"ဟယ် လွဲပါစေ ဖယ်ပါစေ.ဘာတွေပြောနေတာလဲ မေးခွန်းရယ်"

"ဒီချိန်ကြီး ထပြီး ထမင်းစားနေတာ 'အဖုတ်'တွေပဲရှိတယ်လေဗျ"


"ဘယ်လိုလုပ်ရမလဲ အာ့ဆို"

"ကျုပ်ကြားဖူးတယ် "အဖုတ်"ဝင်ရင် အနောက်ကနေ 'ထွက်စမ်း ဟဲ့ အဖုတ်'ဆိုပြီး သုံးခေါက်လောက်ရိုက်ပြီး ဆိုရင် ချက်ချင်းထွက်တယ်တဲ့..အားပြင်းဖို့တော့လိုတယ်တဲ့"

"ဟယ် ဟုတ်လို့လား..ငါ့သားက နဂိုကတည်းက ကျပ်မပြည့်ပါဘူးဆို  ရိုက်လိုက်မှ ရူးသွားပါအုံးမယ်တော်"


"ဟုတ်လို့ပြောတာပေါ့ဗျာ..မြန်မြန်ရိုက်လိုက်ပါ နမို့ ကျုပ်အကိုကြီး  လင်မရသေးပဲ တသက်လုံး 'အဖုတ်'ဘဝနဲ့နေသွားရလိမ့်မယ်ဗျ"

ဝါကျသည် တကယ်ကို "စွံ,အ,နားမကြား"သကဲ့သို့   လှည့်လည်းမကြည့်လာသလို မီးဖိုချောင် ထဲမှာပဲ ကုတ်ကုတ်ဖြင့် ငြိမ်နေဆဲပင်။ဒေါ်စံပယ် ဝါကျကို စိုးရိမ်လာတာကြောင့် မီးဖိုချောင် ရဲ့ အဝင်ဝတွင် ချိတ်ထားသော ၃လက်မလောက် ထူသည့် ဒန်အိုးကို လက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်ကာ "အဖုတ်"ထွက်စေရန် အနောက်ကနေ အားကုန် သုံးကာ  ၃ချက်လောက် လွဲရိုက်ပစ်လိုက်သည်။ဒါမှ "အဖုတ်"ထွက်မည်မလား။

တောသားလည်း  ချစ်တတ်ပါ၏ "Where stories live. Discover now