>အပိုင်း ၁၁
(ရှောင်ပြေးနေတဲ့သူ)
လမ်းမပေါ်ပြန့်ကျဲနေတဲ့......ရောင်စုံအရွက်များကြား....ဖြေးညင်းစွာလျှောက်ရင်း....
နွေဦးရဲ့အလှကို.....ပျော်ရွှင်စွာခံစားမိသည်.
သူ seoul ကိုရောက်တာ....လေးနှစ်ရှိပြီ
သေချာတာက နေသားကျအောင်ကြိုးစားရင်း
သူဒီမှာ နေရတာ သဘောကျသွားတာပင်
တက္ကသိုလ် ဒုတိယနှစ်က သူ့အတွက် အခက်ခဲဆုံးပင် များပြားလာသော စာတွေအပြင် သူရဲ့ ဝါသနာပါရာကိုလည်း မကြာမကြာ အာရုံစိုက်ရသည်.....သူ့ ဝါသနာက ပန်းချီဆွဲရတာပင်
အခုတေလာ သဘောကျနေတာက....
လူတွေရဲ့လှုပ်ရှားမှုတွေကိုပင်......"ဟဲ့ ပထမနှစ်ကျောင်းသားတွေက အလန်းတွေကြီးပဲ ကြည့်ရတာ ဒီနှစ် king တွေက
တစ်ယောက်တောင် ကပါ့မလား""ဟို အရပ်ရှည်ရှည် နဲ့ ကောင်လေးကသိပ်မိုက်တာ သူ့မျက်လုံးတွေကို ဘာလို့ မျက်မှန်နဲ့ ဖုံးကွယ်ထားလဲ မသိဘူး"
"အဲ့လို ကောင်လေးမှာ ချစ်သူရှိကိုရှိမွာ"
"အေးနော်"
ဘေးကနေ ဖြတ်လျှောက်သွားတဲ့ ကောင်မလေးတွေ စကားအရ ပထမနှစ်တွေတောင်
ကျောင်းပြောင်းလာခဲ့ပြီကို......
ဘာရယ်မဟုတ် ထူးဆန်းသည့်ရနံ့တစ်ခုနှာခေါင်းထဲတိုးဝင်လာသည်.......
စီးကရက်နံ့......ဘေးဘီဝေ့ကြည့်ပေမယ့် သူတစ်ယောက်ထဲလမ်းပေါ်မှာ.....စဉ်းစားမနေတော့ဘဲ ခပ်သွက်သွက်သာ လျှောက်လာခဲ့သည်...."Jimin မင်းကို ရှာလိုက်ရတာကွာ"
"ဟမ် ဘာဖြစ်လို့လဲ"
"ပါမောက္ခ ခေါ်ခိုင်းလိုက်တာ ပထမနှစ်ဆောင်ဘက် လာခဲ့ပါတဲ့"
"အေး ငါသွားလိုက်မယ်"
ပါမောက္ခ က jimin ကို အတော်ယုံကြည်သည်
သူ ဒီနှစ်တွေအတွင်း အတော်ပြောင်းလဲလာတာ..... တည်ငြိမ်လာတယ်.....
စာတော်လာတယ်.....ပိုလည်းချောလာတယ်
တစ္ခုပဲ အရပ်ပဲရှည်မလာတာ......"ပါမောက္ခ ကျနော့်ကိုခေါ်တယ်ဆို"
"အေး jimin လာလေ ဒီမွာ junior လေးတွေ
ကူညီပေးလိုက်ဦး""ဟုတ်ကဲ့ဆရာ"
ကြည့်ရတာ ဒီ ပထမနှစ်တွေက ဟိုကောင်မလေးတွေ ပြောတဲ့သူတွေပဲဖြစ်ရမယ်...
YOU ARE READING
My Red Flag Junior
Romance"မောင် မင်းရဲ့ မျက်လုံးတွေကို ကြည့်လိုက်တိုင်း မင်းမျက်လုံးတွေထဲမှာ မောင့် အပေါ် ဘာခံစားချက်မှ မရှိတာကို မြင်နေရတယ်"