Part - 1

997 42 9
                                    

မှတ်ချက်။ ။ ယခုဇာတ်လမ်းတွင် ပါဝင်သောအကြောင်းအရာများသည်စိတ်ကူးယှဉ်ရေးသားထားပြီး စာသားများတူညီနေပါက တိုက်ဆိုင်မှုတခုသာဖြစ်သည်။


သာယာလှတဲ့မနက်ခင်းရဲ့အလှနဲ့တောရွာရဲ့အလှပေါင်းစီးလိုက်ချိန်မှာ အသက်ဝင်လာတဲ့ပန်းချီကားတစ်ချပ်ပမာ ငြိမ့်ညောင်းလှတဲ့ ချောင်းရေ အသွင်းသွင်း စီးသံလေးနဲ့ တေးငှက်တို့ရဲ့ အသံဟာဆို ပြောစရာကိုမလိုတော့ လုံးဝ ပါဖက်။တစ်ခုပဲ မိုးမလင်းတလင်းဆိုတိုင်း လူတကာမနိုးနိုးအောင် လုပ်နေတဲ့ ဟိုးဘက်အိမ်က ဉီးကျင်းကြီးရဲ့ ကြက်ဖစုတ် အသံပဲ။အယ်..ဒါနက် ဉီးကျင်းကြီးဆိုမှ  ဟိုကျင်ကြီးကျင်ငယ်ကိုပြောတာမဟုတ်ဘူးနော်။ကျုပ်တို့ရွာကသူတွေရဲ့နာမည်ကိုက ဆန်းဆန်းပြားပြားကြီးတေပဲ။ဘာလို့ဆိုအိမ်တစ်အိမ်မှာကလေးမွေးရင် အဲ့ကလေး လသားအရွယ်ရောက်ရင် အရင်ဆုံးလှမ်းကိုင်တဲ့ ပစ္စည်း၊ လက်ညိုးထိုးမိ့တဲ့ပစ္စည်း နာမည်ကို ပေးလေ့ရှိကြတယ်။ရွာရဲ့ဓလေ့ဆိုလည်း မမှားဘူးပေါ့ဗျ။ဖြစ်ချင်တော့  ဉီးကျင်ကြီးက သူရဲ့ လသားအရွယ်မှ အိမ်သာထဲက ကျင်ကြီးဖြစ်တဲ့ "ချီး"ကိုလက်နဲ့အမိ့အရကိုင်ပြီး ဆော့ရင်းကိုကျင်ကြီးဆိုပြီးနာမည် တွင်ခဲ့တာပဲဗျာ။ဒါပြင်ရှိသေးတယ်  ဉကြီး၊ပဲကြီး၊မိ့ဖုတ်၊မိ့စုပ် အိုးးးပြောရင်တောင် ကုန်မယ်မထင်ပေါင်။


ဒီလိုဟိုလိုနဲ့တဖြည်းဖြည်းမိုးလင်းစပြုပြီဆိုတော့ ကလေးအစခွေးအဆုံးအကုန်နိုးကြပြီပေါ့ဗျာ။တောရွာရဲ့ထုံးစံအတိုင်း သနပ်ခါးအဖွေးသားနဲ့ပေါ့။မနက်စားထမင်းကြမ်းတွေကိုစားပြီး စိုက်ခင်းသွားသူကသွား၊အိမ်ကခြံတွေထဲမှာ ပန်းခင်း ကို ပေါင်းသန့်ရှင်း လုပ်သူက လုပ် နဲ့ အလုပ်ကိုယ်စီဖြစ်နေကြတဲ့ချိန်

ကျုပ်ကတော့ အမေ့ရဲ့ဆဲဆိုအော်သံချိုချိုလေးမကြားရမချင်း ချစ်လှစွာသော အိပ်ယာထပ်ကနေ ထမြန်းရိုးထုံးစံမရှိတာကြောင့် အခုလည်း မားသားမိခင်ကြီး မအော်မချင်း အိပ်စက်အနားယူနေလျက်ပေါ့ဗျာ......

