ညခင်းဘက်အချိန် Royal Blueမှာမီးဆိုင်းမီးပန်း
များနဲ့ထိန်ထိန်ညီးနေ၏။ ရေပန်းအလှ၊ပန်းပင်
မာလာအလှတွေဖြင့်ဆိတ်ငြိမ်သက်နေသည်။အင်
ပါယာရဲ့မြို့တော်ဒီဖိုင်းရိုးမှာတော့ခြားနားစွာ..
ညနက်လေလေပိုလူစည်လေပါပဲ။ဒီဖိုင်းရိုးရဲ့
အဓိက လမ်းမကြီးတွေပေါ် နိုက်ကလပ်၊အရက်
ဘားများစွာရှိပြီးလောင်းကစားကာစီနိုရုံတွေ
လည်းအများအပြား။ ထိုစီးပွားရေးလုပ်ငန်းရှင်
အားလုံးသည် အင်ပါယာအုပ်ချုပ်သူအစိုးရအား
တစ်နှစ်တစ်ခါပုံမှန်ဝင်ငွေဆောင်ရတယ်။King Jeonတစ်ဖြစ်လဲJungkookမှာညအတော်
နက်မှကိုယ်ပိုင်အနားယူချိန်ရှိသည်။သူ့Golden
နန်းဆောင်ရဲ့အမြင့်ဆုံး လေသာဆောင်ကနေ
ဒီဖိုင်းရိုးညအပြင် ကွေ့ဝိုက်ဆင်းနေတဲ့Nikeမြစ်ရဲ့
အလှကိုပါထပ်လောင်းမြင်ရတယ်။ လက်ထဲဝိုင်
ခွက်ကိုကိုင်ကာဇိမ်ခံသောက်ရင်းJungkook
အတွေးတွေကတစ်မျှော်တစ်ခေါ်။မနေ့တစ်နေ့
ဖြစ်ပျက်ထားတဲ့ Taehyungကိစ္စတော်တော်
များများကသူ့မသိစိတ်ကိုစိုးမိုးထားတုန်းပဲ။.
Taehyungပြောင်းလဲသွားတယ်။အရင်တုန်းက
Kim Taehyungမှာပြုလွယ်ပြင်လွယ်လေ။သီးသန့်
အေးဆေးနေတတ်သည်ကြောင့်၊တစ်ခါတစ်လေ
မှတောင် Jungkookစိတ်အနှောင့်အယှက်ဖြစ်ခြင်း
မရှိခဲ့ပါ။အခု Kim Taehyungမှာလူပြောင်းသွား
ခဲ့တာလား ပင်ကိုယ်စရိုက်အမှန်တွေပေါ်လာသ
ည်လားမသိ... ခေါင်းကြောမာကာပြောဆိုဖြောင်း
ဖျလို့လည်းမရ။ပြစ်ဒဏ်ကနေလွယ်လွယ်လေး
လွတ်မြောက်ခွင့်ပေးထားတာတောင်၊မရမက
အတိုက်အခံလုပ်ပြီးကြိမ်ဒဏ်ဆိုတဲ့အရာကြီး
ကိုရွေးသွားသေးသည်။Jungkookမျက်ဝန်းတွေသည်မြို့ပြမျက်နှာဖုံး
ဆီမှခွာပြီးTaehyungရှိရာLily Whiteဆီမျှော်ငေး
ကြည့်လာသည်။Taehyung ဒဏ်ရာသက်သာ
ရဲ့လားဆိုတာသူသိချင်လိုက်တာ။"King... မြို့တော်ဝန်တွေ့ခွင့်တောင်းနေပါတယ်"
ကိုယ်ရေးအရာရှိ Anna အားJungkookခေါင်းညိမ့်
ပြလိုက်တယ်။ ထို့နောက် ပျင်းရိပျင်းတွဲကိုယ်
အနေအထားအောင်တည့်မတ်အောင်ပြန်ပြင်ထိုင်
ယူလိုက်သည်။မြို့တော်ဝန်CharlieမှာJungkook
၏အရင်းနှီးဆုံးသူငယ်ချင်းများထဲမှတစ်ယောက်
ဆိုလည်းမမှား။အရင်တုန်းကတော့သေမတူရှင်
မကွာသူငယ်ချင်းသုံးယောက်ပေါ့။