"မချစ်ခင်ကတော့ မင်းကိုမမြင်မိဘူး
ချစ်မိသွားတော့လည်း မင်းကလွဲပြီးမမြင်တော့ဘူး ။"----------------------------------------------
အပိုင်း၃
"ဟေ့ ဒီနေ့ ငါတို့ကျောင်းမှာ.. basketball
ပြိုင်ပွဲရှိတယ်ဟ""ဘယ်သူတွေ လဲ"
"ကြားတာကတော့.... ပထမနှစ် ကျောင်းသားတွေတဲ့"
"အိုး ဒါဆို ကျောင်းသားခေါင်းဆောင် ပါမှာပေါ့"
"မင်းပြောတာ လုံးဝမှားတယ် သူမပါဘူးတဲ့"
နောက်ဘက်အသံတွေကို jimin နားစွင့်ရင်း
ကျောင်းသားခေါင်းဆောင်ဆိုတဲ့နေရာမှာ...မသိမသာ နားထောင်နေလိုက်သည်...
သူလို အရပ်ရှည်တဲ့သူက မပါဘူးဆိုတော့
ထူးဆန်းသား....."စီနီယာ jimin ကျောင်းသားခေါင်းဆောင် ကခေါင်မိုးထပ်ကိုလာခဲ့ပါတဲ့"
"အေး "
ဘောပင်ကို အသာချကာ ခေါင်မိုးထပ်ဆီကိုတက်လာလိုက်သည်.....သူဒီနေ့ အဖြေပေးရမှာမလား....(အဖွဲ့ထဲဝင်ဖို့ပါ"
"ရောက်ပြီလား "
"အင်း "
ဒီနေ့လည်း ခါတိုင်းလိုကြည့်ကောင်းနေသော
ကျောင်းသားခေါင်းဆောင်က.....အနီရောင်
ဆွယ်တာကို ဝတ်ထားရင်း...မျက်မှန်ကိုင်းကိုအသာပင့်တင်လိုက်သည်...."ဘယ်လိုလဲ အဖြေက"
"အမှန်တိုင်းပြောရရင် ငါက အနုပညာဘက်ကို သိပ်မကျွမ်းကျင်ဘူး ပြီးတော့ စာကလည်းမတော်ဘူးလေ"
"ထားပါ ဒါတွေ အဲ့တာတွေ ကျနော် သင်ပြပေး
မယ်"" ဒါပေမယ့် "
"မနက်ဖြန် ၈နာရီကျောင်းကိုလာခဲ့ပါ....ကျနော်စောင့်နေမယ် "
"အင်း ဒါနဲ့ မင်း basketball ဝင်မကစားဘူးလား ပထမနှစ်တွေတောင် ပါတယ် "
"အင်း.....တကယ်တော့ ခင်ဗျားပြောမှ ကစား
ချင်သွားတယ်... လာအားပေးဖို့မမေ့နဲ့"တစ်လှမ်းချင်းထွက်ခွာသွားသော ကျောင်းသားခေါင်းဆောင် သည် ဘာကို ပြောသွားမှန်း jimin ခုထိ နားမလည်သေး......သေချာတာကတော့ သူနားမလည်နိုင်တဲ့ စကားစု ဖြစ်မှာပါ....
YOU ARE READING
My Red Flag Junior
Romance"မောင် မင်းရဲ့ မျက်လုံးတွေကို ကြည့်လိုက်တိုင်း မင်းမျက်လုံးတွေထဲမှာ မောင့် အပေါ် ဘာခံစားချက်မှ မရှိတာကို မြင်နေရတယ်"