Unicode
မနက်မိုးသောက် ရောင်နီထွက်ပေါ်လာသည်နှင့် နွယ် ဟာ နိုးလာသည် ။ ဘေးသို့ ကြည့်ရာ မှောက်လျက်သား အိပ်ပျော်နေသည့် ထိုကလေးမလေး ။ ကျစ်ကန်ကန် ပုံစံလေးရှိသော်လည်း အိပ်နေသည်မှာတော့ ကလေးငယ် တစ်ဦးနှင့် တူလေသည် ။
"မာမား .. လက်ဖက်ရည် နဲ့ အီကြာကွေး စားချင်တယ် ဝယ်ပေးထား"
မျက်လုံးမဖွင့်သေးဘူးပဲ အိပ်ချင်မူးတူးနှင့် မနက်စာ စားဖို့ကိုပြောနေသည့် နိုင့် ကိုကြည့်ရင်း နွယ် ပြုံးမိသည်။
"အို .. ငါပြုံးမိလိုက်တာလား"
ချက်ချင်း မျက်နှာပြန်တည်ကာ ကုတင် ပေါ်မှဆင်း၍ ရေချိုးခန်းထဲသို့ ဝင်သွားလေသည် ။ နွယ် ပြန်ထွက်လာသည် အထိ နိုင် မနိုးသေး ။ အိပ်ပျော်နေသည့် နိုင့် ကို မနှိုးတော့ပဲ အခန်းထဲမှ ထွက်ပြီး အောက်ထပ်သို့ ဆင်းလာသည် ။
"ဟော .. သမီးတောင် နိုးလာပြီပဲ ကလေးမလေးရော"
"အိပ်တုန်း မေမေ နွယ် နှိုးဦးမလို့ပဲ ဒီနေ့ အိပ်ရေးဝဝ အိပ်ခိုင်းလိုက်မယ်"
"အိပ်ပါစေ သမီးရယ် ပြီးတော့ ကလေးမလေးကို စည်းကမ်းတွေ မတင်းကြပ်ပါနဲ့လား ညက မေမေ အပေါ်ထပ်တက်လာတော့ သမီးပြောနေတာတွေကို ကြားလိုက်တယ် ကလေးမလေး ခမျာ မိသားစုနဲ့ ခွဲပြီး တစ်နယ်တစ်ကျေးမှာ စာလာသင်ရတာ မိသားစု အနားမှာမရှိတာ ဘယ်လောက်အားငယ်ဖို့ကောင်းသလဲ စည်းကမ်းချက်တွေ လျှော့ဦး ဟုတ်ပြီလား"
"နွယ် နားလည်ပါတယ် မေမေ ဒီကောင််မလေး ပုံစံက ဂျစ်ကန်ကန်နဲ့ ဆိုးမယ့်ပုံလေး အခုတည်းက သူ့ကို စည်းကမ်းတင်းကြပ်ထားမှ တော်ရာကျမှာ"
ထိုစဉ် မီးဖိုချောင်ထဲသို့ နွယ့် မောင် တေဇာဝင်လာသည် ။
"တေဇာ အစ်မကို လက်ဖက်ရည် နဲ့ အီကြာကွေး ဝယ်ပေးပါဦး ဟိုကလေးမလေး အတွက်"
"ဟုတ်ကဲ့ အစ်မနွယ် ကျွန်တော် အခုသွားဝယ်လိုက်မယ်"
တေဇာ ထွက်သွားပြီးနောက် နွယ် လည်း မနက်စာအတွက် မီးဖိုချောင်ထဲတွင် ပြင်ဆင်လေသည် ။ ယနေ့ မနက်စာ မုန့်တီ ဖြစ်သည် ။ မန္တလေး အခေါ် မုန့်တီ ရန်ကုန် အခေါ်ဆိုရင် နန်းကြီးသုတ်ပေါ့ ။
![](https://img.wattpad.com/cover/357402792-288-k560464.jpg)
YOU ARE READING
နွယ် ( Mini Story ) {Completed}
عاطفيةကိုယ့်ကိုစာသင်ပေးတဲ့ ဂိုက်ဆရာမကလည်း ကိုယ့်ချစ်သူဖြစ်သွားနိုင်ပါတယ် ။ Mini Story ။ True Story ။ Own Creation ။