Jungkook... ဖဲမွေ့ယာပေါ်ကနေကုန်းထလိုက်သည်။Taehyung တောင်းဆိုချက်က ရိုးရှင်းပေါ့
ပါးပေမဲ့သူ့အတွက် ဆယ်ပေါင်တူလိုအလွန်လေး
လံလှ၏။ မတည်ငြိမ်မူ့ကြောင့်Pheromones
နံအနည်းငယ်ပျံလွင့်လာသည်ကို Taehyungသတိ
ထားမိလိုက်တယ်။"ရပြီ...တော်ပြီ၊ ခင်ဗျား အဆင်မပြေရင် အတင်း
လုပ်ယူစရာမလိုပါဘူး"Taehyung လှဲနေရာမှထ ထိုင်ကာ Jungkook၏
ကျောပြင်ကျယ်ကြီးအား အနောက်ကနေသိုင်းဖက်ထားလိုက်တယ်။ နှစ်လိုဖွယ်ရာ Pheromones
အနံသည်လည်းလေထုထဲပျံလွင့်နေပြီး ၊ Jungkook မတည်ငြိမ်တဲ့စိတ်အားနှစ်သိမ့်ပေးလာခဲ့သည်။"Taehyung ကိုယ့်ကို ခဏလွှတ်ပါဦး..."
သူက Alphaခါးပေါ်ရှိတင်းတင်းကျပ်ကျပ်ရစ်
နှောင်ထားသည့်လက်တွေကိုပြေလျှော့ပေးလိုက်တယ်။ Jungkookက အောက်ပိုင်းသပတ်တစ်
ထည်ကောက်ပတ်လိုက်ကာအခန်းပတ်ပတ်လည်
လျှောက်သွားသေး၏။ထို့နောက်တစ်ခုခုကို
ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချသည့်နှင့် ဖုန်းယူကာ
တစ်ယောက်ယောက်အားလှမ်းဆက်သွယ်လိုက်
သည်။အခန်းထဲလေထုက ပြန်တိတ်ဆိတ်သွားပြီး၊အတွေးကိုယ်စီဖြင့်သူတို့နှစ်ယောက်လုံးစကားမပြောဖြစ်ကျ။Taehyungအတွက်Kim မိသားစုသိက္ခာရော၊Mateရဲ့အတွင်းပိုင်းစိတ်ဒဏ်ရာကိုပါကုစားပေးဖို့အလျှင်လိုအပ်တယ်။ တစ်မိနစ်တစ်စက္ကန့်တော်Jungkookကိုမနာကျင်စေချင်။စစ်မှန်တဲ့ပျော်ရွင်မူ့အရသာကိုJungkookအားခံစားစေချင်
တယ်။တံခါးခေါက်သံတိုးတိုးလေးထွက်ပေါ်လာပြီးနောက်၊အမူ့ထမ်းတစ်ယောက်မှာKing Jeon
ယူလာခိုင်းသော ပစ္စည်းကိုလာအပ်သည်။.
ဒါကရိုးရိုးရှင်းရှင်းသေတ္တာတစ်လုံးထက်မပို။"ဒီကိုလာ...."
Jungkook... ထိန်းချုပ်စနစ်ဖြင့်အခန်းထဲက မီးတွေ
အားလုံးကိုထိန်ထိန်ညီးစေလိုက်သည်။သေတ္တာ
ရဲ့password ခြောက်လုံးကို ရိုက်ထည့်ပြီးနောက်
ဂျောက်ကနဲ မြည်သံနဲ့အတူပွင့်အံလာ၏။Taehyung... Jungkookဘေး ပုဆစ်ထုပ်လေးထိုင်ကာသေတ္တာအားငေးနေမိသည်။အထဲတွင်..
King Jeon မစ်ရှစ်ထမ်းဆောင်တုန်းကဝတ်ခဲ့တဲ့
ဝတ်စုံ၊ရခဲ့ဖူးတဲ့ဆုတံဆိပ်တွေအစ အသုံးအ
ဆောင်အားလုံးတစ်စုတစ်စည်းတည်းထည့်ထား
၏။