Part-4
လန်ဒန်မြို့၏ နံနက်ခင်းလေပြေအေးသည် ဖွင့်ထားသော ပြတင်းပေါက်မှ တဆင့် ပျံ့လွင့်လာသည်။ သာယာသော နေ့ရက်တိုင်းသည်မိန်းအတွက်တော့ ပုံမှန်နေ့ရက်များလိုပင်ဖြစ်သည်။
ဆေးရုံက ဆင်းလာပြီးနောက်ပိုင်း မာမီ ဒယ်ဒီ တို့သာမက ကိုစစ်နဲ့ မေက ပါ အနားတွင် အမြဲရှိနေပေးကာ မိန်း ပျော်အောင် ၊ လိုလိုလေးစိတ်မရှိအောင်တတ်နိုင်သလောက် ထားပေးကြသော်လည်း မိန်း နှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာမှ လစ်ဟာမှုကိုတော့ မည်သူမျှ မဖြည့်စည်းပေးနိုင်ကြပါ။
ထို့ပြင် မိန်း၏ အိမ်မက်ဆိုးများသည်လည်း
တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသည်။ ယခင်က ရက်ခြာ ရက်ခြာမက္လေ့ရှိသော ထို အိမ်မက်ဆိုးတို့ကို နေ့တိုင်း နီးပါ မက်သည်။မာမီ တို့ကိုတော့ စိတ်ပူမှာဆိုးလို့ မပြောဘဲ သာနေပြီး စိတ်ငြိမ်ဆေးနှင့် အိပ်ဆေး မှာတော့ မိန်း၏ အဖော် ဖြစ်လာရသည်။
မည်သည့်အကြောင်းအရာကို စဉ်းစားတိုင်းဗလာဖြစ်ကာ အဖြေ မရှိသော ဦးနှောက် နှင့်တစ်စုံတစ်ခု အင်း ဒါမှမဟုတ် တစ်စုံတစ်ယောက် အတွက် လစ်ဟာနေသော နှလုံးသားနှင့် မိန်း ရှေ့ဆက်နေရသည်။ ပစ္စုပန်တွင်သာ အတတ်နိုင်ဆုံးနေရန် ကြိုးစားနေသည့်အခါ
အတိတ်အကြောင်း ကို မစဉ်းစားမိရန် မိမိစိတ်ကိုယ် မိမိ တားဆီးနိုင်သော်ငြား ရင်ထဲမှလာသည့် သာမန် မဟုတ်သော ၊ နေရခက်သော ခံစားချက်ကိုတော့ မိန်း တားဆီးမနိုင်ပါလေ။
သာမာန် ခုန်နှုန်းဖြင့် တဒုတ်ဒုတ် ခုန်နေသော နှလုံးသားလေးသည် တစ်စုံတစ်ရာကို ရှာဖွေနေဟန်ရှိသည်။ ထိုအရာသည် ဘာဆိုတာ ကို မိန်းမည်သို့မှ မစဉ်းစားနိုင်ပါ။ မိန်း ၏ အတိတ် က ကိစ္စ များနှင့် ပတ်သတ်နေမည်ဟု တထစ်ချ ယုံကြည်ထားသည်။
" ငယ်လေး မနက်စာလာစားတော့လေ"
တိုက်၏ အပေါ်ဆုံးထပ် ဝရံတာတွင် အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့် လေညှင်းခံနေသော မိန်းကို မာန်နှောင်းစစ် မှ နံနက်စာ စားရန်လာခေါ်ခြင်းဖြစ်သည်။
YOU ARE READING
Mystery of Love
Romanceကိုမာကနေ နိုးထလာပြီးနောက် အတိတ်မှတ်ဉာဏ်များပျောက်ဆုံးသွားပြီး လစ်ဟာနေတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ အတိတ်က ကောင်လေးတစ်ယောက်