 
"ဟဲ့ဝါကျ!!ဟဲ့!ဟဲ့!အိပ်နေရင်း သေပြီးလားဟဲ့!..ထစမ်းပါ!..မိုးလင်းလို့ နေဖင်ခေါင်းထဲဝင်တော့မယ်ဟဲ့.."

ထိုချိန်စောင်ပုတ်ထဲမှမျက်လုံးပိတ်ရင်း
"ဟား ‌..မေကလည်းဗျာ ဘယ်နေမှ ကျုပ်ဖင်ထဲမဝင်ဘူး . နေမင်းဖင်ခေါင်းထဲပဲ ကျုပ်ဟာကြီးဝင်ပစ်မှာ"

"ဂေါက်.ဂေါက်..ဂေါက်!! "

"အား!!!!!!"

မားသားမိခင်ကြီးမှ စောစောစီးစီး ခေါက်ဆွဲကျွေးလိုက်သောကြောင့်ဝါကျမဖွင့်ချင်ဖွင့်ချင်နဲ့အလုံးနှစ်လုံးအားပြူးပြဲဖွင့်လိုက်ပြီး မျက်နှာသစ်ဖို့အိမ်အောက်ထပ်ကို ဆင်းရပါတော့တယ်။ဝါကျတို့အိမ်သည် နှစ်ထပ်အိမ်ကလေးဖြစ်ပြီး ရေနံကြီးသုတ်ထားကာ ခြံဝန်းထဲမှာဆို ပန်းပင်အနည်းငယ်စိုက်ပျိုးထားသေးသည်။လယ်ယာဧက အနည်းငယ်ပိုင်ဆိုင်ထားကာ ကိုယ်တိုင်စိုက်ခင်းထဲ ဆင်းတာ‌ကြောင့် ဝမ်းရေးတွက် မပူရပေ။လိုရမယ်ရဆိုပြီး အရင်နှစ်က စပါးထွက်နှုန်းအားကောင်းသောကြောင့် ထော်လာဂျီတစ်စီးတောင် ဝယ်ထားသေး။ဝါကျသည် မနက်စာစားပြီးတိုင်း လယ်ယာထဲကိုဆင်းပြီး ပေါင်းသင်၊ဆေးဖျန်းကိုနေ့လည်ထမင်းစားချိန်ထိ လုပ်တတ်သေးသည်။ဝါကျတွင်အရင်ကမိသားစုစုံစုံလင်လင်ရှိသော်ငှားယခုတွင်တော့ ‌မေနှင့်ညီလေးသာရှိတော့သည်။

အဖေသေလို့လားဆိုလျှင်မဟုတ်ပေ။ဖေဖေသည်‌မေနဲ့မယူခင်ကတည်းကမိန်းကလေးများကိုစိတ်ဝင်စားချင်းမရှိပဲမိဘများကအတင်းပေးစားချင်ကြောင့်ယူရပြီး‌အဖေ့မိဘများဆုံးသည်ဟုကြားကြားပြီးချင်းပဲ မေနှင့်ကွာကသူရဲ့ချစ်ရပါသောကိုကိုနောက်ကိုတစ်ချိုးတည်းလိုက်သွားခြင်းကြောင့်သာ။‌ကျုပ်စဉ်းစားမိ့တာမေက‌ ဖေဖေလင်ယူတာကိုစိတ်ဆိုးချင်းမရှိပဲ ကျုပ်အဖေကို ဘာကြောင့်လွယ်လွယ်ကွာရှင်းပေးတာလည်းဆိုတာကိုပေါ့။မချစ်လို့များလား။အိုး....မိန်းက‌လေးစိတ်တေများတယ်လည်းခန့်မှန်းရခက်သကိုး...

တောသားလည်း  ချစ်တတ်ပါ၏ "Where stories live. Discover now