မိုးရာသီ၏ နေ့တစ်နေ့တွင်ဖြစ်သည်။
ရာသီဥတုမှာအုံ့မှိုင်းနေပြီး မိုးတိမ်များ တဖြည်းဖြည်းတက်လာနေတော့သည်။
ခန့်မှန်းခြေ နာရီဝက်အတွင်း မိုးရွာတော့မည်ထင်ရပြီး ဆန်းယော့မှာ တစ်ဖန်ပြန်အိပ်ရန် ကြံနေတော့သည်။သို့သော် သူ့ဆန္ဒသည်
ပြည့်မလာခဲ့ပါ။အိမ်အောက်ထပ်မှ အမေနဲ့ညီလေးက သူ့နာမည်အား တစ်ရပ်ကွက်လုံးကြားအောင် အော်ခေါ်နေသည်မှာ နားကြားမြင်းကပ်စရာကောင်းလှသည်။ဆန်းယော့ အောက်ထပ်ကို ပျင်းရိပျင်းတွဲနဲ့ဆင်းလာခဲ့တော့ အမေက စိတ်မရှည်သည့် လေသံနှင့် ဆူပူတော့သည်။"ညီလေးကို ကျောင်းလိုက်ပို့မလား ဆိုင်
စောင့်မလား အီဆန်းယော့""သူ့ဟာသူသွားတတ်တဲ့အရွယ်ရောက်နေပါပြီ အမေရာ"
ထိုသို့ပြောတော့ အမေက-
"အဲ့တာဆို ဆိုင်စောင့်" ဆိုပြီး ချက်ချင်းပဲ
ညီလေးလက်ကိုဆွဲကို အိမ်မှထွက်သွားခဲ့သည်။ဆန်းယော့မှာ မရွေးချယ်လိုက်ရပဲ ဆိုင်စောင့်ရန် တာဝန်ကျသွားပြီး ငွေရှင်းကောင်တာမှာ comic bookဖတ်ရင်း အချိန်တစ်ခုအထိ ထိုင်နေရလိမ့်မည်။မိုးရွာခါနီးမို့ စျေးဝယ်သူ သိပ်လာလိမ့်မည်မဟုတ်။
"ကောင်းလိုက်တာ"လို့တွေးနေတာ
အမေသိရင် သူ့ကို ဗိုက်ခေါက်ဆွဲလိမ်မှာသေချာသည်။လက်ရှိ အီဆန်းယော့မှာ တက္ကသိုလ်ကျောင်းသားပဲဖြစ်နေပြီ မရင့်ကျက်သေးတဲ့ ကလေးဆိုးနှင့်တူနေသည်။ပိတ်ရက်လေး အိမ်ပြန်လာတာကို မနားရပဲ ဆိုင်စောင့်ခိုင်းရတာနဲ့ ပစ္စည်းသွားပို့ခိုင်းရတာနဲ့ ခိုင်းပဲခိုင်းစားနေတော့ ဆန်းယော့မကျေ
မနပ်ဖြစ်နေသည်မှာ မျက်နှာမှာ အထင်းသားပင်။မကြာခင်မှာပဲ မိုးစက် တစ်ဖြောက်
ဖြောက်ကျသံ စတင်ကြားလိုက်ရသည်မို့
အတွေးတွေရပ်ကာ ကော်ဖီတစ်ခွက်အမြန်ဖျော်လိုက်တော့သည်။မိုးရွာနေချိန် စာအုပ်ဖတ်ရင်း ကော်ဖီသောက်ရတာ ဘယ်လောက်ကောင်းတဲ့ အနားယူမှုမျိုးလဲဆိုတာ လူတိုင်းသိထားသင့်တယ်။မိုးမှာ ပိုသည်းလာပြီး လေတွေပါ တိုက်လာတော့သည်။ဖွင့်ထားသည့် ပြတင်းပေါက်မှ လေအေးများဝင်လာသဖြင့် ပိတ်ရန်ထအလာ မိုးရွာနေသည့်မြင်ကွင်းကို ခဏတာ ငေးကြည့်နေမိသည်။ဆန်းယော့ ဆိုင်အပြင်ဘက်ကိုငေးနေစဥ် မိုးကာအင်္ကျီအဝါရောင်ဝတ်ထားသော ကောင်လေးတစ်ယောက် ဆိုင်ရှေ့က ဖြတ်ပြေးသွားတာမြင်လိုက်ရတယ်။မိုးကာအင်္ကျီဝတ်ထားသော်လည်း သူ့ကို
ကြည့်ရတာ စိုရွဲနေသည်။ဘယ်သူလဲမသိပေမယ့် မိုးရေထဲ လမ်းပေါ်ပြေးနေတာ အန္တရာယ်များလှသည်။ ကိုယ်နဲ့မဆိုင်တာတွေ စိတ်မပူခြင်းအားဖြင့် စွမ်းအင်ချွေတာရာရောက်သည်ဟုသတ်မှတ်ထားသူမို့ ဆန်းယော့ သက်ပြင်းတစ်ချက်ချလိုက်ရင်းက comic bookသာ ပြန်ဖတ်နေတော့သည်။