Until the end part (8)🥀

775 29 3
                                    

   ရှောင်းကျန့်တစ်ယောက်၀မ်ရိပေါ်ကောင်းမှုကြောင့်အပြင်းဖျားလို့နေသည်အိပ်ယာတောင်မထနိုင်ပေ အိမ်ပြန်အစီစဉ်ဟာလဲပျက်လို့သွားသည်။
"အင်း...ဟင်းး"ညဉ်းသံနဲ့အတူနိုးလာပါသောရှောင်းကျန့်
"ရှောင်း..!ရှောင်းမထနဲ့‌အုံးနာနေမယ်ကိုယ်ဆရာ၀န်ခေါ်ထားတယ်ခနနေရောက်လိမ့်မယ်"ရှောင်းကျန့်လဲဘာမှပြောမနေတော့ဘဲအိပ်ယာပေါ်ပြန်လှဲနေလိုက်သည်ခနအကြာတော့"ဒေါက်..!!ဒေါက်.!!ဒေါက်!"တံခါးခေါက်ကြားရပီဆရာ၀န်ဖစ်ဟန်လူတစ်ဦး၀င်လာသည်။
"ဒေါက်တာ ကျတော့အမျိုးသားကိုကြည့်ပေးပါအုံးအရမ်းဖျားနေလို့ပါ"၀မ်ရိပေါ်ကပြောတော့ဒေါက်တာလဲစမ်းသပ်မှုပြုလုပ်သည်။အဖျားကျဆေးထိုးပေးပီဆောင်ရန်ရှောင်ရန်မှာကြားပီဆေးပေးခဲ့ပီပြန်သွားလိုက်သည်။၀မ်ရိပေါ်လဲရှောင်းကျန့်ဆေးသောက်ဖို့အစာရှိမှလိုမယ်တွေးကာအောက်ထပ်ကမီးဖိုခန်း၀င်လာတော့
"ဦးလေးရှောင်းစားဖို့တခုခုလုပ်ပေးပါ အစာမာတဲ့ဟာမချက်နဲ့အစပ်လဲမချက်နဲ့ ခုကဆန်ပြုတ်ပဲအရင်လုပ်ပေးပါအုံး"ထိုသို့ပြောပီဧည့်ခန်းမှာထိုင်စောင့်နေလိုက်သည်။ခနအကြာဦးလေးကဆန်ပြုတ်ပန်းကန်ကိုဗန်းလေးမှာထည့်ရင်းယူလာလိုက်ပီ၀မ်ရိကပါ်ကိုကမ်းပေးလိုက်သည်။၀မ်ရိပေါ်လဲဆန်ပြုတ်ဗန်းလေးကိုယူပီအိမ်အပေါ်ထပ်သို့တက်လာလိုက်သည်။အခန်းထဲ၀င်လာတော့အိပ်ပျော်နေသောရှောင်းကျန့်ကိုနိုးရသည်။
"ရှောင်း..ရှောင်း..ရှောင်းထအုံးဆန်ပြုတ်လေးနည်းနည်းသောက်လိုက်အုံးပီရင်ဆေးသောက်ရအောင်ပီမှပြန်အိပ်လေနော် ထ"ရှောင်းကျန့်လဲအိပ်နေရာမှထထိုင်လိုက်သည်ဆန်ပြုတ်ပန်းကန်ကိုယူမယ်အလုပ်မှာ
"ပူတယ်ရှောင်းရဲ့ ကိုခွန့်ကျွေးမယ်နော်မပူအောင်မှုတ်ပေးမယ်"၀မ်ရိပေါ်ကပြောလိုက်ပီးမပူအောင်မှုတ်ပေးပီတဇွန်းပီတဇွန်းစိတ်ရှည်ရှည်နဲ့ခွန့်ကျွေးသည်။ရှောင်းကျန့်လဲ၀မ်ရိပေါ်လုပ်သမျှလိုက်ကြည့်နေမိသည်။ပီတော့သောက်ရမယ့်ဆေးကမ်းပေးလာတော့ရှောင်းကျန့်လဲသောက်လိုက်သည်။
