Part-3(ချိုမြိန်တဲ့အနမ်း)

188 15 0
                                    

ဂျောင်ဝန်းလည်းအိပ်ပျော်သွားရော ဘတ်စ်ကားကကားဘီးပေါက်သွားကာ

"ခနလေးနော် ကားဘီးပေါက်သွားလို့"

"ဟာ ကားဆရာကတော့လုပ်ပြီ"

"အိမ်ပြန်ချိန်နောက်ကျနေပြီရှင်"

"မြန်မြန်လေးလုပ်ပါဗျာ"

"စိတ်ချပါစိတ်ချပါ ခနပဲနော်ခနပဲ" လို့ပြောပြီးဘတ်စ်ကားအောက်ကိုဆင်းသွားကာ သူတစ်ယောက်တည်းဆိုတော့ လမ်းမမှာလည်းကူကယ်ရာမဲ့နေတာပေါ့။

ဂျောင်ဝန်းကအိပ်မက်ဆိုးတွေမက်နေပြီး မျက်ရည်တွေကျလာလေရဲ့။မျက်ရည်မြင်ရင်မနေတတ်တဲ့ ဂျုံဆောင်းကသိသွားတော့ နားကြပ်ကိုထုတ်လိုက်ကာ ဂျောင်ဝန်းနားထဲနားကြပ်ထည့်ပေးပြီး အတူတူသီချင်းနားထောင်ကြလေတယ်။

တကယ့်ကိုမှအတွဲတွေအတိုင်းပဲပေါ့။နာရီအနည်းငယ်လည်းကြာကော ကားဆရာပြန်တက်လာပြီး

"အနူးအညွတ်တောင်းပန်ပါတယ်ဗျာ"

"အမလေး နာရီနဲ့တောင်ချီတယ်နော်ကားဆရာရေ"

"ကျွန်တော်လည်းတစ်ယောက်တည်းမို့လို့ပါ နားလည်ပေးကြပါဗျာ"

"ဟုတ်ပါပြီဟုတ်ပါပြီ" လို့အားလုံးကဝိုင်းပြောကြပြီးအိမ်ပြန်ခရီးစဉ်ကိုပြန်လည်စတင်လိုက်လေသည်။ဒီလိုနဲ့မှတ်တိုင်လည်းရောက်ကော ဂျုံဆောင်းကဂျောင်ဝန်းကိုအိမ်အထိလိုက်ပို့ပေးပြီး

"ကောင်းသောညပါဝန်းလေး"
*ခါးကိုကုန်းချလိုက်ပြီး ဂျောင်ဝန်းခေါင်းလေးကိုပုတ်ကာ*

"အဲ့လိုကြီးမပြောပါနဲ့ဗျာ ပိုချစ်မိလိမ့်မယ်"

"လူတွေကနော် အချစ်နဲ့တွေ့ရင်အဲ့လိုပဲထင်တယ်ကြောက်တတ်တဲ့ဂျောင်ဝန်းလေးတောင်စကားတွေတတ်လာတယ်"

*ပြုံးနေကာ*

"ဒါဆိုတာ့တာ အိမ်ထဲသေချာဝင်နော်ကလေး"

"ဟုတ်ကဲ့ပါဗျ"

*အိမ်ပြန်တော့မို့လုပ်တုန်း*

"ဒါနဲ့?"

"ဗျာ?"
*အနောက်ကိုလှည့်ကြည့်၍*

"မနက်ဖြန်အတန်းကိုလာခဲ့မယ် ဂရုစိုက်ပြန်ပါဗျ" လို့ပြောပြီးအိမ်ထဲကိုပြေးဝင်သွားလေသည်။

The Unlimited Loyalty ✓ || Meowz🐈🤍Where stories live. Discover now