အခန်း-၂၀

783 34 1
                                    

ညက ညှဉ့်နက်အောင်အထိ ဂိမ်းဆော့ထားသည့်အတွက် မိန်းခွန်းစစ် တစ်ယောက် အိပ်ယာထနောက်ကျလို့နေသည်။

" ဟ ၈ နာရီထိုးနေပြီ"

ပိုဆိုးသည်က အိမ်မှာ သူ၏ မိဘတွေရှိမနေပါ။မနက်ကတည်းက အလုပ်ခရီးဟုဆိုကာ ထသွားကြသည်။ အိပ်ကောင်းကောင်းနှင့်အိပ်လိုက်ရာ ယခုတော့ ကျောင်းနောက်ကျရချေပြီ။အိမ်အကူအများကလည်း လာမနှိုးကြလေ။

သူလည်း အိပ်ယာကနေ က​တောကမျော ထပြီး
မျက်နှာတောင်သစ်ချိန်မရ ချက်ချင်း အင်္ကျီလဲကာ ကျောင်းသို့ပြေးရတော့သည်။

ကျောင်းရောက်တော့ အချိန်က ၉ နာရီ ...

အခန်းရှေ့ထိပြေးလိုက်တာ မိန်းခွန်းစစ်တစ်
ယောက် ဟောဟဲလိုက်နေ၍ အသက်ပင်လုရှူရသည်။အတန်းထဲတွင်တော့ english trက ပထမချိန်ကိုသင်နေပြီးဖြစ်သည်။

"Tr. May I come in?"

" Yes , you may"

မိန်းလည်းခပ်သွက်သွက်အတန်းထဲဝင်လာလိုက်ပြီး သူ့နေရာရောက်သည့်အခါ

" ဟမ် ငါ့စားပွဲရော"

ဟုတ်သည်။ မိန်းခွန်းစစ်၏ စားပွဲနေရာသည် အခုတော့ နေရာလွတ်ဖြစ်နေသည်။ ဘာမှရှိမနေချေ။
ဒါနဲ့ပဲ ချက်ချင်း မင်းခန့်ထည်ကိုကြည့်လိုက်တော့
ထိုကောင်က သူဘာမှလုပ်မထားသည့်အတိုင်း။

" မင်း ခန့် ထည်"

" ဘာ လဲ ငါ့ နံမည်လေးလှလို့ခေါ်နေတာလား"

" ဘယ်မှာလဲ ငါ့စားပွဲ"

" ဟဲ့ ဘာဖြစ်ကြတာလဲ"
ဆရာမက ချက်ချင်းပင် ရောက်လာပြီးမေးမြန်းတော့သည်။

" ဆရာမ သားရဲ့ စားပွဲ မရှိတော့ဘူး
အဲ့တာ ဒီကောင်လက်ချက်"

" ဟေးဟေး သက်သေရှိမှစွပ်စွဲနော်
မင်းမှာ သက်သေရှိလို့လား"

မင်းခန့်ထည်က ထိုက်လျက်သားလက်ပိုက်ရင်း ခပ်ဆတ်ဆတ်ဖြေသည်။

" မင်းကလွဲပြီး ငါ့မှာ ရန်သူမရှိဘူး"

" အဲ့တာ မင်းအထင်လေ ရှိရင်လည်းရှိနိုင်တာဘဲလေ "

မင်းခန့်ထည်က ခပ်ပြုံးပြုံးရွဲ့ပြီးပြောနေတာမို့ မိန်းခွန်းစစ်ပို၍ ဒေါပွလာသည်။

Mystery of LoveWhere stories live. Discover now