1

1.2K 140 9
                                    

Unicode

ဒီနေ့မှ ထူးထူးခြားခြား နေရောင်တွေက ပိုတောက်ပနေတော့တာ။
ထိုနေရောင်အောက်တွင် လူရွယ်တစ်ယောက်က အုတ်ဂူများစွာကိုဖြတ်ကျော်ပြီး အနက်ရောင်သုတ်ထားသော အုတ်ဂူတစ်ခုရှေ့သို့ရောက်တော့ လက်ထဲတွင်ကိုင်ထားသော ပန်းစည်းကို အုတ်ဂူထက်တင်လိုက်သည်။
ထို့နောက် ပါလာသော ဆိုဂျူကို ခွက်ထဲသို့ထည့်ပြီး သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ပုံရှေ့သို့ ချလိုက်ကာ ဘေးနားမှာ ဟိုတစ်စ ဒီတစ်စပေါက်နေသော မြက်ပင်တွေကို လိုက်တို့ထိနေလေသည်။

လူရွယ်လေးရဲ့ နောက်ကျောပြင်ကိုပဲ ကြည့်လိုက်မည်ဆိုလျှင် အတော်လေး ဝမ်းနည်းကြေကွဲနေဟန်။
မြက်ပင်တွေနှုတ်ပြီး အောက်မေ့ဖွယ်စကားတွေပြောနေမယ်လို့ ထင်ကြလိမ့်မယ်။
အရှေ့ဘက်မျက်နှာထက်က အပြုံးတွေကိုဝောာ့ ဘယ်သူမြင်မှာတဲ့လဲ။ နောက်ပြီး အောက်မေ့ဖွယ်စကားတွေကော ဖြစ်နိုင်ပါ့မလား။

"အသက်ကြီးပြီး အချိန်မှမစည်းခဲ့တာ
ဒီအရက်တွေလဲ သိပ်ကြိုက်တယ်မလား၊ ဒီအရက်ကြောင့်ပဲ ဘဝကူးသွားတော့ ဘယ်လိုခံစားရလဲ
နဂိုထဲက ငရဲသွားရမှာပေမယ့် အချိန်နည်းနည်းစောရောက်သွားတော့ မကောင်းဘူးလား
အစထဲက သွားသင့်တဲ့နေရာပဲလေ"

"ဦးလေးတဲ့ ဘာဦးလေးလဲ
အလကား ခွေးတိရစ္ဆာန်၊ တော်ရုံပဲ ဒုက္ခပေးလို့ အတန်တန်သတိပေးခဲ့တယ်မလား လူငယ်တစ်ယောက်ရဲ့စကားမို့ အာရုံထဲမရှိခဲ့ဘူးမလား
အခုလို အရမ်းကြိုက်တဲ့အရာကြောင့်နဲ့ ဘဝကူးသွားရမယ်လို့ မထင်ခဲ့ဘူးမလား
သတိမမူ ဂူမမြင်တဲ့လေ အရက်ကျေးကျွန်ကြီးရဲ့"

"လူထပ်မဖြစ်လာနဲ့ တိရစ္ဆာန်ဘဝတောင်မရောက်ပဲ ငရဲမှာပဲနေ၊ ပြန်မွေးဖွားလာရင်လဲ အမှုန်အမွှားဘဝနဲ့သာနေ
အမေလဲဝဋ်ကျွတ်သွားပြီ၊ ကျုပ်တို့သားအမိ အရမ်းပျော်ရွှင်နေရတော့မှာ ခင်ဗျားရဲ့လောဘကြောင့်ရလာတဲ့ စည်းစိမ်းတွေလဲ ကျုပ်အပိုင်သိမ်းလိုက်ပြီလေ ဟားဟား
နှုတ်ဆက်တယ်နော် ဘယ်သံသရာတစ်ကွေ့မှာမှ ထပ်မတွေ့ကြရအောင်"

အနောက်တိုင်းဝတ်စုံကို သပ်ရပ်အောင် ပြင်လိုက်ပြီး ဦးညွှတ်ကာ ထိုနေရာကထွက်လာလိုက်သည်။
ပခုံးပေါ်က ဝန်တွေမရှိတော့ဘူး၊ အရမ်းပေါ့ပါးလွန်းလို့ မြေကြီးနဲ့ခြေထောက်တောင် မထိတော့ဘူး။

Love and HellWhere stories live. Discover now