"ဝန်းရေ ဝန်းအောက်ဆင်းလာခဲ့ဦး"
"လာပြီကိုယ်"
*အောက်ကိုဆင်းလာကာ*"မနက်စာပြင်ပေးထားတယ် ကျန်းကျန်း"
*စားပွဲပေါ်ကသူ့လက်ရာမနက်စာကိုပြပြီး*"ဝါးးးစားလို့ကောင်းမှာပဲ"
"ဝန်းလေးကပိုစားကောင်းမလားနော်?"
*အနားကိုတိုးလာပြီး အနောက်ကနေခါးကိုဖက်လိုက်ကာ*"သူများတွေမြင်ကုန်မယ်လေ"
"ဘာဂရုစိုက်စရာရှိလို့လဲ?ကိုယ်တို့ကလက်ထပ်ပြီးသားဟာကို"
"ဟုတ်ပါပြီဗျာမနိုင်ပါဘူး"
"ငါ့ဝန်းလေး...ကိုယ်ကအရမ်းချစ်တယ်နော်"
"ပိုပြီးချစ်တယ် ဒါနဲ့ဗိုက်ဆာနေပြီစားရအောင်"
*ချွဲသံလေးဖြင့်*"ဟုတ်ပြီဗျာစားစေ" လို့ပြောပြီးနှစ်ယောက်သားအတူတူမနက်စာထိုင်စားကြကာ
"ကိုယ် ဝန်းကိုခွင့်တောင်းစရာရှိလို့"
"ပြောလေကိုယ်"
"ဟို...ကိုယ့်ကုမ္ပဏီမှာညစာစားပွဲလေးရှိလို့ အဲ့ဒါခွင့်ပြုပေးပါနော်"
*ချွဲသံလေးနဲ့မပြောစဖူးပြောနေပြီး**ရယ်လိုက်ကာ*
"ဘာရယ်တာလဲ?ဟွန့်"
"နောက်တာပါဗျာ ရပါတယ်အဲ့ဒါခွင့်တောင်းစရာမလိုပါဘူး"
"သေချာတယ်နော်?စိတ်မဆိုးဘူးနော်"
"ဆိုးပါဘူးဆို"
*ပျော်သွားတဲ့အသံဖြင့်*
"ဟုတ်ပြီ"
*ခနတာတစ်ခုခုကိုစဉ်းစားလိုက်ပြီး*
"ဒါနဲ့ကိုယ်အဝတ်အစားလဲလိုက်ဦးမယ်""ဟုတ်ပြီဗျ ဒါနဲ့စားလို့ဝရဲ့လားဗျ?"
"ဝပါတယ်ဗျ" လို့ပြောပြီးအခန်းထဲဝင်သွားကာအဝတ်အစားသွားလဲလေရဲ့။ဂျောင်ဝန်းကခိုးပြီး မြန်မြန်ထကာပန်းကန်တွေဆေးနေတာပေါ့။ခနအကြာကျဂျုံဆောင်းတစ်ယောက်အခန်းထဲကထွက်လာပြီး
"ဟော ဘာလို့ပန်းကန်တွေဆေးနေတာလဲ?ကိုယ်ဆေးမှာပေါ့"
"အာ...မဟုတ်တာ အလုပ်လည်းသွားရဦးမယ်ဟာ"
*လက်ကိုခါလိုက်ပြီး ပန်းကန်တွေသိမ်းနေရင်း*"ဒါနဲ့ ကိုယ့်ကိုဒါလေးတစ်ချက်လုပ်ပေးဦးဝန်း"
"ခနခန" လို့ပြောပြီးဂျုံဆောင်းအနားကိုရောက်လာကာ
"ကလေးအတိုင်းပဲ နတ်ကတိုင်မစီးတတ်သေးတာကတော့" လို့ပြောပြီး ခြေဖျားလေးထောက်ကာ နတ်ကတိုင်ကိုသေချာစီးပေးလေတယ်။
"ချစ်စရာလေး ကိုယ့်ဝန်းငယ်လေးက နမ်းခွင့်ပေး" လို့ပြောပြီးပါးစပ်ဆူပြကာ ဂျောင်ဝန်းကပြွတ်ခနဲနမ်းလိုက်၍
"ရပြီလားဗျ?"
"ရပြီဗျ" လို့ပြောတော့ဂျောင်ဝန်းလည်းနတ်ကတိုင်ကိုဆက်စီးပေးလေရဲ့။နတ်ကတိုင်လည်းစီးပေးပြီးကော ဂျုံဆောင်းက
"ကဲကဲ ဒါဆိုကိုယ်အလုပ်သွားတော့မယ်နော်"
"ဟုတ်ပြီဗျ ဖိုက်တင်း"
"ဖိုက်တင်း" လို့ပြောပြီးအလုပ်အိတ်ကိုင်ပြီးထွက်သွားတော့လေတယ်။ဂျောင်ဝန်းလည်းအိမ်မှာလုပ်စရာရှိတာလုပ်နေပြီးကျန်ရစ်နေခဲ့တာပေါ့။
YOU ARE READING
The Unlimited Loyalty ✓ || Meowz🐈🤍
Fanfictionအမေ့သူငယ်ချင်းရဲ့သားကိုတစ်ဖက်သတ်ချစ်မိသွားတဲ့ယန်းဂျောင်ဝန်းဆိုတဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်းလေးကဘာတွေဆက်ဖြစ်လာမလဲ?