Part-2
စူးရှရှ ဒေစီ ပန်းပွင့်တို့၏ ရနံ့သည် နှာခေါင်းထဲသို့ထိုးဝင်လာသည်။ ခပ်နွေးနွေးနေရောင်ခြည်မှာ မိန်း ၏ မျက်နှာ ပြင်ပေါ် သို့ ကျရောက်နေသည်။ လေပြေနုနုတို့တိုက်ခတ်လေလေ ပိုအနံ့ပျင်းလေလေဖြစ်သော ဒေစီရနံ့... မနှစ်မြို့မှုတစ်ချို့နှင့်။ သည်မနက်သည် မိန်း နှစ်နှစ်ကျော်ခန့်လှဲလျောင်းခဲ့သော ဤ ကုတင် ဤ ဆေးရုံကြီးကို စွန့်ခွာမည့်မနက်ခင်းလေးပင်။
သို့သော် မိမိ နှစ်နှစ်ကျော်ခန့်နေခဲ့ရသော ဒီ ပတ်ဝန်းကျင် ဒီဆေးရုံအား သံယောဇဉ် ဖြစ်မနေခဲ့ပါလေ။ ကိုမာ ဖြစ်နေ၍ ယခုမှနိုးလို့ ယခုမှ ဆေးရုံရောက်ဖူး သလိုဖြစ်နေတာမဟုတ်ပါလား။
" မောင် နိုးပြီလား"
ရိုးရှင်းသော ဂါဝန် အပြာနုရောင်လေးဝတ်ဆင်ထားသော မေ သည် ဒေစီ ပန်းစည်းကိုပိုက်၍
ဝင်လာသည်။ ဤ ဒေစီပန်းရနံ့ကို မိန်း မနှစ်သက်ပါ။ အခြားသူများအတွက် နူးညံ့မွှေးကြိုင်သော်လည်း မိန်းအတွက် တော့ ပျင်းရှသည့် ရနံ့ဖြစ်သည်။
" အင်း ကျွန်တော် နိုးတာ ကြာပြီ"
" ရော့ မေမောင့်အတွက် ဝယ်လာတာ"
" ကျွန်တော်က ဒေစီပန်းတွေကို ကြိုက်တာလား မေ"
" ဟုတ်မောင်က ဒေစီ တွေကိုသိပ်မြတ်နိုးတာ
ငယ်ငယ်ကတည်းက "" ဟုတ်လား ကြည့်ရတာ ကျွန်တော့်အကြိုက်တွေပါ
မတူတော့ဘူးထင်တယ်"" ဟင် မောင် ဒေစီပန်းကို မကြိုက်တော့ဘူးလား"
" အင်း အနံ့က ပြင်းရှရှနဲ့"
" ဟုတ်ပါတယ်လေ မောင် လည်း ခုမှသတိရတာဆိုတော့ အကြိုက်တွေကွဲပြားသွားမယ်ထင်တယ်"
"အင်း"
"မောင် မေ မောင့်ပစ္စည်းတွေလည်းသိမ်းပြီးပြီ သွားကြတော့မလား"
" မေမေတို့မပါဘူးလား မေ"
" အန်တီကလျာတို့က အိမ်မှာ ကျန်ခဲ့တယ်
မိန်း စားဖို့ဆိုပြီး သူကိုယ်တိုင် ချက်နေတယ်လေ"" ဒါဆို သွားကြမယ်လေ မေ"
" ဟုတ် မောင်"
" Milly , I'm gonna go home. "
YOU ARE READING
Mystery of Love
Romansကိုမာကနေ နိုးထလာပြီးနောက် အတိတ်မှတ်ဉာဏ်များပျောက်ဆုံးသွားပြီး လစ်ဟာနေတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ အတိတ်က ကောင်လေးတစ်ယောက်