5

93 10 3
                                    

...

ဂျယ်ဟျွန်း ဦးလေးဂင်နဲ့ပတ်သတ်ပြီး အကြံတောင်းရန် ဆန်းယော့ရှိရာဆီပြေးလာခဲ့တယ်။ဆိုင်ထဲဝင်လာပေမယ့် ဆန်းယော့ကို
မတွေ့ရ။ဆန်းယော့မေမေသာရှိသည်။ဝင်လာပြီးအတူတူနှုတ်မဆက်ပဲထွက်သွားရန်
မကောင်းတော့...။

"ဒေါ်ဒေါ် မတွေ့တာကြာပြီနော်"

"ဟေ မင်းကဘယ်သူ"

"ကျွန်တော်ပါ ဂျယ်ဟျွန်း။ဆန်းယော့ ငယ်သူငယ်ချင်း"

"ဂျယ်ဟျွန်းနီးလား။ဟယ် သေချာကြည့်တော့ ဟုတ်သားပဲ"

ဆန်းယော့မေမေက ဂျယ်ဟျွန်းလက်ကိုဆုပ်ကိုင်ကာ ဝမ်းနည်းဝမ်းသာနေတဲ့မျက်လုံးများဖြင့် နွေးထွေးစွာ ကြိုဆိုသည်။

"မင်းကွယ် ဒေါ်ဒေါ်တို့ကို နှုတ်မဆက်ပဲထွက်သွားတဲ့ ကောင်ဆိုးလေး။ဆန်းယော့နဲ့ရော တွေ့ပြီးပြီလား"

"ဟုတ် တွေ့ပြီးပါပြီ။ဒေါ်ဒေါ် ကျန်းမာရေးကောင်းတယ်မလားဟင် ကျွန်တော်သတိရနေတာ "

"ကောင်းပါတယ်ကွယ် အီဆန်းယော့သာ ပြောစကားနားထောင်ရင် ပိုတောင်ကောင်းဦးမှာ"

"ဗျာ သူမလိမ္မာတော့ဘူးလား"

"မင်းထွက်သွားကတည်းကပေါ့ "

ဒေါ်ဒေါ်က မျက်စောင်းထိုးကာပြောလာသည်မို့ဂျယ်ဟျွန်း မျက်နှာကိုဘယ်နားထားရမှန်းမသိတော့။

"တစ်လလောက်တောင်ရှိမလားပဲ အခန်းထဲကထွက်မလာဘူး။ ဒေါ်ဒေါ် သူ့ကိုအပြင်ထုတ်ဖို့ဘယ်လောက်ပင်ပန်းခဲ့ရလဲကွယ် အဲ့နောက်ပိုင်း ကလေးက စိတ်တိုလွယ်လာတယ်၊ပြီးတော့ ဒေါ်ဒေါ်ပြောသမျှလည်း နားမထောင်တော့ဘူး ဂျစ်ကန်ကန်နဲ့"

"လူဆိုးလေးဖြစ်သွားတာပဲ ငါတို့ဆန်းယော့က"

ပြောပြီးမှ ဒေါ်ဒေါ့်ကိုအားနာသလိုကြည့်ကာ ပြုံးပြမိသည်။ဒေါ်ဒေါ်က ဆန်းယော့ဒီလိုဖြစ်သွားရတာ ဂျယ်ဟျွန်းကြောင့်ဆိုပြီး လှည့်ပတ်ပြောနေတာသူသိသည်။ဒါပေမယ့် ဒေါ်ဒေါ့်စကားတွင် အပြစ်တင်လေသံမပါလို့သာ ဂျယ်ဟျွန်းနောက်နေနိုင်ခြင်းသာ။

"သူ့ကိုလာတွေ့မယ်ပြောထားတာ အခုဘယ်မှာရှိလဲဟင် "

"သူ့အခန်းထဲရှိမှာပေါ့။အပေါ်ထပ်တက်သွားလိုက်"

𝑠𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑦 𝑚𝑜𝑜𝑛 (hyukmyungz)Where stories live. Discover now