Unicode
"အစ်မ! ဘယ်လိုလုပ်ပြီး ရန်ကုန် ကို ..."
"တို့ ရောက်နေတာ ၂ နှစ်တောင်ရှိပါရောလား ရန်ကုန်ကို တာဝန်နဲ့ပြောင်းလာတာလေ"
"ရှင် !!"
"မကြားလိုက်ဘူးလား"
"ကြားတယ် ကြားတယ် ၂ နှစ်တောင်ရှိနေပြီကို ဘာလို့ နိုင့် ကိုမပြောပြတာလဲ"
"မင်း က တို့ကို မေးသလား"
"ဒါပေမယ့် ..."
"ကဲ .. တို့ကျောင်းနောက်ကျနေပြီ ဖယ် ရှေ့က"
"အာ .. ဟုတ် ဟုတ်"
နိုင် တစ်ခုခုကို သတိရသွားသည့်ပုံ နွယ် ဆောင်းထားသည့် ထီးကို လှမ်းဆွဲလေသည် ။
"အာ .. ခဏလေး! ခဏလေး"
"အို! .. ဘာလုပ်တာတုန်း!"
"ဟို .. ဘယ်ကျောင်းမှာ တာဝန်ကျတာလဲလို့ သိချင်လို့ ဟီး နောက်ပြီး ဘယ်မှာနေတာလဲ သိချင်လို့"
"ဟွန့် .. ကျောင်းက လသာ မှာ နေတာက အဒေါ်အိမ်မှာ ရပြီလား!"
ကျောင်းနောက်ကျနေပြီဖြစ်သော နွယ် ကတော့ ထိုသို့ပြောပြီးနောက် ခပ်သွက်သွက် ကလေး ထွက်သွားလေသည် ။
"ဟောတော့ .. ဖြေသွားတာ တုံးတိကြီး ဘယ်လို အပျိုကြီးလည်း မသိဘူး"
ယနေ့ဟာ နိုင့် အတွက် ရက်ရာဇာ ဖြစ်သည် ။ နှစ်တွေအကြာကြီး လွမ်းနေရသည့် အမျိုးသမီး ဟာ နိုင့် အရှေ့ကို နောက်တစ်ကြိမ်ပြန်ရောက်လာခဲ့သည် ။
"မားမား! မာမား! မာမားရေ!!"
"ဟဲ့! ဟဲ့! ဘယ်လိုဖြစ်လို့ အော်ခေါ်နေလဲ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား"
"မာမား! .. အစ်မနွယ် .. အစ်မနွယ် ရန်ကုန်ရောက်နေတယ်"
"ဟုတ်တယ်လေ .. အဲ့ဒါဘာဖြစ်လဲ"
"မာမား သိနေတယ်! ရာရာ့ကို ဘာလို့မပြောတာလဲ!! အစ်မနွယ် ရန်ကုန်ရောက်နေတာ ရာရာ့ကို ပြောရမှာပေါ့"
YOU ARE READING
နွယ် ( Mini Story ) {Completed}
Lãng mạnကိုယ့်ကိုစာသင်ပေးတဲ့ ဂိုက်ဆရာမကလည်း ကိုယ့်ချစ်သူဖြစ်သွားနိုင်ပါတယ် ။ Mini Story ။ True Story ။ Own Creation ။