Unicode
Taehyungရဲ့ ငိုသံကြားတဲ့အချိန် လူကဘာဖြစ်တယ်မသိ မတည်မငြိမ်ဖြစ်လာကာ သူ့အိမ်ရှိရာသို့ ကားဖြင့်အမြန်ဆုံးအရှိန်နှုန်းတင်ကာ မောင်းနှင်လာလိုက်သည်။
ရင်အစုံဟာလဲ တဒုတ်ဒုတ်နှင့်ခုန်နေသည်မှာ လျင်မြန်လွန်းစွာ။ ငါစိတ်ပူနေမိတာလား။Taehyung အိမ်ရှိရာလမ်းသို့ ကွေ့ဝင်လိုက်တော့ အိမ်ရှေ့မှာ ငုတ်တုတ်ကလေးထိုင်နေသော သူ။ ဘာလို့ အိမ်ရှေ့ထွက်ထိုင်နေတာလဲ သူများကောက်မသွားရင် ဘယ်လိုလုပ်မလဲ။ တွေးမိပြီးကာမှ မျက်မှောင်ကြုံ့လိုက်ကာ အတွေးတွေကို ခါထုတ်လိုက်သည်။ ဘာတွေလျှောက်တွေး။
ကားစက်သပ်လိုက်ကာ အမြန်ပြေးဆင်းသွားပြီး သူ့ရှေ့ဒူးထောက်ထိုင်လိုက်တော့ မော့ကြည့်လာသည့်မျက်ဝန်းတွေဟာ မို့အစ်လို့။
ဘယ်လောက်တောင် ငိုထားရတာလဲ။ ဘာတွေဖြစ်လို့လဲ။“ဘာဖြစ်လို့ ဒီလောက်ငို.."
စကားတောင် ပြီးအောင်မပြောလိုက်ရခင် ကျွန်တော့်လည်ပင်းအား ဖက်တွယ်လာသူက တဖန်ငိုချပြန်လေသည်။
ရုတ်တရက်ကြောင်နေရာမှ ကျောပြင်အား အသာပုတ်ပေးပြီးတော့ Pheromonesတို့ ထုတ်လွှတ်ပေးလိုက်ကာ နှစ်သိမ့်ပေးနေမိသည်။“ဘာလို့ ငိုနေတာလဲ"
မေးပေမယ့် ပြန်မဖြေ။ ကျွန်တော့်ပခုံးထက် ခေါင်းမှောက်လို့ ရှိုက်နေသေးတာ။
“အိမ်ထဲဝင်ရအောင် ခြေထောက်တွေနာနေမယ်"
ဖက်ထားသူကဖယ်မပေး။ ဖယ်မပေးမယ့်အတူတူဆိုပြီး မတ်တပ်ရပ်လိုက်တော့ ဖက်လျက်သား လိုက်ရပ်သည်။ ထို့နောက် တံကောက်ကွေးကနေ မချီလိုက်တော့လဲ မလှုပ်မရှပ်လေး ပါလာပြန်သည်။
ဧည့်ခန်းထဲရောက်လို့ ဆိုဖာပေါ်ချပေးတော့လဲ ဖက်ထားတာကိုမလွှတ်။"လွှတ်အုံးလေဗျ"
“ဟင့်အင်း"
“ခဏပါပဲ သေချာထိုင်ပါအုံး"
“ထွက်သွားမှာ"
“ဟမ်"
“ထွက်သွား လိမ့်မယ်"
“ဘယ်သူလဲ ငါလား မသွားပါဘူး ဖယ်အုံး
ပူလာပြီဟ"ငိုတာရပ်သွားပေမယ့် ဖက်ထားတာမလွှတ်။
ထွက်သွားမှာကြောက်နေပုံ၊ ဘာတွေပြောနေသည်မသိ။
ဘယ်သူကထွက်သွားမှာတုန်း လာရတာတန်အောင် ဒီမှာအိပ်သွားမှာပေါ့။