Unicode
မောင်ဟုခေါ်မိသော ပါးစပ်ကို ရေနှင့်အခါခါဆေးနေမိတာ နှုတ်ခမ်းတွေတောင်အေးနေပြီ။
ဖုန်းပြန်ဆက်ဖို့ကိုလဲ မျက်နှာပူနေတာကြောင့် မဆက်နိုင်။အို.. ငါကဘာလို့မျက်နှာပူရမှာလဲ။
ဒီတိုင်း အခက်အခဲဖြစ်နေလို့ ပြောမိပြောရာပြောလိုက်ရုံပဲလေ၊ ဘာကိုမျက်နှာပူရမှာလဲ။
ငါ့အင်္ကျီငါပြန်ယူရမှာပဲလေ၊ အဲ့အင်္ကျီက limited edition!
ပြန်မယူရင် အဲ့ကောင်ရောင်းစားပစ်လောက်တယ်၊ အဖြစ်မခံနိုင်ဘူး လုံးဝပဲ!ထို့ကြောင့် ကျက်သရေတုန်းဟုမှတ်ထားသော နာမည်ကိုထိပြီး ဖုန်းခေါ်လိုက်တော့သည်။
*ပြော*
*အင်္ကျီဘယ်ကိုလာယူရမလဲ*
*ငါ့အိမ်လာယူ*
*မင်းအိမ်ထိမလာနိုင်ဘူး ဝေးတယ်
Freex ဆိုင်ကိုလာလိုက် အဲ့ကစောင့်နေမယ်**ဒီမယ်! အင်္ကျီပါလျှော်ထားပေးတာကို လာပါပေးရအုံးမှာလား*
*လာမပေးခိုင်းပါဘူး မင်းအိမ်နဲ့ငါ့အိမ်အကွာအဝေးရဲ့တစ်ဝက်ကို ညီတူညီမျှလာရတာပဲလေ
အင်္ကျီကလဲ မင်းလျှော်ထားတဲ့ပုံစံနဲ့မပြောစမ်းနဲ့**ကျေးဇူးကန်းချက်က*
*ကျေးဇူးကန်းရအောင် ဘာကျေးဇူးရှိလို့လဲ
အော်.. ဟိုလိုခေါ်မိတာလား အဲ့တာငါအခက်အခဲဖြစ်နေ..**ပုစွန်ဦးနှောက်*
*ဘာပြောတယ်!*
*Freexမလား အခုလာပြီ ဒါပဲ*
*ကျက်သတုန်း*
ဖုန်းမချခင် အမိအရပြောလိုက်သေးတာ။
Kim Taehyung မလွယ်ကြောလေး။***
ဆိုင်ပြင်သို့ငေးကာ စဝောာ်ဘယ်ရီဖျော်ရည်ကို ဖြည်းဖြည်းချင်းအရသာခံသောက်နေတုန်း ခေါင်းကိုခပ်ဖွဖွအပုတ်ခံလိုက်ရသည်။
ထိပ်ပုတ်ခေါင်းပုတ်လုပ်တာကို အလွန်မုန်းတာကြောင့် ဒေါသကချက်ချင်းပင်ထွက်လာပြီး အဆဲစကားကလဲ အော်တိုထွက်လာကာ ထိုးရန်လက်ကပြင်ထားပြီးသား။“Fuck!
ဘယ်သူဝောာင်းစားက ငါ့ခေါင်းကို.. Hyung.."“အရင်လို ဒေါသကကြီးနေတုန်းပဲနော်
နည်းနည်းမှ ပြောင်းလဲမသွားဘူး"