" ကျော်ကြီးရာ ကြာလိုက်တာဆိုတာ "
" အေးလေ "
ကျော်ကြီးရွာထိပ်ကညောင်ပင်ကြီးအနားမရောက်မှီ အမွှာနှစ်ကောင်ဖြစ်ကြတဲ့ ချက်စူနဲ့ဗိုက်ပူရဲ့အပြစ်တင်စကားဆိုချင်းကိုခံလိုက်ရသည် ကိုဖိုးမောင်ကတော့ဖီနပ်ဖင်ခုထိုင်ကာ ချက်စူရေဆေးပေးထားတဲ့ဇီးသီးကိုတစ်ခွက်ခွက်နဲ့ကိုက်စားလို့
" ဘာဖြစ်လို့လဲ ငါအချိန်ငါသိပါတယ်ဟ "
" ဘာဖြစ်ရမှာလဲ နောက်ဘက်ရွာကိုသွားဖို့အချိန်မမှီတော့ဘူးလေ "
ချက်စူစကားကြောင့်ကျော်ကြီးတစ်ယောက်မျက်မှောင်ကုက်ကာ
" အရင်ကလဲငါတို့ဒီအချိန်ထက်တောင်နောက်ကျသေးတယ်လေ ဘာလို့သွားလို့မရတာလဲ "
" အခုမရဘူး "
" ဘာလို့မရတာလဲ "
" နောက်ဘက်ရွာကသူကြီးရဲ့သားကရန်ကုန်ကနေဒီနေ့ပြန်လာမှာမို့လို့လေ တစ်ရွာလုံးအလုပ်ရှုပ်နေကြတာ "
" သူပါသူရှုပ်တာလေ ငါတို့သွားရှုပ်တာမှမဟုတ်တာ "
" ဟေ့ဟျောင်ကိုကို မင်းပြောနေလဲကျော်ကြီးကနားထောင်မှာမှမဟုတ်တာ "
" ညီညီပြောတာလဲမှန်တာပဲ ဒီကောင်ကနွားကိုယ်ပလာတာကျွေးနေရသလိုပဲ "
" အဲ့ဒါကြောင့်လဲရည်းစားမရတာ "
" No ကျော်ကြီးအတွက်အချစ်မလိုအပ်ဘူး အရက်နဲ့ကြက်ဖပဲလိုတာ "
" ဟေ့ အစားကိုယ်ကုန်အောင်စားနော် စကားကိုကုန်အောင်မပြောနဲ့ "
ဗိုက်ပူစကားကို ကျော်ကြီးတစ်ယောက်လက်မခံနိုင် ကျော်ကြီးစကားကိုယ်ကျော်ကြီးတာ၀န်ယူနိုင်တာကြောင့် ဒီလိုစကားတွေကျော်ကြီးမကြိုက်
" ဒီမှာ ကျော်ကြီးအတွက်အချစ်မလိုဘူးဆိုတာမယုံရင်စောင့်ကြည့်လိုက်ပေါ့ "
" စောင့်ကြည့်ရသေးတာပေါ့ "
" ကြည့်လိုက်စမ်းပါ သားကြီးတို့ရာ ဒီကမ္ဘာပေါ်မှာကျော်ကြီးကိုယ်ရင်ခုန်စေမဲ့ပျိုမဒီမွေးသေးဘူး "
" ဟုတ်မှလဲလုပ်ပါ ကိုယ်ကျော်ကြီးရယ် "
" ဒီမျောက်နှစ်ကောင်ကတော့ "
YOU ARE READING
အချစ်ယူခံ
Adventureကျော်ကြီး+ရောင်ခြည်ဦး ကျတော်နမည်ကကျော်ကြီး ခင်ဗျားလေးအဖို့ခေါ်ရမှာအရမ်းရှည်နေရင် အဖျားစွပ်ပြီး မောင်လို့ခေါ်ပေါ့ မဟုတ်ဘူးလား