2

546 97 15
                                    

Unicode

သာယာကြည်နူးစရာ မနက်ခင်းရယ်တော့မဟုတ်။
တစ်ကိုယ်လုံးနာကျင်စွာ နိုးထလာရတဲ့မနက်ခင်းရယ်ပါ။
ဘာလို့အဲ့လောက်နာနေရတာလဲ အထူးသဖြင့် ဟိုနေရာ။

ဖြည်းဖြည်းချင်း လက်နှစ်ဖက်ကိုထောက်ကာ အားယူထလိုက်ပြီး အထိုင်ချသည့်နေရာလေးအား စောင်းထားရသည်။
အခုထိ သတိသေချာမကပ်သေးပဲ ဘာလို့နာနေတာမသိသေး။

“ငါတအားသောက်ပြီး ညကချော်လဲသေးတာလား"

မနက်နိုးလျှင် ကုတင်ခေါင်းရင်းက remoteကိုယူကာ လိုက်ကာဖွင့်နေကြမို့ လှမ်းယူလိုက်ချိန်မရှိတာကြောင့် မျက်လုံးကိုအလုံးစုံဖွင့်ကာ remoteယူရန် ဘေးသို့ကြည့်မိတော့ အလိုအလျောက် တုန့်ပြန်တတ်သည့်အကျင့်အတိုင်း မှောက်လျက်ကြီးအိပ်နေသည့် ခေါင်းဖြူကောင်အား ကန်ချလိုက်မိသည်။

အာ့!

“ဘာလုပ်တာလဲဟ!"

“ဘယ်ကကောင်လဲ မင်း! ဟမ် ဟိုကောင်"

သူဘယ်တုန်းက ဆံပင်အဖြူဆိုးလိုက်တာလဲ။

“ချီးပဲကွာ အိပ်ကောင်းနေတာကို
မင်းကတော့ အကောင်းလွန်ပြီး အိပ်ပျော်သွားတာလေ ငါကဆက်ကြိုးစားပေးထားရတာ အိပ်ရေးမဝသေးဘူးကွ"

ကုတင်အောက်တွင်သာ အိပ်ချင်မူးတူးရုပ်နှင့် ထိုင်ကာပြောနေပုံက သူအိပ်ရေးမ‌ဝသေးပါဘူးပေါ့။

“ဘာတွေပြော.."

သူ့စကားအား အောက်ပိုင်းနာနေမှုနှင့် ဆက်စပ်ကြည့်လိုက်တော့..

“ရား! သူတောင်းစား! မင်း! ငါ့ကို ငါမူးနေတာကို စောက်ကျင့်က ယုတ်မာလှချည်လားကွ"

ကျွန်တော်ပြောတာကို စိတ်ရှုပ်သည့်ဟန် သူ့အမွှေးအဖြူတွေကို ထိူးဖွပြီး ထရပ်လိုက်တော့ ပတ်ထားသည့်သဘတ်က အောက်သို့လွှားကနဲ။

“အားး ဒီခွေးလိုကောင်!"

ခေါင်းအုံးနဲ့ကောက်ပေါက်ကာ စောင်ကိုခေါင်းမြီးခြုံလိုက်သည်။
နည်းတာကြီးမဟုတ်ဘူး! ပေါင်က။

တစ်ယောက်တည်း အော်လိုက်ဟစ်လိုက်နဲ့ ဘာတွေဖြစ်နေမှန်းမသိ၊ သဘတ်ကိုကောက်ပတ်လိုက်ပြီး ကုတင်နားတိုးသွားကာ စောင်ကိုဆွဲချလိုက်သည်။

Love and HellWhere stories live. Discover now