အပိုင်း(၁)
ဂျီမင်းတစ်ယောက်....... ကျောင်းကိုသုတ်ခြေတင်ပြေးလာနေသည်....ခေါင်းလောင်းထိုးသံ
ကို.... နှစ်ခါကြားပြီးတဲ့နောက်မှာ....နောက်တစ်ကြိမ် မကြားရခင်.....ကျောင်းရှေ့ကို ရောက်အောင်ပြေးနေမိသည်......
တာဝန် ကျနေတဲ့ဆရာ သဘောကောင်းပါစေ
ဆုတောင်းနေမိတယ်.....ဒါပေမယ့် သူ့ဆုတောင်းတွေက မဖြစ်နိုင်တော့.....အခု စောင့်နေတဲ့ ဆရာက သူ့အတန်းပိုင် ဆရာဂင် ဖြစ်နေတော့သည်....."Park jimin နောက်ကျပြန်ပြီလား မင်း"
"ဒီနေ့ အိပ်ရာ ထနောက်ကျသွားလို့်ပါ ဆရာ"
"သြား ဟိုမွာ သွားရပ်နေ"
"ဟေ့ နေဦး မင်းဘယ်အတန်းကလဲ"
Jimin နောက်မှ ဝင်လာတဲ့ ကျောင်းသားတစ်ယောက်အား ဆရာမေးလိုက်တော့ jimin လည်းအသာကြည့်မိသည်....ရှည်လျားတဲ့ အရပ်နဲ့
ထိုကျောင်းသား က ဆရာ့ဆီ လျှောက်လာတော့..... ဆရာက နာမည် ကဒ်ကိုဖတ်လိုက်ရင်း......သွားခွင့်ပေးလိုက်သည်..."ဆရာ သူ့ကျ ဘာလို့ သွားခိုင်းတာလဲ ကျနော့်ထက်နောက်ကျတယ်လေ သူက"
"သူက မင်းနဲ့မတူလို့လေ သွားစမ်းပါ ဟိုမွာ သွားရပ်နေ"
လွယ်အိတ်ကို ပိုက်ရင်း ဆရာ့ျပတဲ့ နေရာကို ထွက်လာလိုက်သည်....သူနဲ့အတူ အပြစိပေးခံရတဲ့ ကျောင်းသားတွေကလည်း မနည်းမနော..
-------------------------------------------------
3-2 (C)ဆူညံနေတဲ့အတန်းရှေ့ရောက်တော့.....jimin
အခန်းနံပါတ်ကိုကြည့်လိုက်သည်.....တတိယနှစ် cခန်း စာကလည်းမတော် ကံကလည်းဆိုး တော့ cခန်းကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်......"မဂ္လာပါ ဆရာ"
"Park jimin ဝင်ခဲ့ မင်းကြောင့် ကလေးတွေ စာသင်ပျက်တယ်"
"ဟုတ်ကဲ့ ဆရာ"
English ဆရာအားပြောပြီး ကိုယ့်ခုံဆီလာရင်း
ခြေချော်လဲကာ နံဖူးဆောင်းပေါက်သွားသည်..
ဒါကအဆန်းမဟုတ်တော့....မနက်တိုင်းကျောင်းလာရင်ဖြစ်နေကျ အရာ......မဖြစ်ရင်သာ ထူးဆန်းနေမှာ...park jimin တို့ ကံကောင်းတဲ့နေ့ကိုမရှိတာ......."ကဲ ဒီနေ့ တော့ ဒီလောက်ပဲ နောက်နေ့ ပြန်စစ်မယ်"
"ဟုတ်ကဲ့ ဆရာ မဂ္လာပါ ဆရာ"
YOU ARE READING
My Red Flag Junior
Romance"မောင် မင်းရဲ့ မျက်လုံးတွေကို ကြည့်လိုက်တိုင်း မင်းမျက်လုံးတွေထဲမှာ မောင့် အပေါ် ဘာခံစားချက်မှ မရှိတာကို မြင်နေရတယ်"