...ဆန်းယော့နဲ့ နီးနီးလေးမှာနေပြီး...
မတွေ့အောင်ပတ်ရှောင်ဖို့ဆိုတာ ...
ဖြစ်ရောဖြစ်နိုင်ရဲ့လား...
ဒီမြို့သေးသေးလေးမှာလေ...?ဒုတိယနေ့။
ဂျယ်ဟျွန်း မနက်စာကို ပေါ့ပေါ့ပါးပါး ပေါင်
မုန့်မီးကင်သာလုပ်စားဖြစ်သည်။ပြီးရင် ဘယ်သွားမယ်၊ဘာလုပ်ရမယ် အစီအစဥ်ဆွဲပြီး လွယ်နေကြ ကျောပိုးအိတ်အမည်းရောင်ကိုယူကာ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီး အဆောင်ကနေထွက်လာခဲ့တယ်။ဆန်းယော့တို့စတိုးဆိုင်သည် "ယနေ့ပိတ်သည်"ဟုစာကပ်ကာ အပေါ်ထပ်တွင်လည်း လူရှိပုံမရ။ဂျယ်ဟျွန်း မရဲတရဲနဲ့ ဆိုင်ရှေ့ရပ်နေရင်းက ဘယ်များသွားတာပါလိမ့်ဟု တွေးနေမိသည်။ဆန်းယော့အခန်းရှိရာ အပေါ်ထပ်ဘက်ဆီ မော့ကြည့်နေတုန်းမှာပဲ သူ့ကိုခေါ်လိုက်တဲ့အသံကိုကြားလိုက်ရတယ်။
" ဂျယ်ဟျွန်း ဟျောင်း? "
ဂျယ်ဟျွန်း ဘေးကို လှည့်ကြည့်လိုက်တော့
အွန်းဟက်က သရဲသဘက်မြင်သလို လန့်ဖြတ်ပြီး နောက်ကို ခုန်ဆုတ်သွားတယ်။ဒီမျက်နှာ ဂျယ်ဟျွန်းဟျောင်းအစစ်ဆိုတာ သေချာပါသည်။"ဟျောင်း ဟုတ်တယ်မလား"
ဂျယ်ဟျွန်း အွန်းဟက်ပါးစပ်ကို လက်နဲ့ပြေးပိတ်ရတော့တယ်။အရင်ကလို အသံကျယ်ချက်ကတော့ ကင်မ်အွန်းဟက်လေသံနဲ့တင် သူရောက်တာ တစ်ရပ်ကွက်လုံးသိတော့မှာပဲ။
"အော်မမေးနဲ့လေ"
"ကျွန်တော် အံ့သြလို့မို့ တကယ် ဂျယ်ဟျွန်း
ဟျောင်း ပြန်လာတဲ့နေ့ရှိသေးတာပဲ""ပြန်မလာသင့်တဲ့လူမို့ အံ့သြတာလား"
"ဟာဗျာ အကောင်းပြောတာပါ ကျွန်တော်တို့သုံးယောက်လုံး ဟျောင်းပြန်လာမှာစောင့်နေတာဗျ"
"ငါပြန်လာမှာ စောင့်နေကြတာ?ဘယ်သူကလဲ "
"aiyaa ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ "
" ငါမေးတာ အရင်ဖြေ"
ဂျယ်ဟျွန်း စိတ်မရှည်စွာနဲ့ အွန်းဟက်ပုခုံးကို
ကိုင်လှုပ်ရင်းမေးမိတယ်။
