.
.
.ဆိုးလ်မြို့မှ အိတ်တစ်လုံးနဲ့သာ ဆင်းလာခဲ့သော ဂျယ်ဟျွန်းသည် ဟိုတယ်လိုနေရာကောင်းမှာ တည်းနိုင်တဲ့သူပေမယ့် စတိုးဆိုင်နဲ့ တစ်လမ်းပဲခြားတဲ့ တည်းခိုဆောင်မှာ တည်းဖို့ဆုံးဖြတ်ခဲ့သည်။
ဒီမြို့ကထွက်သွားခဲ့စဥ် ဘာလုပ်ရမှန်းမသိလမ်းပျောက်ခဲ့ပြီးဆိုးလ်လိုမြို့ကြီးမှာ စားသောက်နေထိုင်ဖို့ခက်ခဲခဲ့ရတယ်။အထက်
တန်းပြီးခါစက အခြေအနေတွေကြောင့် တက္ကသိုလ်ကိုလက်လျှော့ကာ စားဝတ်နေရေးအတွက်ပင် အတော်ရုန်းကန်ခဲ့ရသည်။အိပ်ချိန် လေးနာရီလောက်သာရှိခဲ့ပြီး အချိန်ပိုင်းအလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ကာ ငွေစုခဲ့သည်မို့ လေးနှစ်အကြာမှာ ကိုယ်ပိုင်စီးပွားရေးအဖြစ် စားသောက်ဆိုင်လေးဖွင့်နိုင်ခဲ့တယ်။လက်ရှိမြောင်ဂျယ်ဟျွန်းသည်မထင်ရပေမယ့် အောင်မြင်တဲ့ သူဋ္ဌေးပေါက်စတစ်ယောက်ဖြစ်ပြီး 23နှစ်မှာတင် စားသောက်ဆိုင်ခွဲတွေ ဖွင့်ထားနိုင်တဲ့ နာမည်ကြီးchefတစ်ယောက်အဖြစ်
သူ့နယ်ပယ်မှာ နာမည်ကြီးသည်။ဆိုင်တွေကို ယုံကြည်ရတဲ့မန်နေဂျာကိုအပ်ကာ ဒီမြို့ကိုပြန်လာခဲ့တဲ့အကြောင်းအရင်းက တစ်ခုတည်းသာ။သူ့နာမည်ပျက်ကို လာရှင်းခြင်းဖြစ်သည်။ဦးလေးဖြစ်သူ၏ စွပ်စွဲမှုတစ်ခုတည်းနဲ့တင် သူသည် လူသတ်သမားဖြစ်ခဲ့ရပြီး သက်သေမလုံလောက်မှုကြောင့်လွတ်ငြိမ်းခွင့်ရခဲ့ပေမယ့် တစ်မြို့လုံးက သူ့ကို မယုံကြည်ပဲရှောင်ကြဥ်ခဲ့ကြသည်။
ဂျယ်ဟျွန်း ဒီမှာဆက်မနေနိုင်အောင် ပင်ပန်းခဲ့စဥ်က ထွက်ပြေးခဲ့ပေမယ့် ပြန်လာတော့ ယုံကြည်ချက်အပြည့်နှင့်ဖြစ်သည်။သူ့ဦးလေးအား အဝေးကနေစောင့်ကြည့်ခဲ့ပြီး
ဂျယ်ဟျွန်းမိဘအိမ်ကို ဦးလေးကသူ့အပိုင်
အဖြစ် နာမည်ပေါက်ပြောင်းရန်ကြံစည်နေ
သည့်သတင်းရရခြင်း ဒီမြို့ကိုပြန်လာခဲ့သည်။ဦးလေးဂင်၏ ရည်ရွယ်ချက်မှာ အမေ့ပိုင်ဆိုင်မှုတွေ အကုန်သိမ်းဖို့ဆိုရင် ဂျယ်
ဟျွန်းခွင့်ပြုလိမ့်မည်မဟုတ်။အကြောင်း
ကြောင်းကြောင့် ဦးလေးအား ယခင်အမှု၏ တရားခံအဖြစ်လည်း သံသယရှိနေသည်။ဂျယ်ဟျွန်းမှာ ရှေ့နေငှားနိုင်တဲ့အစွမ်းအစလည်းရှိနေပြီမို့ ဦးလေးနှင့် ထိပ်တိုက်ရင်
ဆ်ိုင်ရန် ပြန်လာခဲ့သည်။