ဂျုံဆောင်းကအနောက်ကနေလိုက်လာကာ
"ကိုယ်နေဦးလို့ပြောနေတယ်လေ" လို့ပြောချိန်ပဲဂျုံဆောင်းကိုတစ်ဖက်သတ်ကြိုက်နေတဲ့ကောင်မလေးက ဂျုံဆောင်းကိုမြင်တာနဲ့ပြေးလာပြီးဆွဲခေါ်သွားလေသည်။
"ဘာလုပ်တာလဲ?"
"သွားရအောင်ပြစရာရှိတယ်"
"ဖယ်ဆို" လို့ပြောနေပေမဲ့အတင်းဆွဲတာကြောင့်ပါသွားလေတယ်။ဒီလိုနဲ့ နားချိန်လည်းပြီးကောခရီးဆက်နှင်ကြကာဂျောင်ဝန်းကဂျုံဆောင်းနဲ့အတူတူမထိုင်တော့ပဲ တခြားနေရာထိုင်နေ၍ ပင်လယ်ကိုရောက်ရှိသွားကြလေရဲ့။အားလုံးကပြတင်းပေါက်ကနေကြည့်ကြကာ
"ဝါးးးးးလှလိုက်တာ" လို့ပြောပြီးသဘောကျနေကြတာပေါ့။ကားလည်းရပ်လိုက်ကော ကားပေါ်ကနေပြေးဆင်းကြကာဂျောင်ဝန်းလည်းဆင်းလေသည်။ပင်လယ်ကိုမရောက်တာကြာတဲ့ဂျောင်ဝန်းလေးပျော်ချင်ပေမဲ့လည်း နှလုံးသားကတော့မပျော်နေခဲ့ဘူးပေါ့။
ဒီလိုနဲ့ ဟိုတယ်အခန်းကိုယ်စီကိုယ်စီတွေမှာပစ္စည်းတွေချရပြီး နှစ်ယောက်တစ်ခန်းနေရလေတယ်။ဂျုံဆောင်းနဲ့ဂျောင်ဝန်းတို့တစ်ခန်းတည်းအတူတူကျကြပြီး
"အကိုအခန်းလဲလို့ရတယ်နော်"
*ပစ္စည်းတွေကိုသပ်သပ်ရပ်ရပ်စီနေကာ*
"အကို?"
*လှည့်ကြည့်ပြီး ထလာ၍*
"ကိုယ်နဲ့စကားပြောမယ်"*တံခါးကိုပိတ်ပလိုက်ကာ ပခုံးကိုကိုင်ပြီးကုတင်ပေါ်ထိုင်ခိုင်းလိုက်၍ နူးညံ့တဲ့အသံဖြင့်*
"ကိုယ်ရှင်းပြမယ်နားထောင်ပေးပါနော့်"*ခေါင်းငြိတ်လိုက်ကာ*
"တကယ်တော့ ကိုယ်ကငယ်ငယ်လေးကတည်းကမိဘချင်းစေ့စပ်ပေးထားတဲ့သူရှိခဲ့တယ် သူကဝန်းလေးမြင်ခဲ့တဲ့တစ်ယောက်ပဲ သူကကိုယ့်ကိုငယ်ငယ်လေးကတည်းကသဘောကျနေတာ မေမေကလည်းသူ့ကိုအရမ်းသဘောကျတာ ကိုယ်ကတော့တကယ်သဘောမကျဘူးဝန်း ကိုယ်မင်းကိုပဲ...မင်းကိုပဲချစ်တယ်"
*လက်လေးကိုကိုင်လိုက်ပြီး*"အကို?"
"အော် သဘောကျတယ်ဝန်း ဒါနဲ့လိုက်မယ့်သူကလည်းနော်ထွက်ပြေးနေလို့ပြန်လိုက်နေရတယ်"
YOU ARE READING
The Unlimited Loyalty ✓ || Meowz🐈🤍
Fanfictionအမေ့သူငယ်ချင်းရဲ့သားကိုတစ်ဖက်သတ်ချစ်မိသွားတဲ့ယန်းဂျောင်ဝန်းဆိုတဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်းလေးကဘာတွေဆက်ဖြစ်လာမလဲ?