အခန်း-၁၇

737 45 4
                                    


ယနေ့တွင်တော့ မိန်းခွန်းစစ်တစ်ယောက်
ကျောင်းသို့စောစောရောက်လို့နေသည်။အကြောင်းကတော့ ထွေထွေထူးထူးရယ်မရှိပါ။
အစောထကာ လမ်းလျှောက်သည့်ရက်မို့ အိမ်မှာလည်းပြန်မအိပ်ချင်တာနှင့် ကျောင်းသို့လာလိုက်ခြင်းသာ။

" ဟဲ့ သား ကျောင်းသွားတာမစောဘူးလားဟယ်"

မိခင်ဖြစ်သူက ရှမ်းခေါက်ဆွဲပူပူလေးကို သားဖြစ်သူအတွက် ပြင်ပေးရင်းမေးသည်။

" ပြန်မအိပ်ချင်တော့လို့လေ မေမေ
ပြီးတော့ မနေ့ကမှကျောင်းစတက်တာဆိုတော့ ကျောင်းကိုပတ်မကြည့်ရသေးဘူးသေချာလေး"

" ဒီချိန်ကြီးကြ ကျောင်းမှာ လူတောင်မရှိသေးဘူးလေ သားငယ်ရဲ့"

မိခင်ဖြစ်သူပြောတာမှန်သည်။ ယခုမှ အချိန်က နံနက် ၆ နာရီ။

" အာ မေကလည်း စားတာ သွားတာနဲ့ ၇ နာရီဝန်းကျင်ပေါ့။ အဲ့ချိန် ဆရာမတွေတော့ရောက်လောက်ပါတယ်"

" အေးပါအေ သားသဘော
Canteen ကကျွေးတဲ့နေ့လည်စာက အဆင်ပြေလို့လားသားရယ် ။ မေမေချက်ပေးပါမယ်"

" အာ မေကလည်း မေမေ့ကို နားစေချင်လို့ဟာကို
ပြီးတော့ ဆိုင်နဲ့ အားတာလည်းမဟုတ်
ကျောင်းက စားဖိုမှူးတွေက ဆုတွေဘွဲ့တွေတောင်ရထားတာတွေ။ ကျောင်းသားတွေ တစ်နေ့လိုအပ်တဲ့ အာဟာရကို ဖြည့်ပြီးကိုကျွေးတာ"

" ဟင်း"

ထိုအခါမှ မိခင်ဖြစ်သူလည်း လျှော့သွားကာ

" အေးပါသားရယ် ကျောင်းဟင်းတွေရိုးရင် မေ့ကိုပြော ကြားလား"

" ဟုတ်မေမေ ။ ညစာနဲ့ မနက်စာဘဲ ကောင်းကောင်းလေးကျွေးရင်ရပြီ"

" ကဲ ဟုတ်ပါပြီ"

ထို့နောက် မိခင်ဖြစ်သူပြင်ပေးသော ရှမ်းခေါက်ဆွဲကိုစားပြီးနောက် ကျောင်းသို့ သွားလေတော့သည်။

ကျောင်းရောက်တော့ နံနက် ၆:၅၀ မိနစ် ။
ထင်တဲ့အတိုင်း ကျောင်းစောင့်က လွဲရင် မည်သူမျှမရှိသေး။ မည်သူမျှမရှိသည့်ကျောင်းဆောင်ကြီးက အင်မတန် တိတ်ဆိတ်လှသည်။ သူလည်း လွယ်အိတ်ကို အရင်ထားဖို့ အတန်းထဲသို့သွားလေရာ သကောင့်သားက အတန်းထဲတွင် သူ့ထက်အရင် ရောက်လို့နေသည်။

Mystery of LoveWhere stories live. Discover now