6

68 10 0
                                    

.....

....

ဂျယ်ဟျွန်း ဦးလေးဂင်နဲ့ အန်တီကွာရှင်းတာကိုကူညီခဲ့ပြီး အခု သူ့အိမ်ကနေ အန်တီနဲ့ကလေးတွေ အိမ်ပြောင်းမှာကို ကူညီပေးနေသည်။ဦးလေးဂင်ကတော့ ဒီအိမ်ကနေ တစ်ဖဝါးမှမခွာနိုင်...အခုထိ သူပိုင်တဲ့အိမ်လို့ပြောနေဆဲပင်။ဒီအရှက်မရှိတဲ့အဖိုးကြီးကို ဆွဲချဖို့​က ဂျယ်ဟျွန်းပြင်ဆင်ထားတဲ့ နောက်ထပ်ခြေလှမ်းဖြစ်တယ်။

အန်တီ့တွင် ပိုင်ဆိုင်မှုသိပ်မများလှပါ။ပစ္စည်းတွေသယ်ရန် ကားတစ်စီးငှားရုံနဲ့ လုံလောက်သည်။ဂျယ်ဟျွန်း luggageတွေကို ကားနောက်ဖုံးဖွင့်ပြီးထည့်လိုက်တယ်။ဆန်းယော့က ကလေးတွေကို မေမေနဲ့ဖေဖေ အတူတူနေတော့မှာမဟုတ်ကြောင်းရှင်းပြကာ အားပေးစကားပြောနေသည်။ပြီးတော့ ယူလာတဲ့မုန့်တွေကျွေးကာ ဟိုမရောက်ဒီမရောက်
အတည်မရှိတဲ့ဇာတ်လမ်းတွေပြောပြကာ အာရုံလွှဲပေးနေသည်။ကလေးတွေက ဆန်းယော့ပြောတာတွေ နားထောင်ရင်းပျော်နေပုံရတယ်။ဒီလိုအားကိုးရတဲ့သူရှိလို့ တော်သေးတာပေါ့။

"ဆန်းယော့ ငါအန်တီ့ကိုသွားခေါ်လာခဲ့မယ်။
ကားပေါ်တက်နှင့်တော့"

"အင်း... ကလေးတို့ကားပေါ်တက်ကြစို့"

ဆန်းယော့က ကလေးနှစ်ယောက်ကို လက်တွဲခေါ်ကာ ကားပေါ်တက်လာတယ်။ကလေးတွေက သူတို့အဖေရှိရာ အိမ်ဘက်ကို လှည့်ကြည့်၊လှည့်ကြည့်နဲ့ အကဲခတ်နေရှာသည်။မခွဲနိုင်လို့မဟုတ်ပဲ မကောင်းတဲ့ဖခင်ဖြစ်သူကို နောက်ဆုံးအနေနဲ့
ကြည့်ချင်ကြခြင်းဖြစ်တယ်။

ဂျယ်ဟျွန်း အိမ်ထဲပြန်ဝင်လာတော့ ဦးလေး
ဂင်ရဲ့မပြီးနိုင်တဲ့ ဆဲဆိုမှုတွေကကြိုဆိုနေသည်။ဧည့်ခန်းမှာ အန်တီက ကလေးတွေဆော့တဲ့အရုပ်တွေကို boxထဲထည့်သိမ်းနေ
စဥ် ဦးလေးဂင်က ဘေးကနေ အပြစ်တင်ပြောဆို၍မပြီးနိုင်သေး။သူ့ကို ကြည့်ရတာ မီးတောက်လောင်နေသည့် အမှိုက်ပုံနှင့်တူသည်။မြန်မြန်ငြိမ်းသွားမှ အေးမှာဖြစ်ပြီး သနားချင့်စဖွယ် တစ်စက်မှမရှိတဲ့လူစား
မျိုးပင်။

"အန်တီ သွားရအောင်"

"အေးအေး အန်တီလာပြီ"

အန်တီက သူ့ခင်ပွန်းဟောင်းကို နှုတ်ဆက်စကားတစ်ခွန်းမှမပြောပဲ မရှိတဲ့လူလို သဘောထားကာ ထားခဲ့လိုက်တော့တယ်။

𝑠𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑦 𝑚𝑜𝑜𝑛 (hyukmyungz)Where stories live. Discover now