" ဟုတ်မှလဲလုပ်ပါ ကျော်ကြီးရာ "

" အကိုဖိုးမောင်ကလဲ ကျွန်တော်ပြောတာအတည်တွေပါဆို ဥပမာဗျာ သူနဲ့တွေ့မှငြိမ်သက်နေတဲ့ကျွန်တော်နှလုံးသားလေးကအခုန်မြန်လာတယ်ဘာတယ်ပေါ့ "

" ဖြစ်ရအုံးမယ် "

" မယုံလဲနေ ချက်စူနဲ့ ဗိုက်ပူ "

" အေး "

" အေး ငါလဲမသိဘူးနော် "
ရှေနေခေါ်ကာမှာ ထောင်လုံးလုံးကျဆိုသလိုပေါ့ ချက်စူကမှထူးဖော်ရသေးတယ် ဗိုက်ပူဆိုတဲ့ဒင်က စကားလေးတောင်ဆုံးအောင်ပြောခွင့်မပေးဘူး

" မင်းဟာကလဲငါဖြစ်ဘာမှတောင်မပြောရသေးဘူး သူကိုယ်သူဗူးသီးများမှတ်နေသလားပဲ "

" ဘာတုန်းဗူးသီကြီးက "
ချက်စူကဆိုလိုက်တော့ ပြန်ဖြေလာတဲ့ကျော်ကြီး

" ဘာဖြစ်ရမှာလဲ ဘာမေးမေ ဘာဖြေဖြေ ဘူး ဘူး ဘူးကြီးပဲအမြဲပြောနေလို့ "

" အော် "

" အချစ်ကထူးဆန်းတယ်ကွ "
ချက်စူကဆိုလိုက်တော့ ကျန်တဲ့သုံးယောက်ကမျက်ခုံးပင့်လာခဲ့တယ် ဘာကြောင့်ဆို ပေါင်းလာတဲ့လေးယောက်ထဲ့မှာချက်စူကစကားအနည်းဆုံးနဲ့ရင်ဖွင့်တာလဲအနည်းဆုံး ဘာပဲဖြစ်နေပါစေ ဘယ်သောအခါမှထုတ်မပြောဘူး

" ဆိုပါအုံး ချက်စူရဲ့ "
ကျော်ကြီးက သူစကားကိုထောက်ခံကာတောင်းဆိုလာသည်

" သူများတွေရဲ့အချစ်တော့ငါမသိဘူး ကျော်ကြီး "
ဒီစကားကို ကိုဖိုးမောင်ကိုယ်ကြည့်ပြီးတိုးတိုးလေးဆိုလိုက်တော့ ညီညီမျက်နှာကအလိုလိုပြတ်သွားတာကိုမြင်ခဲ့ရပြန်တယ်

" ချက်စူထက်ပြောလေ ငါနားထောင်နေတယ် "

ဒီလိုစကားကိုဘယ်လိုအတွေးမျိုးနဲ့တွေးလိုက်သလဲချက်စူမပြောတတ်ဘူး ဒါပေမဲ့ ဘယ်လိုအားမျိုးနဲ့ကျွန်တော်ပြောရမလဲ ကိုဖိုးမောင်

" ပြောလိုက်ပါကိုကို ညီညီတို့လဲသိချင်တယ် "
စိတ်ထဲ့ကမပါပေမဲ့ ကိုကိုမျက်နှာကိုမျက်တောင်မခက်တိုင်းကြည့်နေတဲ့ကိုဖိုးမောင်ကြောင့် ဗိုက်ပူအလိုလို၀မ်းနည်းခဲ့ရပြန်တယ်

အချစ်ယူခံWhere stories live. Discover now