ဒီီဖိုင်းရိုးရဲ့ညတွေမှာလူစည်ပေမဲ့ ဆင်ခြေဖုံးရပ်
ကွက်တွေကတော့အနည်ငယ်ပိုပြီးတိတ်ဆိတ်
သည်။ လမ်းချိုးလမ်းသွယ်များပြီးလူနေအိမ်လည်းခပ်စိပ်စိပ်။လူစုကာအနိုင်ကျင့်ဗိုလ်ကျမူ့
များလည်းရှိသည်ကြောင့် Jungkookရော
Taehyungပါ ပိုသတိထားကာ မျက်စိလျှင်လျှင်
ကြည့်နေရသည်။ဘေးချင်းယှဥ်လမ်းလျှောက်နေသည်ကြောင့်..
သူတို့လက်ကလေးတွေမကြာခဏဆိုသလိုပွတ်
တိုက်မိသွားတယ်။ Taehyung... Jungkookကို
ခိုးမကြည့်ပဲမနေနိုင်တော့။ နဂိုထက် ပိုရဲရင့်
တည်ကြည်တဲ့ Jungkookပုံပန်းသွင်ပြင်က သူ့ကို
ပိုစိတ်လှုပ်ရှားစေတယ်။Taehyung လက်လေးတစ်ဖက်မှာ....ဂျောင်ကုလက်မောင်းအားဖက်တွယ်လာခဲ့သည်။
"ကြောက်လို့လား...ဒီနေရာတွေကဒီလိုပဲ၊အမြဲတမ်း
လူပြတ်တယ်""မကြောက်ပါဘူး...ဒီအတိုင်းခင်ဗျားလက်မောင်း
ကိုဖက်ချင်လာလို့...."တစ်ခါတစ်လေ ထ ထဖောက်ကာရိုမန့်တစ်ဆန်
တတ်သော အင်ပါယာဘုရင်မကြီးကြောင့်
Jungkookပျော်ရပါသည်။မသိရင်သူတို့နှစ်ယောက်ကြားမကောင်းတဲ့အမှတ်တရတွေဘာမှ
မရှိတော့သည့်အတိုင်း။အရာရာဒီအတိုင်းလေးပဲ
ဆက်ရှိသွားရင်ကောင်းမှာ။"Jungkook...."
"ဟမ်...."
"အကယ်၍များ၊ မင်းသာ...အင်ပါယာအုပ်ချုပ်သူ
မဖြစ်ခဲ့ရင် ဝါသနာအရဘာလုပ်ဖြစ်မယ်ထင်လဲ""ကိုယ်လား...နိုင်ငံလက်ရွေးစင် ဘတ်စကတ်ဘော
သမားတစ်ယောက်ဖြစ်လာမယ် ထင်တယ်""မင်းရော...အင်ပါယာဘုရင်မ မဟုတ်ဘဲ သာမာန်
Kim Taehyung ဘဝက ဘယ်လို လူမျိုးလေး"Taehyung ပြုံးရယ်ကာ Jungkook ပခုံးပေါ်
ခေါင်းမှီချလိုက်သည်။"ကျွန်တော်က...နာမည်ကြီး အဆိုတော်Model
တစ်ယောက်ဖြစ်နေလောက်မှာ။နောက်ပြီး...
ခင်ဗျားရဲ့ big fanboy လုပ်မယ်လေ၊ခင်ဗျားပွဲတိုင်းရှေ့ဆုံးကကြည့်ပြီးအားပေးမယ်။ဘယ်လို
လည်....ကျွန်တော်တို့လိုက်တယ်မလား""ဒါနဲ့... မင်းကျောင်းမှာ ရည်းစားတွေဘာတွေ.ရော
ထားခဲ့ဖူးလား'"