Chapter 64

2.1K 212 7
                                    

Unicode

ရွှယ်ကွေ့၀မ်က ညာဘက်အစွန်ရှိ သန့်စင်ခန်းဆီသွားဖို့ ရည်ရွယ်ထားတယ်။ကုမျန် သူမကို သတိပေးလိုက်ရမလားလို့ စဉ်းစားနေချိန်မှာ ရွှယ်ကွေ့၀မ်က ကြက်သေ,သေသွားပြီးနောက် ပြန်လှည့်သွားပြီး ဘယ်ဘက်မှာရှိတဲ့ အနီးဆုံးအိမ်သာဆီ တန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်။

ကုမျန် မျက်တောင်ခတ်လိုက်တယ်။

ရွှယ်ကွေ့၀မ်က အဲ့ဒီအိမ်သာထဲ ဝင်သွားတာလား ။

တစ်ခြားဖက်က သန့်စင်ခန်းကို သူမသွားမှာမဟုတ်ဘူးလား။ တစ်နည်းဆိုရရင် သူမက အရက်မူးနေတဲ့ဒါရိုက်တာနဲ့ မတွေ့နိုင်တော့ပေ။

အဲ့ဒီလိုဖြစ်ရင် အရမ်းကောင်းမယ်။

တကယ်တော့ ကုမျန်က တခြားသူတွေရဲ့ ကိစ္စတွေကို လုံးဝ စိတ်မဝင်စားပေ။ပြီးတော့ ဇာတ်လိုက်မင်းသမီးရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့လည်း ရည်ရွယ်ချက်မရှိဘူး။

ဒါပေမယ့် အဲ့ဒီတဏှာရူးဗိုက်ပူအဘိုးကြီးက ပြောလို့မရတဲ့စည်းမျဥ်းတွေကို လက်ခံဖို့ မိန်းမငယ်လေးတစ်ဦးကို အတင်းအကျပ်ဖိအားပေးမှာကို သိထားတော့ သူမ လျစ်လျူမရှုလိုက်နိုင်ဘူးလေ။ လူကြီးလူကောင်းတစ်ယောက်က ဖြောင့်မတ်တယ်။ သူမက တကယ့်လူကြီးလူကောင်းတစ်ယောက် မဟုတ်ပေမယ့်လည်း လိုက်နာရမယ့် အောက်ခြေလိုင်းတချို့ရှိတယ်။

အမျိုးသမီးခေါင်းဆောင်ရဲ့ရွေးချယ်မှုကို ပြောင်းလဲသွားစေတဲ့ အကြောင်းရင်းကို ကုမျန်မသိဘူး။

သူမက နှုတ်ခမ်းကို ‌တင်းတင်းစေ့လိုက်တယ်။

အပေါက်ဝမှာ ရပ်နေတဲ့သူမကို မြင်လိုက်ရတဲ့ ဇာတ်လိုက်မင်းသမီးရဲ့ အမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားတယ်။

ကုမျန်နဲ့ လော့ချယ်တို့ ထွက်ခွာသွားပြီးနောက်  နောက်ပိုင်းမှာ သူတို့နဲ့ သူမထပ်ဆုံမှာစိုးလို့ ၀မ့်ရှားက သန့်စင်ခန်းထဲ ခဏလောက်နေလိုက်သေးတယ်။ ဒါပေမယ့် ဝင်ပေါက်တံခါးနားမှာ ကုမျန်ကို သူမတွေ့လိုက်ရပြန်တယ်။ လော့ချယ်လည်း သန့်စင်ခန်းသွားမယ့်အကြောင်း သူမ သိခဲ့ရင် အစောတည်းက သူမ သန့်စင်ခန်းထဲကနေ ထွက်သွားမိလောက်ပြီ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now