"ရှောင်း အိပ်ပျော်အောင်အိပ်လိုက်နော် ကိုယ်ဒီနေ့ရုံးမသွားဘူးကိုယ်ထိုင်စောင့်ပေးမယ်"၀မ်ရိပေါ်ကထိုသိုပြောပီဘေးမှာထိုင်နေလိုက်သည်။၀မ်ရိပေါ်ပြောသမျှလုပ်သမျှကိုဘာမှမတုံ့ပြန်တဲ့ရှောင်းကျန့်ကအတွေးထဲနစ်မျောနေခဲ့သည်။
**ဒီလူငါ့အပေါ် ဘာလို့ဒီလောက်တောင်ကောင်းပေးနေရတာလဲ ချစ်တယ်ပြောတာတကယ်လားခုဂရုစိုက်ပေးနေတာကတာ၀န်အရလား ငါ့အလိုမတူပဲအရယူခဲ့မိလို့ခုလိုကောင်းပေးနေတာပဲဖစ်ရမယ် ငါကရောသူအပေါ်ခံစားချက်ရှိနေတာလား ဘာမှမပြောပဲနေနေတာကသာယာနေမိတာလားငါဒီလူကိုချစ်မိနေတာလား မဖစ်နိုင်တာမဖစ်နိုင်ဘူး ဒါမယ့်သေချာတာကငါကမသန့်ရှင်းတော့ဘူးကို(ယီရှင်း)အပေါ်သစ်စာဖောက်မိပီး တောင်းပန်ပါတယ်ကိုရယ်ကျန့်ကိုခွင့်မလွှတ်ပါနဲ့**ရှောင်းကျန့်လဲအတွေးများနေစဉ်မှာပဲဆေးအရှိန်ကြောင့်အိပ်ပျော်သွားသည်။၀မ်ရိပေါ်မှာအိမ်ပျော်နေသောချစ်လှစွာသောလူသားလေးကိုနှဖူးမှအနမ်းခြွေရင်း
"ကိုယ်မင်းကိုငုံထားမတတ်အရမ်းချစ်တာပဲရှောင်းရယ် စိတ်ချနော်ကိုယ့်ကြောင့်စိတ်မဆင်းရဲစေရဘူး"ပြောပီသူပါဘေးသို့လှဲအိပ်လိုက်သည်။
   နံရံပေါ်ကနာရီအချက်ပေးအသံကြောင့်နိုးလာပါသောရှောင်းကျန့် နာရီကိုကြည့်မိတော့ညနေ၄နာရီတောင်ရှိပီလူကအဖျားရှိန်ကြောင့်မူးနောက်နောက်နဲ့နည်းနည်းနှုံချိနေသေးသည် အခန်းပတ်လည်ကိုကြည့်မိတော့ဘယ်သူရှိမနေရှောင်းကျန့်လဲထလာလိုက်ပီအောက်ထပ်သို့ဆင်းလာလိုက်သည်။ထိုအခါလူတယောက်နဲ့၀မ်ရိပေါ်စကားပြောနေတာကိုတွေ့တော့လှေကားဘေးကပန်းအိုးအကြီနဲ့ကွယ်ပီခိုးနားထောင်နေမိသည်အကြောင်းကတော့ယီရှင်းနာမည်ကြားလိုက်ခြင်းပင်။
"ကျတော့် ဒီကိစကိုရှောင်းကိုမသိ‌ေစချင်ဘူး ရှောင်းစိတ်ဆင်းရဲမှာမလိုချင်ဘူးရှောင်းကခုပျော်နေပီ ဟိုတယောက်ကိုမေ့နေပီ ပြောပြဖို့မလိုဘူး ခုဆိုရှောင်းကကျတော့်အိမ်သားဖစ်နေပီ ယီရှင်းကိုသူမေ့လိုက်တာကြာပီ ဒီကိစအတွက်နဲ့လာတာဒီတခါနောက်ဆုံးဖစ်ပါစေ"၀မ်ရိပေါ်ကပြောလိုက်တော့
"အဲလိုလဲမဟုတ်သေးပါဘူးမြို့အုပ်မင်းရယ်ရှောင်းကျန့်နဲ့ယီရှင်းနဲ့ကဟိုငယ်ငယ်တည်းကအတူတူကြီးပြင်းလာကြတာသံယောဇဉ်ဘယ်လောက်ရှိလဲဆိုတာကျတော့်အသိဆုံးပါခုယီရှင်းကဆုံးသွားပီဆိုတာ‌အာကျန့်လဲသိဖို့လိုတယ်လေ ကျတော့်ကိုအာကျန့်နဲ့ခနလောက်ပေးတွေ့ပါလားဗျာ"ဦးလေးချူကတောင်းပန်စကားဆိုနေလိုက်သည်။
