Unicode
"ဒီတစ်ခါမှ မင်းမရရင်တော့ တစ်နေ့လုံးထမင်း အငတ်ထားမယ်မှတ်"
"ဟင်!"
"မဟင်နဲ့ .. ထိုင်ထပါလုပ်ရမယ်"
နွယ် ကျောင်းသွားတော့မည် ဖြစ်တာကြောင့် နိုင့် ကိုမနေ့က ကျက်စာတွေ ပြန်ပေးသွားလေသည် ။ မှာပြီးသည်နှင့် သူ၏ လက်ကိုင်အိတ်အားကိုင်၍ အောက်သို့ ဆင်းသွားလေသည် ။
နှစ်ဦးစလုံး မနက်စာ စားပြီးပြီ ဖြစ်တာကြောင့် နိုင် အခန်းတွင်းသာ ကျန်ခဲ့တော့သည် ။ တစ်ဝက်ကျန်သေးသည့် တာယာပွကြီးကို ထက်ဖတ်လို့မဖြစ် မဟုတ်ရင် ထိုင်ထပါလုပ်ရမှာကြောင့် စားပွဲအရှေ့တွင်ထိုင်ကာ စာကုန်းကျက်ရလေတော့သည် ။
ညနေ ၃ နာရီအချိန်သို့ရောက်သော် နွယ် ပြန်လာ၏ ။ အဝတ်အစားတောင် မလဲအား ရောက်သည်နှင့် စာတန်းဆိုရသည် ။
"မဆိုးပါဘူး ဒီနေ့တော့တော်သားပဲ ဒါတွေအားလုံးကို စာရွက်မှာ အလွတ်ချရေးရမယ်"
"ရှင်!"
"ဘာလဲ!"
"ဘာမှမဖြစ်ပါဘူး ရေးပါ့မယ်လို့ ဟီး .."
"ရေးထားနှင့် တို့ပြန်လာခဲ့မယ်"
ထိုသို့ပြောပြီးနောက် အောက်ထပ်သို့ ဆင်းသွားလေသည် ။ ခဏအကြာ အောက်ထပ်မှ ကလေးတစ်ချို့၏ စကားပြောသံ ရယ်သံတစ်ချို့ ကြားရ၏ ။ ထုံးစံအတိုင်း စပ်စုတတ်သည့် နိုင် ကတော့ အခန်းထဲမှ ခြေဖွနင်းကာ လှေခါးနားမှ ချောင်းကြည့်လေသည် ။
"ဟယ် သူက ကျူရှင်ပါသင်တာလား"
၆ ယောက်ခန့်ရှိသော ကျောင်းသူ ကျောင်းသားတစ်ချို့ ဧည့်ခန်း၏ ဘယ်ဘက်ဒေါင့်အနားတွင် စားပွဲခုံအကြီးကို ချလျှက် စာသင်နေလေသည် ။
နွယ့် ၏ စာသင်သံနှင့်အတူ ကလေးတစ်ချို့၏ သံပြိုင်လိုက်ဆိုသံကို အတိုင်းသားကြားရလေသည် ။
"ဟိုတစ်ယောက်!! ကိုယ့်စာကိုယ်မလုပ်ပဲ ဘာကိစ္စလာချောင်းကြည့်နေတာလဲ!"
ဘုရားရေ! ။ နောက်စေ့ မှာမျက်လုံးများ အပိုပါလာသလား ။ နိုင် ရောက်နေတာကို နွယ် သိလေသည် ။
YOU ARE READING
နွယ် ( Mini Story ) {Completed}
Romanceကိုယ့်ကိုစာသင်ပေးတဲ့ ဂိုက်ဆရာမကလည်း ကိုယ့်ချစ်သူဖြစ်သွားနိုင်ပါတယ် ။ Mini Story ။ True Story ။ Own Creation ။
