Taehyungဘယ်လောက်ကြာကြာအိပ်ပျော်
သွားသည်မသိတော့။ ကျောပြင်အောက်က
အိကနဲ အထိအတွေ့၊ရင်းနှီးတဲ့Pheromones အနံ..
ဒါ သူ့ mate Jeon jungkookဆိုတာအသေအချာ
ပဲ။ နွေးထွေးတဲ့ ရပ်ဝန်းလေးဆီမှန်းပြီးTaehyungကိုယ်လေး ပိုတိုးဝှေ့လိုက်တယ်။ ထင်ထားသလို... သက်တောင့်သက်သာမဖြစ်ဘဲ အေးစက်စက်အထိအတွေ့ကြောင့် Taehyungလန့်နိုးလာခဲ့ရသည်။"ဘာဖြစ်လို့လဲ...အိမ်မက်ဆိုးတွေမက်လို့လား"
ကုတင်အစွန်းတွင်ကျောပေးထိုင်နေသူသည်
၊Taehyungလှုပ်ရှားမူ့ကြောင့်ချာကနဲလှည့်ကြည့်
လာခဲ့သည်။နိုးတစ်ဝက်အိပ်တစ်ဝက်အနေအထားကြီးမှာအသိစိတ်သည်လည်းမှုန်ဝါးဝါး။သူကအကြောင်းပြချက်မဲ့စွာပင် မျက်လုံးတွေအားပွတ်သပ်နေမိ၏။ အခန်းထဲ
လေအေးပေးစက်ဖွင့်ထားသည့်တိုင်ချွေးအနည်း
ငယ်ပျံနေပြီး ၊အာခေါင်လည်းခြောက်လုလု။
အလိုက်သိစွာပင်..King Jeonကရေတစ်ခွက်ကမ်းပေးလာခဲ့သည်။ရေအားတစ်ဂွက်ဂွက်သောက်
ပြီးပြန်အပေး Taehyung မျက်ဝန်းတို့သည်
King Jeonကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။.
အသိစိတ်လည်းပြန်နိုးထာလာပြီဖြစ်သောကြောင့်သူ King Jeonအားစိတ်မပူဘဲမနေနိုင်။"ခင်ဗျား လက်မောင်းဘာဖြစ်ထားတာလဲ၊ဒဏ်ရာရထားတာလား"
"နည်းနည်းဓားနဲ့ရှပ်ထိသွားတာ"
Taehyung ...ထိုလက်မောင်းပြတ်ရှဒဏ်ရာအား
ကြည့်ကာ စိတ်တိုဒေါသထွက်လာရသည်။ ဟက်တပ်ကြီးကွဲသွားတာတောင် နည်းနည်းပဲဆိုတော့
လေ။"ဖေကြီး... ဘယ်လိုပေါ့ဆတာလည်း၊ခင်ဗျားအတွက်ဆရာဝန်လေးတောင်မပင့်ပေးဘူးလား"
ပြောပြောဆိုဆိုဖြင့်Taehyungကုတင်ပေါ်မှကုန်း
ထကာအပြင်ထွက်ဖို့ပြင်လိုက်ပေမဲ့၊ Jungkook
ဟန့်တားခြင်းကိုသာခံလိုက်ရသည်။"ညမိုးချုပ်နေပြီ၊ ဒီလောက်ဒဏ်ရာလေးနဲ့ကိုယ်
လည်းမလိုအပ်ဘူး"Jungkookရှင်းပြလိုက်သော်လည်းTaehyungပုံ
မှာကျေနပ်သေးပုံမရ။.စိုးရိမ်စိတ်မကင်းသော
ချစ်စဖွယ်မျက်နှာလေးအား Jungkookသုံးချက်လောက်ဆင့်ပုတ်လိုက်တယ်။"မင်းယောကျာ်းက မစ်ရှင်တွေအများကြီးထမ်းဆောင်ခဲ့တဲ့ကောင်ပါကွ။ဒီထက် ဆိုးတဲ့ဒဏ်ရာတွေတောင်ရခဲ့ဖူးတယ်။ဒီလောက်တော့ ပါမွှားပဲ"