"လာရာလမ်းအတိုင်းပြန်ပါနောက်တခါဒီအိမ်အရိပ်တောင်မနင်းမိစေနဲ့"၀မ်ရိပေါ်ကအံကြိတ်ရင်းပြောတော့ဦးလေးချူကလဲဒီအတိုင်းပြန်ထွက်လာခဲ့သည်။
"တောက်စ်..!"၀မ်ရိပေါ်ကတောက်ခေါက်လိုက်ပီလက်သီူကိုတင်းတင်းစုပ်ရင်း**အရာရာအဆင်ပြေလာခါနီးမှ ဘယ်လိုအကြောင်းပဲရှိရှိယီရှင်းဆိုတဲ့နာမည်ကိုဘယ်တော့မှရှောင်းကိုမပေးကြားတော့ဘူးဆုံးဖြတ်ပီကာမှကွာ**ဖစ်ပျက်သမျှကိုအကွယ်ကနေအတိုင်းတာကြားနေရတဲ့ရှောင်းကျန့်တယောက်မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင်ငိုနေလိုက်သည်။၀မ်ရိပေါ်လဲရှောင်းကျန့်ကိုမြင်တော့
"ရှောင်း!ရှောင်းဘာလိုဆင်းလာတာလဲ ဘာလို့ငိုနေတာလဲဘယ်နာနေမကောင်းတာလဲနာနေသေးလားဟင် "၀မ်ရိပေါ်စိုးရိမ်းစွာမေးနေပေမဲ့ရှောင်းကျန့်မှအကြည့်စူစူခံလိုက်ရပီ
"လူယုတ်မာ မကောင်းတဲ့လူ ဘာလို့ခုလို့လုပ်တာလဲ ဘာလို့ပေးမတွေ့ရတာလဲ ဘာလို့ကိုယီရှင်းအကြောင်းသိခွင့်မပေးရတာလဲ ဟမ်!သေသွားတာမဟုတ်ဘူးမလားလို့မေးတာဖြေလေဘာလို့လဲလို့"ရှောင်းကျန့်မှငိုရင်း၀မ်ရိပေါ်ရင်ဘတ်ကိုထုလိုက်သည်။
"ဘာလို့လဲဆိုတော့မင်းကိုကိုယ်အရမ်းချစ်လို့လေရှောင်း ရှောင်းသိလားအရမ်းချစ်တယ်လို့ ဘာလို့အဲဒီလူကိုပဲချစ်နေရတာလဲ ကိုယ်ရှောင်းကိုချစ်ပေးတယ်လေအဲဒီလူထက်မလျောအောင်ချစ်ပေးနိုင်တယ်လေ ကိုယ့်အနားကနေထွက်သွားမှာဆိုးလို့ ကိုယ်မပေးသိခဲ့တာပါ ရှောင်းခုသိရပီလေကိုယ်ရှိတယ်လေနော် ကိုယ်ရှောင်းအရမ်းချစ်တာရှောင်း"၀မ်ရိပေါ်ကရှောင်းကျန့်လက်ကိုကိုင်ပီငိုရင်းပြောနေမိသည်။
"လွှတ် ကျတော်လက်ကိုလွှတ် မထိနဲ့"ရှောင်းကျန့်လဲရုန်းလိုက်ပီ
"အစတည်းကအကြံနဲ့ကျတော်ကိုလိမ်ခေါ်ခဲ့တယ်မဟုလား"ရှောင်းကျန့်ကမေးလိုက်တော့အသံတိတ်ရပ်နေခဲ့သည်မှာ၀မ်ရိပေါ်ပင်။
"ဟက်!!ဟုတ်နေတာပဲ ခင်များကအရမ်းအတ်တကြီးတဲ့သူပဲ ကိုယ်ဖစ်ချင်တာပဲကိုသိတယ် အလိုမတူပဲအရယူတယ် တကိုယ်ကောင်းသမားပဲလူကောင်းတယောက်လို့ထင်ခဲ့မိတယ် အရမ်းမှားတာပဲ အရမ်းမုန်းတယ်သေလောက်ထိမုန်းတယ်"ရှောင်းကျန်ကခံစားရသမျှပြောတော့သည်။၀မ်ရိပေါ်လဲထိုစကားကိုကြားတော့
"ရှောင်းရယ်အထင်မလွဲပါနဲ့ကိုယ်ရှောင်းကိုချစ်တယ်ဆိုတာအမှန်တွေပါကွာ ဆုံးရှုံးရမှာကြောက်လိုအရယူမိတာကိုယ့်အမှားပါ ထွက်သွားမှာဆိုးလို့ယီရှင်းအကြောင်းမပြောပြစေချင်ရုံလေးပါရှောင်းရယ် ဘ၀ဆုံးထိမင်းကိုပဲချစ်မှာပါရှောင်းရယ်ယုံပါနော်"
"မပြောနဲ့ မကြားချင်ဘူး"ပြောပီအပေါ်ထပ်သို့ပြောတက်သွားသည်။၀မ်ရိပေါ်လဲခုံပေါ်ထိုင်ချရင်းငိုနေမိသည်။**ရှောင်းကသူကိုမုန်းတယ်တဲ့ကိုကတော့ချစ်တယ်ရှောင်းအဲဒီလူကအရင်မတွေ့ခဲ့ပေမယ့်စတွေ့ထဲကပထမဆုံးသောအချစ်ရင်ခုန်သံကမင်းလေးနဲ့အစပြုခဲ့တာပါအချစ်ရယ် မီးကပူမှန်းသိလဲရှေ့ဆက်တိုးချင်တဲ့ပိုးဖလံလိုပဲ ကိုယ်လဲမင်းကိုချစ်တဲ့စိတ်ကြောင့်ရုန်းမထွက်ချင်ခဲ့ပါဘူးအချစ်ရယ်**ထိုင်ခုံမှာထိုင်နေမိတာအချိန်တွေဘယ်လောက်ကြာမှန်းးမသိညနေ၈နာရီထိုးသံကြောင့်၀မ်ရိပေါ်လဲအိမ်ပေါ်ထပ်သို့တက်လာလိုက်သည်။
"ဒေါက်!!ဒေါက်!ရှောင်း ရှောင်းတံခါးဖွင့်ပါအုံး"ပြန်ဖြေသံမကြာတော့စိုးရိမ်စိတ်ကြောင့်စာကြည့်ခန်းထဲကသော့အပိုကိုယူလာခဲ့ပီတခါးကိုဖွင့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခြေလှမ်းဖြေးဖြေးလျမ်းလာပီ
"ရှောင်း!!ရှောင်းအဲလိုမလုပ်ပါနဲ့ မလုပ်ရဘူးလေနော် ပြန်ဆင်းလာခဲ့ပါ"၀ရံတာလက်ရန်မှာထိုင်နေပါသောရှောင်းကျန့်
"ရှေ့တိုးမလာနဲ့ ခုန်ချလိုက်မှာ"
"ရှောင်းကိုယ်တောင်းပန်ပါတယ်ကိုမှားတယ်နော်ကြိုက်တဲ့အပြစ်ပေးပါ ပြန်ဆင်းလာနော်"
"ခင်များနဲ့ကျန်တော်ရေစက်ကကုန်သွားပီသခင်ကြီးနောက်ဘ၀များရှိခဲ့ရင် ခင်များကိုချစ်တဲ့သူဖစ်ချင်ပါတယ်နျုတ်ဆက်ခဲ့ပါတယ်"
ပြောပီခုန်ချသွားခဲ့သည်။၀မ်ရိပေါ်လဲမျက်စိရှေ့အတွင်းဖစ်ပျက်သွားတာမယုံနိုင်ပဲတွေတွေလေးရပ်နေမိသည်။
"ရှောင်း..!!"

#ဆက်ရန်
#နောက်ပိုင်းတ၀က်လောက်ဆိုနောက်ကြောင်းပြန်ကုန်ပါပီ အချိုတွေလာမယ်နော်ဇာတ်သိမ်းပိုင်းကhappy ending ပါလို့ ဖတ်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် အိုက်နီ💚❤️🦁🐰😘

Until the end🥀(Complete)Where stories live. Discover now